ပရိသတ္ေတြၾကားေ၀ဖန္မွုမ်ားေစခဲ့တဲ့ Goo Hye Sun ရဲ႕အင္စတာဂရမ္ကအျပဳအမူ

စံျပသတ္မွတ္ထားတဲ့ ေတာင္ကိုရီးယားအႏုပညာရွင္(၂) ဦးျဖစ္တဲ့ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔စံုတြဲဟာ ကြာရွင္းျပတ္စဲၾကဖို႔အတြက္ျပင္ဆင္ေနၾကျပီျဖစ္တာကိုသိၾကမွာပါ။မင္းသမီးဟာ အႏုပညာအရည္အခ်င္းျပည့္၀တဲ့ ေတာင္ကိုရီးယားရဲ႕နာမည္ၾကီးအႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ မထင္မွတ္ထားတဲ့သူတို႔ႏွစ္ဦးရဲ႕လမမ္းခြဲျပတ္စဲမွုမွာဆိုရင္ မင္းသမီးဘက္ကေန အတြင္းေရး ေတာ္ေတာ္မ်ားမ်ားကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာခဲ့ပါတယ္။


မေျပာသင့္တဲ့တခ်ိဳ႕ေသာအေၾကာင္းအရာေတြအပါအ၀င္ ခင္ပြန္းျဖစ္သူဟာ တြဲဖက္မင္းသမီးတစ္လက္နဲ႔ေဖာက္ျပန္ေနတယ္လို႔ေတာင္စြပ္စြဲေျပာဆိုခဲ့တာပါ။ဒီကိစၥန႔ဲပတ္သက္ျပီး သက္ေသအခိုင္အမာရွိတယ္လို႔လည္းေျပာထားပါေသးတယ္။တစ္ဖတ္သတ္ဆန္တဲ့အျပဳအမူေတြကိုလုပ္ေနတယ္ဆိုျပီးေ၀ဖန္သူေတြရွိေနသလို စိတ္ပိုင္းဆိုင္ရာအေျခအေနကသာမန္မဟုတ္ဘူးလို႔ ေျပာတဲ့သူေြလည္းရွိပါတယ္။ဒီရက္ပိုင္းမွာေတာ့မင္းသမီးဟာ အင္စတာဂရမ္မွာ ပိုစ့္တစ္ခုတင္ခဲ့ပါတယ္။အဲ့ဒီပိုစ့္မွာဓာတ္ပံု (၂) ခုပါ၀င္ျပီး တစ္ပံုကေတာ့ လ်ွာတစ္လစ္ထုတ္ထားကာ ေနာက္ေျပာင္ေနတဲ့ ပံုစံမ်ိဴးျဖစ္ပါတယ္။

ဒီပံုနဲ႔ပတ္သက္ျပီး ပရိသတ္ေတြက “ေၾကာက္စရာေကာင္းမေနဘူးလား?” “စိတ္ေကာပံုမွန္ဟုတ္ရဲ႕လား” စသျဖင့္ ေ၀ဖန္ေနၾကပါျပီ။လက္ရွိအခ်ိန္မွာလည္းတရားစြဲဆိုဖို႔အတြက္ အျပန္အလွန္ျပင္ဆင္ေနတဲ့ ဒီစံုတြဲနဲ႔ပတ္သက္ျပီး စိတ္၀င္စားမွုျမင့္တက္ေနတာပါ။

ဒါေပမဲ့လည္း Goo Hye Sun ကေတာ့ စာအုပ္အသစ္နဲ႔သီခ်င္းအသစ္ကို ပရိုမိုးရွင္းလုပ္ဖို႔အတြက္ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေကြားဝေဖန်မှုများစေခဲ့တဲ့ Goo Hye Sun ရဲ့အင်စတာဂရမ်ကအပြုအမူ
စံပြသတ်မှတ်ထားတဲ့ တောင်ကိုရီးယားအနုပညာရှင်(၂) ဦးဖြစ်တဲ့ Goo Hye Sun နဲ့ Ahn Jae Hyun တို့စုံတွဲဟာ ကွာရှင်းပြတ်စဲကြဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်တာကိုသိကြမှာပါ။မင်းသမီးဟာ အနုပညာအရည်အချင်းပြည့်ဝတဲ့ တောင်ကိုရီးယားရဲ့နာမည်ကြီးအနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့သူတို့နှစ်ဦးရဲ့လမမ်းခွဲပြတ်စဲမှုမှာဆိုရင် မင်းသမီးဘက်ကနေ အတွင်းရေး တော်တော်များများကို လူသိရှင်ကြားထုတ်ဖော်ပြောခဲ့ပါတယ်။


မပြောသင့်တဲ့တချို့သောအကြောင်းအရာတွေအပါအဝင် ခင်ပွန်းဖြစ်သူဟာ တွဲဖက်မင်းသမီးတစ်လက်နဲ့ဖောက်ပြန်နေတယ်လို့တောင်စွပ်စွဲပြောဆိုခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေအခိုင်အမာရှိတယ်လို့လည်းပြောထားပါသေးတယ်။တစ်ဖတ်သတ်ဆန်တဲ့အပြုအမူတွေကိုလုပ်နေတယ်ဆိုပြီးဝေဖန်သူတွေရှိနေသလို စိတ်ပိုင်းဆိုင်ရာအခြေအနေကသာမန်မဟုတ်ဘူးလို့ ပြောတဲ့သူေွလည်းရှိပါတယ်။ဒီရက်ပိုင်းမှာတော့မင်းသမီးဟာ အင်စတာဂရမ်မှာ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။အဲ့ဒီပိုစ့်မှာဓာတ်ပုံ (၂) ခုပါဝင်ပြီး တစ်ပုံကတော့ လျှာတစ်လစ်ထုတ်ထားကာ နောက်ပြောင်နေတဲ့ ပုံစံမျိူးဖြစ်ပါတယ်။

ဒီပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေက “ကြောက်စရာကောင်းမနေဘူးလား?” “စိတ်ကောပုံမှန်ဟုတ်ရဲ့လား” စသဖြင့် ဝေဖန်နေကြပါပြီ။လက်ရှိအချိန်မှာလည်းတရားစွဲဆိုဖို့အတွက် အပြန်အလှန်ပြင်ဆင်နေတဲ့ ဒီစုံတွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်တက်နေတာပါ။ဒါပေမဲ့လည်း Goo Hye Sun ကတော့ စာအုပ်အသစ်နဲ့သီချင်းအသစ်ကို ပရိုမိုးရှင်းလုပ်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

x
error: Content is protected !!