
1,402


 

 


 

 


 



 


ယူနီကုတ်ဖြင့်ဖတ်ရန်

သီချင်းတစ်ပုဒ်လုံးကို ငါ့ရည်းစားသေသွားပြီးလို့ မုဒ် (Mood) သွင်းပြီးတော့ သီဆိုခဲ့ရတယ်ဆိုတဲ့ Hazel

The Voice Myanmar မှာပါဝင်ယှဉ်ပြိုင်နေပြီးတော့ ပရိသတ်အားပေးမူကို ပိုင်ဆိုင်ရရှိထားတဲ့ အဆိုကောင်မလေးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံး သီဆိုနိုင်တာကြောင့် ခုဆိုရင် ဖိုင်နယ်အထိ ရောက်ရှိလာတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်လုံးကို ငါ့ရည်းစားသေသွားပြီးလို့ မုဒ် (Mood) သွင်းပြီးတော့ သီဆိုခဲ့ရတယ်ဆိုတာကို CeleGabar မီဒီယာကို ပြောပြခဲ့တာဖြစ်ပါတယ်။

“မုဒ် (Mood) အရမ်းပျောက်တတ်တော့ ပျော်တဲ့ မုဒ် (Mood) ရောက်တတ်တော့ ခုဆိုရမှာက တစ်ပုဒ်လုံးဆွေးရမှာဆိုတော့ သူချစ်သူသေသွားပြီ ဆုံးသွားပြီ ဆိုတော့ သူများတွေသီချင်းဆိုနေလဲ ဒီ မုဒ် (Mood) ပဲထိုင်သွင်းနေတာ။ သူများတွေအားတက်တဲ့သီချင်းတွေဆိုနေရင် ပျော်မှာဆိုးလို့ ငါ့ရည်းစားသေသွားပြီ သေသွားပြီ လို့ပဲတွေးနေရတယ်။ ဒါပေမယ့် ပြိုင်လိုက်တော့ ပြိုင်ခဲ့သမျှထဲမှာ မုဒ် (Mood) အကောင်းဆုံးလို့ယုံကြည့်ထားတယ်။ အကုန်လုံးရဲ့ ရင်ထဲကို ထိမယ်လို့တော့ ထင်ပါတယ်”ဆိုပြီးတော့ ကိုယ်ရည်စား တစ်ယောက်သေတယ်လို့ မုဒ် (Mood) သွင်းပြီးတော့ သီဆိုခဲ့ရတယ်ဆိုတာကို ပြောပြထားတာဖြစ်ပြီးတော့

“မိန်းကလေးဆိုတော့ ဝင်ပြိုင်တည်းက winer ကိုတော့ မှန်းမထားပါဘူး။ final မှာတော့ ပရိသတ်တွေအားပေးရကြိုးနပ်အောင်တော့ ကြိုးစားသွားမှာပါ။ သီချင်းမရွေးရသေးဘူး ဒါပေမယ့်ရမဲ့ သီချင်းကိုတော့ အကောင်းဆုံးဖြစ်အောင်တော့ သီဆိုသွားမှာပါ။ ကြိုးစားမူကိုတော့ ၁၀၀% အာမခံပါတယ်။” ဆိုပြီးတော့လည်း မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် နောက်ဆုံးဖိုင်နယ်မှာတော့ အနိုင်ရရှိဖို့ မမျှော်လင့်ရဲပါဘူး ဆိုတာကိုလည်းဆက်ပြီးတော့ ပြောပြခဲ့ပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ Hazel ဖိုင်နယ်အထိပါအောင် ဆုတောင်းပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source :CG EXclusive