” အတိတ္ကအေၾကာင္းအရာေတြကို ဂရုမစိုက္ဘဲ အနာဂတ္ကိုပဲ အားထည့္ထားတယ္ ဆိုတဲ့ ေရႊအိမ္စည္ “

ေ႐ႊအိမ္စည္ဟာ Miss Supranational Myanmar ( 2018 ) မွာ Winner ဆုကိုရရွိခဲ့တဲ့ အလွမယ္တစ္ဦးပါ ။ေယာက်ာ္းေလးေတြသာမက မိန္းကေလးခ်င္းကပါအားေပးခ်စ္ခင္ျခင္းခံရတဲ့ အလွမယ္ေလးတစ္ဦးျဖစ္တဲ့အျပင္ အိမ္စည့္မ်က္ႏွာေပါက္ဟာ ႏိုင္ငံျခားသူမ်က္ႏွာေပါက္မ်ိဳးျဖစ္ၿပီး ယုံၾကည္ရဲရင့္ကာ သြက္လက္လြန္းတဲ့ သူေလးလို႕ ဆိုရမွာပါ။ ငယ္ငယ္တည္းကႏိုင္ငံျခားမွာေနခဲ့တဲ့သူ ျဖစ္တာေၾကာင့္ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေနရတာ ႏွစ္သက္တဲ့သူေလးလို႕လည္း သိရပါတယ္။

မၾကာေသးမီကလည္း AR T ရဲ႕ ” Broken Paradise ” သီခ်င္း MTV ေလးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ ပရိသတ္ေတြအႀကိဳက္ေတြ႕ေစခဲ့တဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ခဲ့ တဲ့အျပင္ အိမ္စည္ရဲ႕ အံ့ၾသစရာေကာင္းတဲ့ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ခဲ့ရတာပါေနာ္။ခပ္မိုက္မိုက္နဲ႕ Strong ျဖစ္တဲ့ အိမ္စည္ရဲ႕ သရုပ္ေဆာင္ခ်က္ေတြကို ခ်စ္တဲ့ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ေစာင့္စားေန ၾကတာလို႕ ေျပာရမွာပါ။ဒီႏွစ္အတြင္းမွာလည္း အိမ္စည္ရုိက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားေတြ ရွိလာတာေၾကာင့္ ေမွ်ာ္လင့္ေနတဲ့ ပရိသတ္ေတြအတြက္ ဝမ္းသာစရာပါပဲေနာ္။

အိမ္စည့္ကို ခ်စ္သူခင္သူေတြ အမ်ားအျပားရွိေနေပမယ့္လည္း ေဝဖန္တိုက္ခိုက္သူေတြလည္းအမ်ားအျပားရွိေနၾကပါေသးတယ္။ ဒါေပမယ့္ အိမ္စည္ကေတာ့ ေဝဖန္ေနသူေတြ ဂရုမစိုက္ဘဲ သူမကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ပဲ အားစိုက္ကာ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ေနတတ္သူေလးလို႔ ဆိုရမွာပါ။ လက္ရွိမွာလည္း သူမရဲ႕ခံယူခ်က္ထဲက တစ္ခုျဖစ္တဲ့ ” အတိတ္မွာ နစ္မြန္းေနတဲ့သူက အနာဂတ္ေကာင္းတစ္ခုကိုရလာမွာ မဟုတ္ဘူး။ That’s why always focus on the future ” ဆိုကာ ဘဝမွာ အတိတ္ကအရာေတြကို ျပန္လွည့္ၾကည့္ေနစရာမလိုဘူးဆိုတဲ့ အေတြးေလးကို သူ႕ရဲ႕ပရိသတ္ေတြကို သူမလူမႈကြန္ရက္စာမ်က္ႏွာကေန ရင္ဖြင့္ေျပာျပခဲ့တာပါ။ CeleGabar ပရိသတ္ႀကီးေရာ အိမ္စည္နဲ႕ ရင္ဘတ္ခ်င္းနီးရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Shwe Eain Si
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အတိတ်ကအကြောင်းအရာတွေကို ဂရုမစိုက်ဘဲ အနာဂတ်ကိုပဲ အားထည့်ထားတယ် ဆိုတဲ့ ရွှေအိမ်စည် ”

ရွှေအိမ်စည်ဟာ Miss Supranational Myanmar ( 2018 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပါ ။ယောကျာ်းလေးတွေသာမက မိန်းကလေးချင်းကပါအားပေးချစ်ခင်ခြင်းခံရတဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့အပြင် အိမ်စည့်မျက်နှာပေါက်ဟာ နိုင်ငံခြားသူမျက်နှာပေါက်မျိုးဖြစ်ပြီး ယုံကြည်ရဲရင့်ကာ သွက်လက်လွန်းတဲ့ သူလေးလို့ ဆိုရမှာပါ။ ငယ်ငယ်တည်းကနိုင်ငံခြားမှာနေခဲ့တဲ့သူ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေရတာ နှစ်သက်တဲ့သူလေးလို့လည်း သိရပါတယ်။

မကြာသေးမီကလည်း AR T ရဲ့ ” Broken Paradise ” သီချင်း MTV လေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ တဲ့အပြင် အိမ်စည်ရဲ့ အံ့သြစရာကောင်းတဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို မြင်တွေ့ခဲ့ရတာပါနော်။ခပ်မိုက်မိုက်နဲ့ Strong ဖြစ်တဲ့ အိမ်စည်ရဲ့ သရုပ်ဆောင်ချက်တွေကို ချစ်တဲ့ပရိသတ်တွေကလည်း မျှော်လင့်စောင့်စားနေ ကြတာလို့ ပြောရမှာပါ။ဒီနှစ်အတွင်းမှာလည်း အိမ်စည်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေ ရှိလာတာကြောင့် မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာပါပဲနော်။

အိမ်စည့်ကို ချစ်သူခင်သူတွေ အများအပြားရှိနေပေမယ့်လည်း ဝေဖန်တိုက်ခိုက်သူတွေလည်းအများအပြားရှိနေကြပါသေးတယ်။ ဒါပေမယ့် အိမ်စည်ကတော့ ဝေဖန်နေသူတွေ ဂရုမစိုက်ဘဲ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်ပဲ အားစိုက်ကာ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတတ်သူလေးလို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သူမရဲ့ခံယူချက်ထဲက တစ်ခုဖြစ်တဲ့ ” အတိတ်မှာ နစ်မွန်းနေတဲ့သူက အနာဂတ်ကောင်းတစ်ခုကိုရလာမှာ မဟုတ်ဘူး။ That’s why always focus on the future ” ဆိုကာ ဘဝမှာ အတိတ်ကအရာတွေကို ပြန်လှည့်ကြည့်နေစရာမလိုဘူးဆိုတဲ့ အတွေးလေးကို သူ့ရဲ့ပရိသတ်တွေကို သူမလူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ပြောပြခဲ့တာပါ။ CeleGabar ပရိသတ်ကြီးရော အိမ်စည်နဲ့ ရင်ဘတ်ချင်းနီးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Shwe Eain Si
Shwe Poe – CeleGabar

x