” လူၾကိဳက္အမ်ားဆံုးသီခ်င္းျဖစ္လာတဲ့ AR-T နဲ႔ Two Popetorn တို႕ရဲ႕ “Thinkin Bout You Now” “

ႏွစ္ႏိုင္ငံ Collaborate လုပ္ထားတဲ့ ‘Shake The World’ ရဲ႕ ေလးပုဒ္ေျမာက္ အခ်စ္သီခ်င္းေလး ျဖစ္တဲ့ “Thinkin Bout You Now” ဆိုတဲ့ သီခ်င္းေလးကေတာ့ JOOX ရဲ႕ Myanmar Top 100 Chart တြင္ နံပါတ္(၁)ေနရာကို ေရာက္ရိွတဲ့အထိ ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရိွထားပါတယ္။ထိုသီခ်င္းေလးကေတာ့ ျမန္မာႏိုင္ငံ ႏွင့္ ထိုင္း ႏိုင္ငံမွ နာမည္ႀကီးတဲ့ အဆိုေတာ္ေတြ ျဖစ္ၾကတဲ့ AR-T နဲ႔ Two Popetorn တို႔က အတြဲညီညီ သီဆိုထားတဲ့ စိတ္ကူးယဥ္ဆန္ဆန္ အခ်စ္သီခ်င္းေလးတစ္ပုဒ္ပဲျဖစ္ပါတယ္။

R&Bနဲ႕Pop သီခ်င္းေတြကို ျမဴးျမဴးၾကြၾကြသီဆိုေလ့ရိွတဲ့ အားတီနဲ႔အတူ ပူေပါင္းဖန္းတီးထားတဲ့ Two Popetorn ကေတာ့ ပရိသတ္ေတြရင္းနွီးျပီးသားျဖစ္တဲ့ “I Fine Thank You” ဆိုတဲ့ ထိုင္းဇာတ္ကားေလးထဲက မင္သားေလးပဲျဖစ္ပါတယ္။ဒီသီခ်င္းကေတာ့ ျမန္မာ၊ထိုင္း(၂)နိုင္ငံက နာမည္ၾကီး အနုပညာရွင္ေတြ ေပါင္းစပ္သီဆိုထားတဲ့ Shark Tha World သီခ်င္းအယ္လ္ဘမ္ထဲက ေလးပုဒ္ေျမာက္သီခ်င္းပဲျဖစ္ပါတယ္။AR-Tကေတာ့ အႏုပညာေလာကမွာ သီခ်င္းေတြကို ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုတတ္သူတစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္မႈပန္းတိုင္ကို ဆြတ္ခူးရရွိေနသူတစ္ေယာက္ပါ။ AR-Tရဲ႕ သီခ်င္းေတြက ပရိသတ္ေတြရဲ႕ရင္ကို ထိေစခဲ့တာေၾကာင့္ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတာလို႔လည္း ဆိုႏိုင္ပါတယ္။

လူငယ္ေတြပါးစပ္ဖ်ားမွာ အျပည့္အဝေနရာယူထားႏိုင္သူ တစ္ေယာက္ျဖစ္တဲ့ AR-Tကေတာ့ ေနာက္ထပ္ သီခ်င္းအသစ္ေလးတစ္ပုဒ္နဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ကို ထပ္မံသိမ္းပိုက္ေတာ့မွာပါ။ အဲဒီသီခ်င္းေလးကေတာ့ “မ်က္ရည္မက်ေၾကး” ဆိုတဲ့ သီခ်င္းေလးပဲျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို ပရိသတ္အခ်စ္ေတာ္၊ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ဂ်ဴဝယ္လ္နဲ႔အတူ အေကာင္းဆုံးေဖ်ာ္ေျဖထားပါတယ္။CeleGabar ပရိသတ္ၾကီးေရ AR-T နဲ႔ Two Popetorn တို႕ရဲ႕ “Thinkin Bout You Now” နားဆင္ျပီးၾကျပီလား။

Source: JOOX Myanmar
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” လူကြိုက်အများဆုံးသီချင်းဖြစ်လာတဲ့ AR-T နဲ့ Two Popetorn တို့ရဲ့ “Thinkin Bout You Now” ”

နှစ်နိုင်ငံ Collaborate လုပ်ထားတဲ့ ‘Shake The World’ ရဲ့ လေးပုဒ်မြောက် အချစ်သီချင်းလေး ဖြစ်တဲ့ “Thinkin Bout You Now” ဆိုတဲ့ သီချင်းလေးကတော့ JOOX ရဲ့ Myanmar Top 100 Chart တွင် နံပါတ်(၁)နေရာကို ရောက်ရှိတဲ့အထိ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။ထိုသီချင်းလေးကတော့ မြန်မာနိုင်ငံ နှင့် ထိုင်း နိုင်ငံမှ နာမည်ကြီးတဲ့ အဆိုတော်တွေ ဖြစ်ကြတဲ့ AR-T နဲ့ Two Popetorn တို့က အတွဲညီညီ သီဆိုထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် အချစ်သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

R&Bနဲ့Pop သီချင်းတွေကို မြူးမြူးကြွကြွသီဆိုလေ့ရှိတဲ့ အားတီနဲ့အတူ ပူပေါင်းဖန်းတီးထားတဲ့ Two Popetorn ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ “I Fine Thank You” ဆိုတဲ့ ထိုင်းဇာတ်ကားလေးထဲက မင်သားလေးပဲဖြစ်ပါတယ်။ဒီသီချင်းကတော့ မြန်မာ၊ထိုင်း(၂)နိုင်ငံက နာမည်ကြီး အနုပညာရှင်တွေ ပေါင်းစပ်သီဆိုထားတဲ့ Shark Tha World သီချင်းအယ်လ်ဘမ်ထဲက လေးပုဒ်မြောက်သီချင်းပဲဖြစ်ပါတယ်။AR-Tကတော့ အနုပညာလောကမှာ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနေသူတစ်ယောက်ပါ။ AR-Tရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလို့လည်း ဆိုနိုင်ပါတယ်။

လူငယ်တွေပါးစပ်ဖျားမှာ အပြည့်အဝနေရာယူထားနိုင်သူ တစ်ယောက်ဖြစ်တဲ့ AR-Tကတော့ နောက်ထပ် သီချင်းအသစ်လေးတစ်ပုဒ်နဲ့ ပရိသတ်တွေရဲ့အချစ်ကို ထပ်မံသိမ်းပိုက်တော့မှာပါ။ အဲဒီသီချင်းလေးကတော့ “မျက်ရည်မကျကြေး” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို ပရိသတ်အချစ်တော်၊နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂျူဝယ်လ်နဲ့အတူ အကောင်းဆုံးဖျော်ဖြေထားပါတယ်။CeleGabar ပရိသတ်ကြီးရေ AR-T နဲ့ Two Popetorn တို့ရဲ့ “Thinkin Bout You Now” နားဆင်ပြီးကြပြီလား။

error: Content is protected !!