” လူပ်ိဳႀကီး ျဖစ္ရတဲ့ ဒုကၡဆိုကာ ေစ်းဗန္းခင္းလိုက္တဲ့ စိုင္းစိုင္း “

HipHop အဆိုေတာ္ေတြထဲမွာ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ မသိသူမရွိသေလာက္ပါပဲေနာ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏိုင္တဲ့ ထိပ္တန္းရွားရွားပါးပါးအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အ႐ြယ္မ်ိဳးစုံ အားေပးတဲ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏိုင္ေသာ အႏုပညာရွင္တစ္ဦးလို႔ ဆိုရမွာပါ။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ျဖစ္တာေၾကာင့္ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းခံရတာေတြေတာ့ရွိေပမယ့္ သူ႔ကို Troll တဲ့သူေတြကို ပညာသားပါပါ တုံ႔ျပန္ကာ ပရိသတ္ေတြကို အခ်စ္ကို ပိုမိုတိုးလာေအာင္ ျပဳလုပ္တတ္ပါေသးတယ္ေနာ္။

အဆိုဘက္မွသာမက သ႐ုပ္ေဆာင္အပိုင္းမွာလည္း ဝါသနာပါတဲ့ စိုင္းစိုင္းကေတာ့ ဂီတ႐ုပ္ရွင္လို႔ေတာင္ဆိုရမယ့္ ဂီတနဲ႔ပါင္းစပ္ထားတဲ့ ” ပိေတာက္ကတဲ့ ဂီတ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ မၾကာခင္ကပဲ ႐ိုက္ကူးၿပီးစီးခဲ့တာပါ။ စိုင္းစိုင္းကေတာ့ အခုခ်ိန္ထိ သူ႔ရဲ႕အခ်စ္ေရးကိစၥကို ဖြင့္မေျပာေသးဘဲ တစ္ကိုယ္တည္း လူပ်ိဳႀကီးဘဝနဲ႔ ေနေနတာေၾကာင့္ပရိသတ္ေတြကေတာ့အထူးစိတ္ဝင္စားျခင္းခံရတဲ့သူေတြထဲမွာ စိုင္းစိုင္းအခ်စ္ေရးကေတာ့ထိပ္ဆုံးကပါပဲေနာ္။

လက္ရွိမွာလည္း တစ္ကိုယ္တည္း လူပ်ိဳႀကီးေတြရဲ႕ ခံစားခ်က္ကို ” Show ကျပန္လာၿပီးရင္ ေနာက္ထပ္ သီခ်င္းထပ္ဆိုခ်င္ေနၿပီးေတာ့ Shooting က ျပန္လာၿပီးရင္ ေနာက္ထပ္ ႐ုပ္ရွင္ထပ္႐ိုက္ခ်င္ေနေသးတယ္။ ကြိဳင္ဘဲ….လူပ်ိဳတို႔ရဲ႕ဒုကၡမ်ား ” ဆိုကာ ရင္ဖြင့္ထားတာ ေတြ့ရပါတယ္။ ဒါ့ေၾကာင့္ ပိုစ့္ေအာက္မွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက စိုင္းစိုင္းက ေစ်းဗန္းခင္းေနတယ္ ဆိုတဲ့ မွတ္ခ်က္ေလးေတြနဲ႕ စေနာက္ေနတာလည္းေတြ႕ရပါတယ္။ Cele Gabar ပရိသတ္ႀကီးေတြလည္း စိုင္းစိုင္းလို လူပ်ိဳျဖစ္ရတဲ႕ ဒုကၡကို ခံစားေနရတဲ့ သူေတြရွိရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source :Sai Sai Kham Leng
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” လူပျိုကြီး ဖြစ်ရတဲ့ ဒုက္ခဆိုကာ ဈေးဗန်းခင်းလိုက်တဲ့ စိုင်းစိုင်း ”

HipHop အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။

အဆိုဘက်မှသာမက သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာပါတဲ့ စိုင်းစိုင်းကတော့ ဂီတရုပ်ရှင်လို့တောင်ဆိုရမယ့် ဂီတနဲ့ပါင်းစပ်ထားတဲ့ ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်ကပဲ ရိုက်ကူးပြီးစီးခဲ့တာပါ။ စိုင်းစိုင်းကတော့ အခုချိန်ထိ သူ့ရဲ့အချစ်ရေးကိစ္စကို ဖွင့်မပြောသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေတာကြောင့်ပရိသတ်တွေကတော့အထူးစိတ်ဝင်စားခြင်းခံရတဲ့သူတွေထဲမှာ စိုင်းစိုင်းအချစ်ရေးကတော့ထိပ်ဆုံးကပါပဲနော်။

လက်ရှိမှာလည်း တစ်ကိုယ်တည်း လူပျိုကြီးတွေရဲ့ ခံစားချက်ကို ” Show ကပြန်လာပြီးရင် နောက်ထပ် သီချင်းထပ်ဆိုချင်နေပြီးတော့ Shooting က ပြန်လာပြီးရင် နောက်ထပ် ရုပ်ရှင်ထပ်ရိုက်ချင်နေသေးတယ်။ ကွိုင်ဘဲ….လူပျိုတို့ရဲ့ဒုက္ခများ ” ဆိုကာ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပိုစ့်အောက်မှာ ပရိသတ်တော်တော်များများက စိုင်းစိုင်းက ဈေးဗန်းခင်းနေတယ် ဆိုတဲ့ မှတ်ချက်လေးတွေနဲ့ စနောက်နေတာလည်းတွေ့ရပါတယ်။ Cele Gabar ပရိသတ်ကြီးတွေလည်း စိုင်းစိုင်းလို လူပျိုဖြစ်ရတဲ့ ဒုက္ခကို ခံစားနေရတဲ့ သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Sai Sai Kham Leng
Shwe Poe – CeleGabar

error: Content is protected !!