” “စပြန္ဆာ” ရုပ္ရွင္ပိုစတာထဲက မိမိက အိမ္ကညီမေလး အျပစ္လုပ္ထားရင္ မ်က္နွာခ်ိဳေသြးတဲ့ရုပ္နဲ႕ တစ္ထပ္ထဲပါ ဆိုတဲ့ ပိုင္ျဖိဳးသု “

ပိုင္ျဖိဳးသုကေတာ့ သူမရဲ႕ မၾကာခင္ရံုတင္ျပသေတာ့မည့္ “စပြန္ဆာ” ရုပ္ရွင္ဇာတ္ကားၾကီးရဲ႕ ပိုစတာတစ္ခုမွ သူရဲ႕ မ်က္နာအမူအယာဟာ ခ်စ္ညီမေလး နိုင္ျဖိဳးဥရဲ႕ အျပစ္လုပ္ထားရင္ မ်က္နွာခ်ိဳေသြးတဲ့ ရုပ္ေလးနဲ႔တူတာကို “ဘယ့္ႏွယ့္ဒီပိုစတာထဲက ေဒၚသုရုပ္က အိမ္ကညီမေဒၚေရႊဥ အျပစ္တစ္ခုခုလုပ္ၿပီးတိုင္း “သာမီးဘာမွမလုပ္ဖူးေနာ္ သာမီးက‌တစ္ေလာကလံုးမွာ အင္ႏိုးအဆင့္ဆံုးေခးေလး”ဆိုၿပီးသူပဲဘာမွအျပစ္မလုပ္ထားတဲ့ရုပ္နဲ႔ မ်က္ရည္ေတြဘူးသီးလံုးေလာက္က်ျပေနတဲ့ရုပ္နဲ႔ တစ္ေထရာတည္းတူေနရတာလဲမသိဘူး ” လို႔ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားပါတယ္။

ပိုင္ျဖိဳးသုကေတာ့ မၾကာမွီရံုတင္ျပေတာ့မည့္ “စပြန္ဆာ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အကယ္ဒမီေနတိုးနဲ႔အတူ သံေယာဇဥ္ၾကီးတဲ့ ေမာင္ႏွမကာရိုက္တာကို အေကာင္းဆံုးသရုပ္ေဖာ္ထားပါတယ္။သူမကေတာ့ အကိုျဖစ္သူ ကို ယံုၾကည္အားကိုးေလးစားျပီး အကိုျဖစ္သူက ေယာက္်ားပိုင္းလံုးျဖစ္ေနတာကို သိလိုက္ရတဲ့ ညီမျဖစ္သူ “စိုးစိုးေ၀” ေနရာမွာ ပါ၀င္သရုပ္ေဆာင္ထားတာလည္းျဖစ္ပါတယ္။လက္​႐ွိမွာ႐ုပ္​႐ွင္​ဇာတ္​ကားႀကီး​ေပါင္​းမ်ားစြာကိုဆက္​တိုက္​႐ိုက္​ကူး​ေနရတဲ့အထိ​ေအာင္​ျမင္​မႈ​ေတြရ႐ွိ​ေနၿပီး​ေတာ့ ခီဇနီး​ေမာင္​ႏွံတို႔နဲ႔​ေတာင္​ဒီႏွစ္​ထဲမွာ ” Now & Ever ” ႐ုပ္​႐ွင္​ဇာတ္​ကားႀကီးကိုဖန္​တီး​ခဲ့ျပီး မၾကာမီမွာ ရံုတင္ျပသေတာ့မွာလည္းျဖစ္ပါတယ္။

Three Girls”႐ုပ္ရွင္ဇာတ္ကားနဲ႔ ပထမဆုံးအကယ္ဒမီဆုကို ထိုက္တန္စြာသိမ္းပိုက္ထားႏိုင္ခဲ့တဲ့ မင္းသမီးေခ်ာေလး ပိုင္ျဖိဳးသုကေတာ့ ဒါရိုက္တာဏၾကီး ဦးစီးျပီး ရိုက္ကူးတဲ့ “မီ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာေတာ့ ပရိသတ္ေတြ အကယ္ဒမီမွန္းရေလာက္တဲ့ အထိ ေအာင္ျမင္မႈရရိွခဲ့ပါတယ္။CeleGabar ပရိသတ္ၾကီးေရ ပိုင္ျဖိဳးသုရဲ႕ “စပြန္ဆာ” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ရံုတင္ျပသေတာ့မွာေနာ္။

Source: Paing Phyo Thu
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” “စပွန်ဆာ” ရုပ်ရှင်ပိုစတာထဲက  မိမိက အိမ်ကညီမလေး အပြစ်လုပ်ထားရင် မျက်နှာချိုသွေးတဲ့ရုပ်နဲ့ တစ်ထပ်ထဲပါ ဆိုတဲ့ ပိုင်ဖြိုးသု ”

ပိုင်ဖြိုးသုကတော့ သူမရဲ့ မကြာခင်ရုံတင်ပြသတော့မည့် “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာတစ်ခုမှ သူရဲ့ မျက်နာအမူအယာဟာ ချစ်ညီမလေး နိုင်ဖြိုးဥရဲ့ အပြစ်လုပ်ထားရင် မျက်နှာချိုသွေးတဲ့ ရုပ်လေးနဲ့တူတာကို “ဘယ့်နှယ့်ဒီပိုစတာထဲက ဒေါ်သုရုပ်က အိမ်ကညီမဒေါ်ရွှေဥ အပြစ်တစ်ခုခုလုပ်ပြီးတိုင်း “သာမီးဘာမှမလုပ်ဖူးနော် သာမီးက‌တစ်လောကလုံးမှာ အင်နိုးအဆင့်ဆုံးခေးလေး”ဆိုပြီးသူပဲဘာမှအပြစ်မလုပ်ထားတဲ့ရုပ်နဲ့ မျက်ရည်တွေဘူးသီးလုံးလောက်ကျပြနေတဲ့ရုပ်နဲ့ တစ်ထေရာတည်းတူနေရတာလဲမသိဘူး ” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

ပိုင်ဖြိုးသုကတော့ မကြာမှီရုံတင်ပြတော့မည့် “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီနေတိုးနဲ့အတူ သံယောဇဉ်ကြီးတဲ့ မောင်နှမကာရိုက်တာကို အကောင်းဆုံးသရုပ်ဖော်ထားပါတယ်။သူမကတော့ အကိုဖြစ်သူ ကို ယုံကြည်အားကိုးလေးစားပြီး အကိုဖြစ်သူက ယောက်ျားပိုင်းလုံးဖြစ်နေတာကို သိလိုက်ရတဲ့ ညီမဖြစ်သူ “စိုးစိုးဝေ” နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုဆက်တိုက်ရိုက်ကူးနေရတဲ့အထိအောင်မြင်မှုတွေရရှိနေပြီးတော့ ခီဇနီးမောင်နှံတို့နဲ့တောင်ဒီနှစ်ထဲမှာ ” Now & Ever ” ရုပ်ရှင်ဇာတ်ကားကြီးကိုဖန်တီးခဲ့ပြီး မကြာမီမှာ ရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။

Three Girls”ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ထိုက်တန်စွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီး ဦးစီးပြီး ရိုက်ကူးတဲ့ “မီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေ အကယ်ဒမီမှန်းရလောက်တဲ့ အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပိုင်ဖြိုးသုရဲ့ “စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသတော့မှာနော်။

 

error: Content is protected !!