“တရားစခန္းဝင္ေရာက္ေနတဲ့ သင္ဇာဝင့္ေက်ာ္”

အခုေနာက္ပိုင္းေတြမွာ ျမန္မာဝတ္စံုေလးေတြကို အျမဲလိုလို ဝတ္ဆင္လာတာေၾကာင့္ လိမၼာသြားျပီးလားလို႕ ပရိသတ္ေတြရဲ႕ ေမးခြန္းထုတ္ျခင္းကိုခံေနရတဲ့ မင္းသမီးေခ်ာေလးသင္ဇာဝင့္ေက်ာ္ကေတာ့ လတ္တေလာမွာလည္း တရားစခန္းဝင္ေနတာလည္းျဖစ္ပါတယ္။သင္ဇာဟာ ရန္ကုန္တိုင္းေဒသၾကီး ေမွာ္ဘီျမိဳ႕မွာရွိတဲ့ ေအာင္ဇမၺဴေတာရေက်ာင္းတိုက္မွာ တရားစခန္းဝင္ေနတာပါ။ေအာင္ျမင္တဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သင္ဇာဟာ ပြဲအခမ္းအနားေတာ္ေတာ္မ်ားမ်ားကို တက္ေရာက္ရတဲ့ သူတစ္ေယာက္ျဖစ္ျပီး

တခ်ိဳ႕ေသာ ပြဲေတြမွာ ဝတ္ဆင္ခဲ့တဲ့သင္ဇာ႕ရဲ႕ ပြဲတက္ဝတ္စံုေတြဟာ ေခတ္ေရွ႕ေျပးလြန္းလွတာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆို အျပစ္တင္မႈကို ခံရတဲ့ အနုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။သင္ဇာကေတာ့ ဒီလို ဝတ္ဆင္ရတာေတြနဲ႔ ပတ္သက္လို႕ လုပ္ငန္းသေဘာအရဝတ္ဆင္ရတာျဖစ္တယ္လို႕လည္း ျပန္လည္ေျပာၾကားထားပါေသးတယ္။သင္ဇာဟာ ေခတ္ဆန္တဲ့ လူငယ္တစ္ေယာက္ျဖစ္ေပမဲ့လည္း ေနရာေဒသအေပၚမွာမူတည္ျပီး ဝတ္ဆင္တတ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ဟာျမန္မာမိန္းကေလးတစ္ေယာက္ပီပီ မိဘအေပၚသိတက္လိမၼာျပီး ဘာသာတရားကိုင္းရွိဳင္းတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြကရရွိတဲ့ အနုပညာေၾကးေလးေတြနဲ႕ မိဘကို လုပ္ေက်ြးျပဳစုေစာင့္ေရွာက္ေနတဲ့ သမီးလိမၼာေလးပါ။အလွဴအတန္းေတြကိုလည္း မၾကာခဏျပဳလုပ္ေလ့ရွိျပီး တရားစခန္းေတြကိုလည္း အလုပ္ေတြအားရင္ အျမဲလိုလို ဝင္ေရာက္ေနတာလည္းျဖစ္ပါတယ္။CeleGabar ပရိသတ္တို႕ေရ သင္ဇာတစ္ေယာက္ လိမ္လိမ္မာမာနဲ႕ တရားစခန္းဝင္ေနတဲ့ ဗီဒီယိုဖိုင္ေလးကို မွ်ေဝေပးလိုက္ပါတယ္။

Source : ThinZar Wint Kyaw
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“တရားစခန်းဝင်ရောက်နေတဲ့ သင်ဇာဝင့်ကျော်”

အခုနောက်ပိုင်းတွေမှာ မြန်မာဝတ်စုံလေးတွေကို အမြဲလိုလို ဝတ်ဆင်လာတာကြောင့် လိမ္မာသွားပြီးလားလို့ ပရိသတ်တွေရဲ့ မေးခွန်းထုတ်ခြင်းကိုခံနေရတဲ့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာလည်း တရားစခန်းဝင်နေတာလည်းဖြစ်ပါတယ်။သင်ဇာဟာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့မှာရှိတဲ့ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်နေတာပါ။အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သင်ဇာဟာ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်ရတဲ့ သူတစ်ယောက်ဖြစ်ပြီး

တချို့သော ပွဲတွေမှာ ဝတ်ဆင်ခဲ့တဲ့သင်ဇာ့ရဲ့ ပွဲတက်ဝတ်စုံတွေဟာ ခေတ်ရှေ့ပြေးလွန်းလှတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆို အပြစ်တင်မှုကို ခံရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သင်ဇာကတော့ ဒီလို ဝတ်ဆင်ရတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းသဘောအရဝတ်ဆင်ရတာဖြစ်တယ်လို့လည်း ပြန်လည်ပြောကြားထားပါသေးတယ်။သင်ဇာဟာ ခေတ်ဆန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမဲ့လည်း နေရာဒေသအပေါ်မှာမူတည်ပြီး ဝတ်ဆင်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာမြန်မာမိန်းကလေးတစ်ယောက်ပီပီ မိဘအပေါ်သိတက်လိမ္မာပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကရရှိတဲ့ အနုပညာကြေးလေးတွေနဲ့ မိဘကို လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာလေးပါ။အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး တရားစခန်းတွေကိုလည်း အလုပ်တွေအားရင် အမြဲလိုလို ဝင်ရောက်နေတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်တို့ရေ သင်ဇာတစ်ယောက် လိမ်လိမ်မာမာနဲ့ တရားစခန်းဝင်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Source : ThinZar Wint Kyaw
Chilli – CeleGabar

error: Content is protected !!