



Source : Athen Cho Swe
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“တတိယမြောက် အိပ်မက်လေး ပြည့်မြောက်သွားပြီဆိုတဲ့ အေသင်”

ပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင် အေသင်ချိုဆွေကတော့ လတ်တလောမှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အေသင် ဖြစ်ချင်တဲ့ အိပ်မက်လေး (၃)ခုထဲက တတိယမြောက်အိပ်မက်လေးပြည့်မြောက်သွားပြီလို့ ဖော်ပြလာတာပဲဖြစ်ပါတယ်။အေသင်ဟာ အသက်(၃၀)မပြည့်ခင်မှာ အိပ်မက်လေး (၃)ခုကို အကောင်း အထည်ဖော်နိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတာလို့လည်း ပြောပြထားပါသေးတယ်။အေသင့်ရဲ့အိပ်မက်လေး (၃)ခုထဲက တတိယမြောက်အိပ်မက်လေးဖြစ်တဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်တဲ့ အိပ်မက်လေးကတော့ ပြည့်မြောက်သွားတဲ့ အကြောင်းကိုတော့

“နည်းနည်းကြွားမယ်နော် (အယ့်လယ်) ကျွန်မမှာအိပ်မက် (၃)ခုရှိတယ်။ အဲ့ဒီ(၃)ခုကို ကျွန်မ အသက် (၃၀) မပြည့်ခင်မှာ အကောင်အထည်ဖော်နိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတယ်။ အဲ့ထဲက တတိယမြောက်အိပ်မက် ဖြစ်တဲ့ ကျွန်မမက်တာက ပြီးပြည့်စုံတဲ့အိမ်တလုံးပဲ”လို့ သူမရဲ့ အိပ်မက်လေးနဲ့ပတ်သက်ပြီး ပြောပြထားတာပဲဖြစ်ပါတယ်။အေသင်က သူဆိုလိုတဲ့ ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးဆိုတာဟာလည်း “ကြီးကျယ်ခမ်းနားစရာမလိုဘူး။ အိမ်ထဲဝင်လိုက်တာနဲ့ နွေးထွေးမှုအပြည့်နဲ့ ကိုယ့်ကို စောင့်ကြိုနေတဲ့ နေချင်စရာအိမ်လေးဖြစ်ရင်ရပြီ။”လို့လည်းဖော်ပြထားပါသေးတယ်။

လက်ရှိမှာတော့ အေသင်ဟာ Single Motherတစ်ယောက်အနေနဲ့ ရပ်တည်နေပြီး အေသင့်ရဲ့ သမီးလေး ဖြစ်တဲ့ အိုင်ဗီလေးဟာ ဆိုရင်လည်း ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားတဲ့ ကလေးလေးတစ်ယောက်လို့ဆိုရမှာပါ။Single Mother တစ်ယောက်အနေနနဲ့ ခက်ခက်ခဲခဲရပ်တည်နေပြီး အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ဆောင်နိုင်တဲ့ အေသင့်ရဲ့ ကြိုးစားမှုနဲ့ ရဲရင့်မှုတွေအတွက် CeleGabar ပရိသတ်ကြီးက ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။

Source : Athen Cho Swe
Chilli – CeleGabar

x