အိပ်မရလို့ အိုက်တင် မျိုးစုံနဲ့ Tiktokပေါင်းစုံ ဆော့ပြလိုက်တဲ့ ခြူး‌လေးရဲ့ အခွီဗီဒီယိုလေး

မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ခြေလှမ်းခပ်သွက်သွက်နဲ့ ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေးဖြစ်တဲ့ ခြူးလေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေများစွာ ပိုင်ဆိုင်ထားတဲ့ သူလေးပါ။ ဘယ်လို ဇာတ်ရုပ်မျိုးကိုမဆို အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ ခြူး‌လေးရဲ့ ကြိုးစားမှုတွေကြောင့် အချိန်တိုတွင်းမှာ တင်ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိခဲ့ပြီး အကယ်ဒမီဆန်ကာတင် စာရင်းတောင် ဝင်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်လမ်းတွဲသစ်လေးကို ရိုက်ကူးလျက်ရှိပြီး မကြာခင်မှာ ထူးခြားတဲ့ ဇာတ်ကောင်ပုံစံလေးနဲ့ ခြူးလေးကို မြင်ရတော့မှာပါ။ ခြူးလေးရဲ့ Big Fanတွေကတော့ ပြောစရာမလိုလောက်အောင် ခြူးလေးက စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးချောလေးဆိုတာ သိကြမှာပါ။ Tiktok ဘုရင်မလေးလို့ တင်စားခေါ်ရလောက်အောင် အခွီပုံစံလေးတွေနဲ့ Tiktokဆော့နေတဲ့ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ညစ်စရာတွေကိုလည်း ခဏတာဖြေဖျောက်ပေး‌နေ သူလေးပါ။

တနေ့ တမျိုးမရိုးရအောင် Tiktok ပုံစံမျိုးစုံကို ဆော့တတ်တဲ့ မင်းသမီး ခြူးလေးက အခုလည်း အိပ်မရလို့ဆိုပြီး အခွီဆော့ထားတဲ့ Tiktok လေးကို တင်လိုက်ပြန်ပါပြီနော်။ ပရိသတ်တွေရဲ့ မနက်ခင်းလေးမှာ အပြုံးလေးတွေနဲ့ စတင်နိုင်ဖို့အတွက် ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဖြစ်တဲ့ ခြူးလေးရဲ့ Tiktok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။


Source:Chue Chue

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)






error: Content is protected !!