


 


Photo – Chaw Yadanar
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” Surprise မလုပ်တတ် မ Ro တတ်ပေမယ့် သူမ လိုအပ်တာအားလုံးကိုဖြည့်ဆည့်ပေးခဲ့တဲ့ခင်ပွန်းကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ချောရတနာ ”

မော်ဒယ်သရုပ်ဆောင်ချောရတနာကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးမှာ ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းနေတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်လျော့ချပြီးနောက် အရမ်းကိုလှလာတဲ့သူမက Photo Model လည်း ပြန်လုပ်နေခဲ့တာပဲဖြစ်ပါတယ်။ တစ်သားမွေးပြီး တစ်သွေးပိုပိုလှလာတဲ့ မေမေချောရတနာရဲ့ ချစ်ဖို့ကောင်းတဲ့သားလေးနဲ့ သမီးလေးကလည်း ဖေဖေနဲ့မေမေတို့ရဲ့အလှတွေကို အမွေရထားသူလေးတွေပါ။

သူမရဲ့ပျော်စရာကောင်းတဲ့မွေးနေ့လေးမှာ သူမလုပ်ချင်တဲ့ဆန္ဒတွေကို ခင်ပွန်းသည်က အားလုံးဖြစ်အောင်စီစဉ်ပေးထားတာ ကြောင့် သူမအနေနဲ့ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ သူများတွေကို Surprise တွေ Romantic ဆန်တာတွေမလုပ်ပဲ လူကြီးဆန်ဆန်နဲ့ အရာရာဦးဆောင်နိုင်တဲ့ ခင်ပွန်းဖြစ်သူကို ရထားတာလည်း ကံကောင်းတာပဲပေါ့နော်။ ဒီလိုစီစဉ်ပေးတာလဲ လူကြီးဆန်ဆန် Ro တယ်လို့ ပြောလို့ရကောင်းလောက်ပါရဲ့နော်။

မွေးနေ့မှာပျော်ခဲ့ရတဲ့အမှတ်တရလေးတွေကို ” မွေးနေ့မတိုင်ခင်ကိုတောက်လျှောက် ကိုယ်လှူချင်တာတွေသွားချင်တာတွေ အကုန်စီစဉ်ပေးခဲ့တယ် စပရိုက်မတိုက်တက်တာ မရိုတက်တာလေးတစ်ခုပဲ ကျေးကျေးပါကျားကျား ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ Happy Birthday ပါ မေမေချောရတနာရေ။

Photo – Chaw Yadanar
Happy – Cele Gabar

 

error: Content is protected !!