Twice အဖွဲ့ဝင်တွေပြောပြခဲ့တဲ့ စည်းလုံးညီညွတ်ပြီးအောင်မြင်နေရခြင်း လျှို့ဝှက်ချက်ကဘာဖြစ်မလဲ

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ Twice ကိုတော့လူတော်တော်များများသိကြမှာပါ။ (၂၀၁၃)ခုနှစ်ကတည်းကထွက်ရှိခဲ့တာဖြစ်ပြီး နာမည်ကြီး JYP Entertainment ကမွေးထုတ်ပေးခဲ့တဲ့အဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းအောင်မြင်မှုတွေထိန်းသိမ်းထားဆဲဖြစ်တဲ့ Twice ဟာ အဖွဲ့ဝင်ကိုးယောက်နဲ့ရပ်တည်နေတာပါ။သွေးမတော်သားမစပ်မိန်းကလေး(၉)ဦးဟာ ညီညီညွတ်ညွတ်နဲ့စုပေါင်းပြီး ဂီတလောကမှာအောင်မြင်စွာရပ်တည်နေတာဟာ လျှို့ဝှက်ချက်များရှိမလားနော်။

SBS Power FM မှာလွှင့်တဲ့ အစီအစဉ်မှာတော့ Twice ရဲ့အဖွဲ့ဝင်တွေပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေက မှတ်သားစရာပါပဲ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Nayeon ကတော့ “ဒီအဖွဲ့ထဲကအဖွဲ့ဝင်တွေအကုန်လုံးက ပွင့်လင်းပြီးစိတ်ထဲမှာသိုဝှက်မထားကြပါဘူး။ သဘောကျတာပဲဖြစ်ဖြစ် သဘောမကျတာပဲဖြစ်ဖြစ် ခံစားချက်ကိုဖော်ပြကြတယ်။ စိတ်ထဲမှာရှိတာကိုအချင်းချင်းထုတ်ဖော်ပြောကြတယ်” လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် Sana ကလည်း “ကျွန်မတို့အဖွဲ့စည်းလုံးညီည့တ်နေတဲ့လျှို့ဝှက်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက်စကားများများပြောတာပါပဲ” လို့ဆိုပါတယ်။စကားများများပြောတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာနိုင်တယ်ထင်ပါရဲ့နော်…။
Jihyo ကလည်းပဲ “အရိုးသားဆုံးပြောရရင် လူတစ်ယောက်ချင်းစီမှာရှိတဲ့ အကျင့်စရိုက်အပြုအမူတွေက ဘာမှလုပ်လို့ရပါဘူး။ကျွန်မတို့တွေကတော့ ဆိုးတဲ့အချက်တွေသာမက ကောင်းတဲ့အချက်တွေကိုပါ အချင်းချင်းလက်ခံထားကြတာဖြစ်တယ်” လို့ဆိုပါတယ်။
အခုအချိန်မှာတော့ အဖွဲ့ဝင်တွေဟာ Twice အသစ်ထွက်ရှိမယ့် “Feel Special” အတွက် ပရိုမိုးရှင်းလုပ်နေတာလည်းဖြစ်ပါတယ်။
Source:soompi
Sweet – CeleGabar
ဇော်ဂျီဗားရှင်း

Twice အဖြဲ႔၀င္ေတြေျပာျပခဲ့တဲ့ စည္းလံုညီၫြတ္ၿပီးေအာင္ျမင္ေနရျခင္း လွ်ိဳ႕၀ွက္ခ်က္ကဘာျဖစ္မလဲ
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးအဖြဲ႔တစ္ခုျဖစ္တဲ့ Twice ကိုေတာ့လူေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ (၂၀၁၃)ခုႏွစ္ကတည္းကထြက္ရွိခဲ့တာျဖစ္ၿပီး နာမည္ႀကီး JYP Entertainment ကေမြးထုတ္ေပးခဲ့တဲ့အဖြဲ႔ တစ္ခုလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာလည္းေအာင္ျမင္မႈေတြထိန္းသိမ္းထားဆဲျဖစ္တဲ့ Twice ဟာ အဖြဲ႔၀င္ကိုးေယာက္နဲ႔ရပ္တည္ေနတာပါ။
ေသြးမေတာ္သားမစပ္မိန္းကေလး(၉)ဦးဟာ ညီညီၫြတ္ၫြတ္နဲ႔စုေပါင္းၿပီး ဂီတေလာကမွာေအာင္ျမင္စြာရပ္တည္ေနတာဟာ လွ်ိဳ႕၀ွက္ခ်က္မ်ားရွိမလားေနာ္။

SBS Power FM မွာလႊင့္တဲ့ အစီအစဥ္မွာေတာ့ Twice ရဲ႕အဖြဲ႔၀င္ေတြေျပာခဲ့တဲ့ လွ်ိဳ႕၀ွက္ခ်က္ေတြက မွတ္သားစရာပါပဲ။အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Nayeon ကေတာ့ “ဒီအဖြဲ႔ထဲကအဖြဲ႔၀င္ေတြအကုန္လံုးက ပြင့္လင္းၿပီးစိတ္ထဲမွာသို၀ွက္မထားၾကပါဘူး။ သေဘာက်တာပဲျဖစ္ျဖစ္ သေဘာမက်တာပဲျဖစ္ျဖစ္ ခံစားခ်က္ကိုေဖာ္ျပၾကတယ္။ စိတ္ထဲမွာရွိတာကိုအခ်င္းခ်င္းထုတ္ေဖာ္ေျပာၾကတယ္” လို႔ေျပာခဲ့ပါတယ္။
ဒါ့အျပင္ Sana ကလည္း “ကၽြန္မတို႔အဖြဲ႔စည္းလံုးညီည႔တ္ေနတဲ့လွ်ိဳ႔၀ွက္ခ်က္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္စကားမ်ားမ်ားေျပာတာပါပဲ” လို႔ဆိုပါတယ္။စကားမ်ားမ်ားေျပာေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိလာႏိုင္တယ္ထင္ပါရဲ႕ေနာ္…။

Jihyo ကလည္းပဲ “အ႐ိုးသားဆံုးေျပာရရင္ လူတစ္ေယာက္ခ်င္းစီမွာရွိတဲ့ အက်င့္စ႐ိုက္အျပဳအမူေတြက ဘာမွလုပ္လို႔ရပါဘူး။ကၽြန္မတို႔ေတြကေတာ့ ဆိုးတဲ့အခ်က္ေတြသာမက ေကာင္းတဲ့အခ်က္ေတြကိုပါ အခ်င္းခ်င္းလက္ခံထားၾကတာျဖစ္တယ္” လို႔ဆိုပါတယ္။အခုအခ်ိန္မွာေတာ့ အဖြဲ႔၀င္ေတြဟာ Twice အသစ္ထြက္ရွိမယ့္ “Feel Special” အတြက္ ပ႐ိုမိုးရွင္းလုပ္ေနတာလည္းျဖစ္ပါတယ္။

error: Content is protected !!