“နာေရးကူညီမႈအသင္းကို အလွဴေငြသြားေရာက္လွဴဒါန္းခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္နွင့္Team Sai အဖြဲ႕”

ျပီးခဲ့တဲ့ စက္တင္ဘာလ (၂၈)ရက္ေန႕က စိုင္းစိုင္းခမ္းလႈိင္ႏွင့္ Team Sai အဖြဲ႔သားမ်ားဟာ ဦးေက်ာ္သူ ဥကၠဌအေနနဲ႕ တာဝန္ယူျပီး ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ နာေရးကူညီမႈအသင္း(ရန္ကုန္) ကို အလွဴေငြလာေရာက္လွဴဒါန္းခဲ့တဲ႔ အေၾကာင္းကို ဦးေက်ာ္သူက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။ စိုင္းစိုင္းဟာ ျမန္မာနိုင္ငံရဲ႕ ေအာင္ျမင္မႈအရရွိဆံုး ထိပ္တန္းအနုပညာရွင္တစ္ေယာက္လို႕ ဆိုရေလာက္ေအာင္လည္း ပရိသတ္ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

စိုင္းစိုင္းကို ခ်စ္ခင္ျပီးအားေပးၾကတဲ့ ပရိသတ္ေတြကေတာ့ စိုင္းစိုင္းရဲ႕ ေမြးေန႕ေတြမွာေတာင္မွ အလွဴအတန္းေတြ ျပဳလုပ္ေပးၾကတဲ့အထိကို ခ်စ္ခင္ၾကတာလည္း ျဖစ္ပါတယ္။စိုင္းစိုင္းကိုယ္တိုင္ကလည္း အလွဴအတန္းေတြကို လက္မေနွးဘဲ အျမဲလိုလို လွဴဒါန္းေနေလ့ရွိတာျဖစ္ျပီး သူ႕ရဲ႕ ပရိသတ္ေတြကလည္း အလွဴအတန္းေတြကို အားၾကိဳးမာန္တက္နဲ႔ လုပ္ေဆာင္တတ္ၾကတဲ့ သူေတြလည္း ျဖစ္ပါတယ္။ စိုင္းစိုင္းနဲ႕ သူ႕ရဲ႕ ပရိသတ္ေတြေပါင္းျပီး အကူအညီလိုအပ္ေနတဲ့ ေနရာေတြကို အလွဴအတန္းေတြသြားေရာက္လုပ္ကိုင္တာေတြကလည္း မၾကာခဏဆိုသလို ေတြ႕ေနရတာလည္းျဖစ္ပါတယ္။

လတ္တေလာမွာလည္း အလွဴေငြ(၁,၂၂၀,၀၀၀) (တစ္ဆယ့္ႏွစ္သိန္း ႏွစ္ေသာင္း က်ပ္တိတိ)ကို ရန္ကုန္နာေရးကူညီမႈအသင္းကို သြားရာက္လွဴဒါန္းခဲ့တာျဖစ္ျပီး နာေရးကူညီမႈအသင္းၾကီးရဲ႕ ပရဟိတလုပ္ငန္းမ်ားလုပ္ေဆာင္နိုင္ရန္အတြက္ ရည္ရြယ္လွဴဒါန္းခဲ့တာလို႕လည္း သိရပါတယ္။CeleGabar ပရိသတ္သတ္ၾကီးေရ စိုင္းစိုင္းနဲ႕သူရဲ႕ ပရိသတ္ေတြလွဴဒါန္းတဲ့ မြန္ျမတ္လွေသာ အလွဴေလးအတြက္ သာဓုေခၚသြားေပးပါဦးေနာ္။

Source : Kyaw Thu
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“နာရေးကူညီမှုအသင်းကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နှင့်Team Sai အဖွဲ့”

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက်နေ့က စိုင်းစိုင်းခမ်းလှိုင်နှင့် Team Sai အဖွဲ့သားများဟာ ဦးကျော်သူ ဥက္ကဌအနေနဲ့ တာဝန်ယူပြီး ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို အလှူငွေလာရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကို ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းဟာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအရရှိဆုံး ထိပ်တန်းအနုပညာရှင်တစ်ယောက်လို့ ဆိုရလောက်အောင်လည်း ပရိသတ် အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

စိုင်းစိုင်းကို ချစ်ခင်ပြီးအားပေးကြတဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့ မွေးနေ့တွေမှာတောင်မှ အလှူအတန်းတွေ ပြုလုပ်ပေးကြတဲ့အထိကို ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။စိုင်းစိုင်းကိုယ်တိုင်ကလည်း အလှူအတန်းတွေကို လက်မနှေးဘဲ အမြဲလိုလို လှူဒါန်းနေလေ့ရှိတာဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း အလှူအတန်းတွေကို အားကြိုးမာန်တက်နဲ့ လုပ်ဆောင်တတ်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းနဲ့ သူ့ရဲ့ ပရိသတ်တွေပေါင်းပြီး အကူအညီလိုအပ်နေတဲ့ နေရာတွေကို အလှူအတန်းတွေသွားရောက်လုပ်ကိုင်တာတွေကလည်း မကြာခဏဆိုသလို တွေ့နေရတာလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း အလှူငွေ(၁,၂၂၀,၀၀၀) (တစ်ဆယ့်နှစ်သိန်း နှစ်သောင်း ကျပ်တိတိ)ကို ရန်ကုန်နာရေးကူညီမှုအသင်းကို သွားရာက်လှူဒါန်းခဲ့တာဖြစ်ပြီး နာရေးကူညီမှုအသင်းကြီးရဲ့ ပရဟိတလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းခဲ့တာလို့လည်း သိရပါတယ်။CeleGabar ပရိသတ်သတ်ကြီးရေ စိုင်းစိုင်းနဲ့သူရဲ့ ပရိသတ်တွေလှူဒါန်းတဲ့ မွန်မြတ်လှသော အလှူလေးအတွက် သာဓုခေါ်သွားပေးပါဦးနော်။

Source : Kyaw Thu
Chilli – CeleGabar

error: Content is protected !!