” ပါပါရာဇီမေလးျခဴးေလးရဲ႕ ေဆးထိုးျခင္းခံလိုက္ရတဲ့ ေအာင္မင္းခန္႔ “

ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး ျခဴးေလးကေတာ့ အစားအေသာက္ေသာင္းက်န္းေနတဲ့ ေအာင္မင္းခန္႔ကို ဗီဒီယိုေလးရိုက္ကာ ေဆးထိုးခဲ့တာလည္းျဖစ္ပါတယ္။ျခဴးေလးနဲ႔ ေအာင္မင္းခန္႔တို႔ကေတာ့ စက္တင္ဘာလ(၂၉)ရက္ေန႔ျဖစ္တဲ့ မေန႔ကညက နိုင္ငံေက်ာ္အနုပညာရွင္မ်ားျဖစ္တဲ့ ေနတိုး၊ပိုင္ျဖိဳးသု၊ဆန္းတိုးနိုင္၊Kညီ၊ခ်ာလီ၊ေနရဲတို႔နဲ႔အတူ ပ်ဥ္းမနားျမိဳ႕မွာ ညစာေဟာ့ေပါ့သြားစားခဲ့ၾကတာလည္းျဖစ္ပါတယ္။ေအာင္မင္းခန္႔တစ္ေယာက္ဟာ နိုင္ငံေက်ာ္အနုပညာရွင္မ်ားနဲ႔အတူ “နိယာမ အလြန္” ရုပ္ရွင္ဇာတ္ကားၾကီးရိုက္ကူးရင္း ေနျပည္ေတာ္၊ပ်ဥ္းမနားျမိဳ႕ေရာက္ရိွေနတာပါ။

ေအာင္မင္းခန္႕နဲ႔ျခဴေလးတို႔ကေတာ့ “ထာ၀ရမႏၱေလး” ရုပ္သံဇာတ္လမ္းတြဲၾကီးမွာ တစ္ျပိဳင္နက္ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာရရိွခဲ့ပါတယ္။သူတို႔(၂)ဦးဟာ သရုပ္ေဆာင္ပိုင္းမွာ ဟာကြက္မရိွေအာင္ အေကာင္းဆံုးၾကိဳးစားသရုပ္ေဆာင္နိုင္ခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ေတြျဖစ္သလို (၂)ဦးသားအတြဲညီညီ သရုပ္ေဆာင္ခဲ့တဲ့ ” ပဥၥလက္ရြာ ” ရုပ္သံဇာတ္လမ္းတြဲၾကီးကေတာ့ ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈကိုရရိွခဲ့ပါတယ္။ ” ပဥၥလက္ရြာ ” ရုပ္သံဇာတ္လမ္းတြဲၾကီးအျပီးမွာေတာ့ လက္ရိွရိုက္ကူးေနတဲ့ “နိယာမအလြန္” ဇာတ္ကားၾကီးက သူတို႔(၂)ဦးရဲ႕ အတြဲညီညီ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ရမည့္ ဇာတ္ကားၾကီးပဲျဖစ္ပါတယ္။

“နိယာမအလြန္” ဇာတ္ကားၾကီးမွာေတာ့ နိုင္ငံေက်ာ္သရုပ္ေဆာင္ေတြျဖစ္တဲ့ ေနတိုး၊ပိုင္းျဖိဳးသုတို႔နဲ႕အတူ ပါ၀င္သရုပ္ေဆာင္ထားတာမို႔ ဘယ္လိုဇာတ္ကားမ်ိဳးလည္းဆိုတာ ပရိသတ္ေတြကေတာ့ ရင္ခုန္စိတ္လႈပ္ရွားေနပါျပီ။ကဲ CeleGabar ပရိသတ္ၾကီးအတြက္ ပါပါရာဇီမေလးျခဴေလး ေအာင္းမင္းခန္႔ကိုေဆးထိုးထားတဲ့ ဗီဒီယိုဖိုင္ေလးကို မွ်ေ၀လိုက္ပါတယ္။

Source: Aung Min Khant
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ပါပါရာဇီမလေးခြူးလေးရဲ့ ဆေးထိုးခြင်းခံလိုက်ရတဲ့ အောင်မင်းခန့် ”

ပရိသတ်အချစ်တော် မင်းသမီးချောလေး ခြူးလေးကတော့ အစားအသောက်သောင်းကျန်းနေတဲ့ အောင်မင်းခန့်ကို ဗီဒီယိုလေးရိုက်ကာ ဆေးထိုးခဲ့တာလည်းဖြစ်ပါတယ်။ခြူးလေးနဲ့ အောင်မင်းခန့်တို့ကတော့ စက်တင်ဘာလ(၂၉)ရက်နေ့ဖြစ်တဲ့ မနေ့ကညက နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ နေတိုး၊ပိုင်ဖြိုးသု၊ဆန်းတိုးနိုင်၊Kညီ၊ချာလီ၊နေရဲတို့နဲ့အတူ ပျဉ်းမနားမြို့မှာ ညစာဟော့ပေါ့သွားစားခဲ့ကြတာလည်းဖြစ်ပါတယ်။အောင်မင်းခန့်တစ်ယောက်ဟာ နိုင်ငံကျော်အနုပညာရှင်များနဲ့အတူ “နိယာမ အလွန်” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရင်း နေပြည်တော်၊ပျဉ်းမနားမြို့ရောက်ရှိနေတာပါ။

အောင်မင်းခန့်နဲ့ခြူလေးတို့ကတော့ “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲကြီးမှာ တစ်ပြိုင်နက်ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပါတယ်။သူတို့(၂)ဦးဟာ သရုပ်ဆောင်ပိုင်းမှာ ဟာကွက်မရှိအောင် အကောင်းဆုံးကြိုးစားသရုပ်ဆောင်နိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်တွေဖြစ်သလို (၂)ဦးသားအတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ ” ပဉ္စလက်ရွာ ” ရုပ်သံဇာတ်လမ်းတွဲကြီးကတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ ” ပဉ္စလက်ရွာ ” ရုပ်သံဇာတ်လမ်းတွဲကြီးအပြီးမှာတော့ လက်ရှိရိုက်ကူးနေတဲ့ “နိယာမအလွန်” ဇာတ်ကားကြီးက သူတို့(၂)ဦးရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမည့် ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

“နိယာမအလွန်” ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ပိုင်းဖြိုးသုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာမို့ ဘယ်လိုဇာတ်ကားမျိုးလည်းဆိုတာ ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။ကဲ CeleGabar ပရိသတ်ကြီးအတွက် ပါပါရာဇီမလေးခြူလေး အောင်းမင်းခန့်ကိုဆေးထိုးထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်။

error: Content is protected !!