



Source: တန်ဖိုး-ရုပ်ရှင်
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတော့မည့် “တန်ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ”

“တန်ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမည့်အောက်တိုဘာလ (၁၃) ရက်နှင့် (၂၀) ရက်နေ့များတွင် စင်ကာပူနိုင်ငံရှိ Carnival Cineplexes နှင့် Golden Village ရုပ်ရှင်ရုံများတွင် ပြသပေးသွားမည်ကို “တန်ဖိုး ရုပ်ရှင် စင်ကာပူမှာ ပြပြီ။(Tan Boe film will be shown in Singapore)”တန်ဖိုး” ရုပ်ရှင်ကို ကြည့်ချင်နေကြသော စင်ကာပူရှိ မြန်မာလူမျိုးများအတွက် လာမည့်အောက်တိုဘာလ (၁၃) ရက်နှင့် (၂၀) ရက် (တနင်္ဂနွေနေ့များတွင်) Carnival Cineplexes နှင့် Golden Village ရုပ်ရှင်ရုံများတွင် ပြသပေးသွားမှာ ဖြစ်ပါတယ်။” လို့ “တန်ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။

မြန်မာနှင့် ကိုရီးယား အနုပညာရှင်များ ပထမဦးဆုံးအကြိမ် ပူးပေါင်းရိုက်ကူးထားတဲ့ “တန်ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ကချင်တိုင်းရင်းသား ဒါရိုက်တာ ဂျွန်လရော်မှ မြန်မာနိုင်ငံမှာ ပုံဖော်ရိုက်ကူးခဲ့ပြီး Post Production ကိုတော့ ကိုရီးယားနိုင်ငံမှာ (၆)လကြာ အချိန်ယူကာ အစအဆုံး ပြုလုပ်ခဲ့ကြပါတယ်။ထိုရုပ်ရှင် ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊အကယ်ဒမီထွန်းထွန်း၊အကယ်ဒမီအေးမြတ်သူ၊အကယ်ဒမီများရှင် မို့မို့မြင့်အောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံမှာ လူငယ်များရဲ့အနာဂတ်တွေကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ “တန်ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ကိုကြည့်ရှုချင်နေတဲ့ စင်ကာပူကပရိသတ်တွေအတွက်ကတော့ ဝမ်းသာစရာပါပဲနော်။

error: Content is protected !!