




Source: Supan Htwar
ချစ်သဲမေ @ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ဇူးဇူးမောင်က အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် မင်းသမီးစိတ်မကုန်သေးဘူးလို့ ဆိုလာတဲ့ ဆုပန်ထွာ”

ဆုပန်ထွာဟာ အလုပ်ကိစ္စကြောင့် အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဇူးဇူးမောင်တို့ မိသားစုနဲ့ တွေခဲ့ရာ ဇူးဇူးမောင်က အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် မင်းသမီးစိတ်မကုန်သေးဘူးဆိုတာကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဝေဖန်လိုက်တာဖြစ်ပါတယ်။ ဆုပန်ထွာကတော့ ဇူးဇူးမောင် တို့မိသားစုလေးနဲ့အတူ Fashion Island ကိုသွားရောက်ကာ လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလိုလည်ပတ်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ဆုပန်ထွာက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတင်ပြီး

“သူ့ခင်ဗျာ အနုပညာအလုပ်တွေဘာမှမလုပ်တော့ပေမယ့် မင်းသမီးစိတ်လေးမကုန်သေး၊ ဘာမှမရိုက်ရပေမယ့် ဓါတ်ပုံတော့အသားကုန်ရိုက်ချင်သေးသော ညီမ။ ကိုယ့်မှာသူ့ကိုလှလှလေးရိုက်ပေးရတာအမော” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ ဇူးဇူးမောင်ကတော့ တချိန်ကအနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ မိသားစုအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်၊မိခင်တစ်ယောာက်အနေနဲ့ မိသားစုတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဇူးဇူးမောင်ဟာ ပျော်ရွှင်သာယာတဲ့ မိသားစုလေးကို ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့အတူ ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာလည်း ဒုတိယမြောက် ကိုယ်ဝန်လေးကို လွယ်ထားရတဲ့ အကြောင်းကိုလည်း “ကိုယ်ရိုက်ပေးတာ သူအရမ်းလှတယ်တဲ့ ။ မဗိုက်လေးသေဘာတွေကျ” လို့ ဆိုပြီး ဆုပန်ထွာက ဇူးဇူးမောင်ရဲ့ ပုံရိပ်လေးနဲ့အတူ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ဇူးဇူးမောင်ကို မှတ်မိကြသေးလား ပြောပြခဲ့ပါဦး။
Source: Supan Htwar
ချစ်သဲမေ @ CeleGabar

error: Content is protected !!