သူမရဲ႕သားသမီးေတြကိုျပဳစုေပးေနတဲ့ ဝန္ထမ္းေတြအတြက္ လစာအျပင္ေဘာက္ဆူးေတြပါ ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ ေရာက္ရာအရပ္ကလူတိုင္းကို ေပ်ာ္႐ႊင္ေအာင္လုပ္တတ္ပါေသးတယ္။ သူမရဲ႕ဝမ္းမနာ သားသမီးေလးေတြကိုေစာင့္ေရွာက္ဖို႔အတြက္ ေဂဟာေလးကိုဖြင့္လွစ္ထားၿပီး ဝန္ထမ္းေတြခန႔္အပ္ထားတာပဲျဖစ္ပါတယ္။ ေဂဟာမွာ လည္း ဝန္ထမ္းေတြအတြက္ေဘာက္ဆူးဆိုၿပီး မွန္ပုံေလးနဲ႔ထားထားၿပီး လာလည္တဲ့ဧည့္သည္ေတြကလည္း လႉတန္းသြားၾကတာမို႔ သူမကဒီေငြေလးကို ဝန္ထမ္းေတြအတြက္ ျပန္လည္ခြဲေဝေပးခဲ့ပါတယ္။

ေပ်ာ္စရာေကာင္းတဲ့အခိုက္အတန႔္ေလဟာ တကယ့္ကိုၾကည္ၾကည္ႏူးႏူးပါပဲ။ သူမရဲ႕သားသမီးေလး ေတြကို ေစာင့္ေရွာက္ေပးသူေတြမို႔ သူမကအခုလိုလုပ္ေပးတယ္လို႔ဆိုပါတယ္။ စိတ္ေစတနာ ေကာင္းလြန္းတဲ့ မင္းသမီးရဲ႕လုပ္ရပ္တိုင္းဟာ ေမတၱာေတြအျပည့္နဲ႔ပါ။ သူမရဲ႕သားသမီးေလးေတြကို ေစတနာထားျပီးေစာင့္ေရွာက္ေပးတာေၾကာင့္ သူမကလည္းျပန္ျပီးေမတၱာထားခဲ့တာပဲ ျဖစ္ပါတယ္။ ေဘာက္ဆူးရတဲ့ ဝန္ထမ္းေတြရဲ႕ ၿပဳံးေပ်ာ္ေနပုံေလးေတြကလည္း တကယ့္ကိုေက်နပ္စရာပါ။

 

ဒီလိုေပ်ာ္စရာပုံရိပ္ေလးေတြကို ” တလတခါ လစာထုတ္ေပးတိုင္း ဝန္ထမ္းေတြအတြက္ အပိုေဘာက္ဆူးမ်ားေပးတဲ့ထုံးစံအတိုင္း ဒီလမွာေတာ့ၿပီးခဲ့တဲ့လကလိုတေယာက္ထဲကိုမရေစပဲ. ဗလာမပါကံစမ္းမဲမ်ားလုပ္ၿပီး မဲေဖာက္ေပးခဲ့ပါတယ္ ဒီလဝန္ထမ္းေဘာက္ဆူး မွန္ပုံးစုစုေပါင္း ၁၂၅,၆၀၀ရရွိပါတယ္ နည္းသည္မ်ားသည္မဟုတ္ပဲ က်မေဂဟာေရာက္တိုင္းလည္း ဝန္ထမ္းေဘာက္ဆူး မွန္ပုံးေလးထဲ ကိုထည့္ေပးတယ္ ေဂဟာကိုလာတဲ့အလႉရွင္ေတြကလည္း ထည့္ေပးၾကတဲ့အတြက္အခုလို က်မရဲ႕ဝန္ထမ္းေတြကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္တာပါ က်မရဲ႕သားသမီးေတြအေပၚေစတနာေမတၱာတရားအျပည့္ျဖင့္ျပဳစုေစာင့္ေရွာက္ေပးတဲ့အတြက္ ဝန္ထမ္းမ်ားအားလုံး ကိုခ်စ္ပါတယ္လို႔ေျပာခ်င္ပါတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Khine Hnin Wai
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” သူမရဲ့သားသမီးတွေကိုပြုစုပေးနေတဲ့ ဝန်ထမ်းတွေအတွက် လစာအပြင်ဘောက်ဆူးတွေပါ ပေးခဲ့တဲ့ ခိုင်နှင်းဝေ ”

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ ရောက်ရာအရပ်ကလူတိုင်းကို ပျော်ရွှင်အောင်လုပ်တတ်ပါသေးတယ်။ သူမရဲ့ ဝမ်းမနာသားသမီးလေးတွေကိုစောင့်ရှောက်ဖို့အတွက် ဂေဟာလေးကိုဖွင့်လှစ်ထားပြီး ဝန်ထမ်းတွေခန့်အပ်ထားတာပဲဖြစ်ပါတယ်။ ဂေဟာမှာလည်း ဝန်ထမ်းတွေအတွက်ဘောက်ဆူးဆိုပြီး မှန်ပုံလေးနဲ့ထားထားပြီး လာလည်တဲ့ဧည့်သည်တွေကလည်း လှူတန်း သွားကြတာမို့ သူမကဒီငွေလေးကို ဝန်ထမ်းတွေအတွက် ပြန်လည်ခွဲဝေပေးခဲ့ပါတယ်။

ပျော်စရာကောင်းတဲ့အခိုက်အတန့်လေဟာ တကယ့်ကိုကြည်ကြည်နူးနူးပါပဲ။ သူမရဲ့သားသမီးလေး တွေကို စောင့်ရှောက်ပေးသူ တွေမို့ သူမကအခုလိုလုပ်ပေးတယ်လို့ဆိုပါတယ်။ စိတ်စေတနာ ကောင်းလွန်းတဲ့ မင်းသမီးရဲ့လုပ်ရပ်တိုင်းဟာ မေတ္တာတွေ အပြည့်နဲ့ပါ။ သူမရဲ့သားသမီးလေးတွေကို စေတနာထားပြီးစောင့်ရှောက်ပေးတာကြောင့် သူမကလည်းပြန်ပြီးမေတ္တာထားခဲ့တာပဲ ဖြစ်ပါတယ်။ ဘောက်ဆူးရတဲ့ ဝန်ထမ်းတွေရဲ့ ပြုံးပျော်နေပုံလေးတွေကလည်း တကယ့်ကိုကျေနပ်စရာပါ။

ဒီလိုပျော်စရာပုံရိပ်လေးတွေကို ” တလတခါ လစာထုတ်ပေးတိုင်း ဝန်ထမ်းတွေအတွက် အပိုဘောက်ဆူးများပေးတဲ့ထုံးစံအတိုင်း ဒီလမှာတော့ပြီးခဲ့တဲ့လကလိုတယောက်ထဲကိုမရစေပဲ. ဗလာမပါကံစမ်းမဲများလုပ်ပြီး မဲဖောက်ပေးခဲ့ပါတယ် ဒီလဝန်ထမ်း ဘောက်ဆူးမှန်ပုံးစုစုပေါင်း ၁၂၅,၆၀၀ရရှိပါတယ် နည်းသည်များသည်မဟုတ်ပဲ ကျမဂေဟာရောက်တိုင်းလည်း ဝန်ထမ်း ဘောက်ဆူး မှန်ပုံးလေးထဲကိုထည့်ပေးတယ် ဂေဟာကိုလာတဲ့အလှူရှင်တွေကလည်း ထည့်ပေးကြတဲ့အတွက်အခုလို ကျမရဲ့ဝန်ထမ်းတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာပါ ကျမရဲ့သားသမီးတွေအပေါ်စေတနာမေတ္တာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ဝန်ထမ်းများအားလုံးကိုချစ်ပါတယ်လို့ပြောချင်ပါတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Gabar

error: Content is protected !!