အေနကဇာတင္ဂါထာကို အသံေနအသံထားနဲ႔ ဌာန္၊ က႐ိုဏ္းက်က် ႐ြတ္ဆိုေနတဲ့ မယ္လိုဒီရဲ႕ သားေလး

ေမေမမယ္လိုဒီကေတာ့ လိမၼာေရးျခားရွိတဲ့ သားေလးကိုပိုင္ဆိုင္ထားရလို႔ စိတ္ေက်နပ္ေနမွာေတာ့ အေသအခ်ာပါပဲ။ ညတိုင္းလဲ ေမေမ့ကို ပဌာန္းအက်ယ္႐ြတ္ခိုင္းၿပီး ကိုယ္တိုင္နာၾကားၿပီးမွ အိပ္တတ္တဲ့ကေလးေလးဟာ မနက္ခင္းဆြမ္းေလာင္းခ်ိန္မွာလည္း အတက္ႂကြဆုံးနဲ႔ သဒၵါထက္သန္ၿပီး သံဃာေတြကိုဆြမ္းေလာင္းလႉခဲ့သူေလးလည္းျဖစ္ပါတယ္။ အဘြားျဖစ္သူနဲ႔အတူ အၿမဲတမ္း တရားနာၿပီး တရားနဲ႔ယဥ္ပါးေနတဲ့ ကေလးေလးမို႔ လိမၼာသိတတ္သူေလးအျဖစ္နဲ႔ ႀကီးျပင္းလာမွာေတာ့ အေသအခ်ာပါပဲ။

ဒီေန႔မွာလည္း သိဒၶိစစ္တစ္ေယာက္ ကားေပၚမွာ ” အေနကဇာတင္ ” ဂါထာကို အသံေနအသံထားနဲပ ဌာန္၊ က႐ိုဏ္းက်က်႐ြတ္ဖတ္ ေနတာေလးကို ေမေမယ္လိုဒီတစ္ေယာက္ Video မွတ္တမ္းတင္ထား တာပဲျဖစ္ပါတယ္။ တရားနဲ႔ေမြ႕ေလ်ာ္သူေလးမို႔ လူယဥ္ေက်းေလး ျဖစ္ၿပီး ဒီအ႐ြယ္ေလးနဲ႔ လူႀကီးတိုင္းေတာင္မရတဲ့ ဘုရားရဲ႕ဂုဏ္ေတာ္ေတြကိုပြားမ်ားတတ္တာ တကယ့္ကိုခ်ီက်ဴးစရာပါ။

သားေလး႐ြတ္ဖတ္ေနတဲ့ Video ေလးကို ” သာသနာ့ေဘာင္ထဲသြင္းရမလား ေက်ာင္းဘဲဆက္ထားရမလား ” ဆိုၿပီး ေမေမမယ္လိုဒီက လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ထူးခြၽန္ထက္ျမက္သူေလးမို႔ ေလာကီအတြက္ေရာ ေလာကုတၱရာအတြက္ေရာ အက်ိဳးျပဳသူေလးျဖစ္မွာေတာ့ ေသခ်ာသေလာက္ပါပဲေနာ္။ သာဓုပါသားေလးေရ။

Video / Photo – Melody Myo
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” အနေကဇာတင်ဂါထာကို အသံနေအသံထားနဲ့ ဌာန်၊ ကရိုဏ်းကျကျ ရွတ်ဆိုနေတဲ့ မယ်လိုဒီရဲ့ သားလေး ”

မေမေမယ်လိုဒီကတော့ လိမ္မာရေးခြားရှိတဲ့ သားလေးကိုပိုင်ဆိုင်ထားရလို့ စိတ်ကျေနပ်နေမှာတော့ အသေအချာပါပဲ။ ညတိုင်းလဲ မေမေ့ကို ပဌာန်းအကျယ်ရွတ်ခိုင်းပြီး ကိုယ်တိုင်နာကြားပြီးမှ အိပ်တတ်တဲ့ကလေးလေးဟာ မနက်ခင်းဆွမ်းလောင်းချိန်မှာလည်း အတက်ကြွဆုံးနဲ့ သဒ္ဒါထက်သန်ပြီး သံဃာတွေကိုဆွမ်းလောင်းလှူခဲ့သူလေးလည်းဖြစ်ပါတယ်။ အဘွားဖြစ်သူနဲ့အတူ အမြဲတမ်း တရားနာပြီး တရားနဲ့ယဉ်ပါးနေတဲ့ ကလေးလေးမို့ လိမ္မာသိတတ်သူလေးအဖြစ်နဲ့ ကြီးပြင်းလာမှာတော့ အသေအချာပါပဲ။

ဒီနေ့မှာလည်း သိဒ္ဓိစစ်တစ်ယောက် ကားပေါ်မှာ ” အနေကဇာတင် ” ဂါထာကို အသံနေအသံထားနဲပ ဌာန်၊ ကရိုဏ်းကျကျ ရွတ်ဖတ်နေတာလေးကို မေမေယ်လိုဒီတစ်ယောက် Video မှတ်တမ်းတင်ထား တာပဲဖြစ်ပါတယ်။ တရားနဲ့မွေ့လျော်သူလေးမို့ လူယဉ်ကျေးလေးဖြစ်ပြီး ဒီအရွယ်လေးနဲ့ လူကြီးတိုင်းတောင်မရတဲ့ ဘုရားရဲ့ဂုဏ်တော်တွေကိုပွားများတတ်တာ တကယ့်ကိုချီကျူး စရာပါ။

သားလေးရွတ်ဖတ်နေတဲ့ Video လေးကို ” သာသနာ့ဘောင်ထဲသွင်းရမလား ကျောင်းဘဲဆက်ထားရမလား ” ဆိုပြီး မေမေမယ်လိုဒီ က လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ထူးချွန်ထက်မြက်သူလေးမို့ လောကီအတွက်ရော လောကုတ္တရာအတွက် ရော အကျိုးပြုသူလေးဖြစ်မှာတော့ သေချာသလောက်ပါပဲနော်။ သာဓုပါသားလေးရေ။

Video / Photo – Melody Myo
Happy – Cele Gabar

error: Content is protected !!