ဂုဏ်ပြုမှတ်တမ်းလွှာတက်ယူတုန်း စင်ပေါ်မှာ ကမောက်ကမဖြစ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ အလွဲလေး

ချစ်စရာကောင်းပြီးရိုးသားဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဖြူဖြူထွေးကတော့ မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် သံတမန်အဖြစ်ခန့်အပ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇော်ဂျီကနေ ယူနီကုဒ်ကိုပြောင်းလဲသုံးစွဲတဲ့နေ့ဖြစ်တာကြောင့် မြန်မာယူနီကုဒ် စံစနစ် အထိမ်းအမှတ် အခမ်းအနားပွဲလေးကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

စင်မြင့်ပေါ်ကိုတက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာယူတဲ့အချိန်လေးမှာလဲ အပြုံးပန်းတွေဝေနေခဲ့ပြီး ယူပြီး ပြန်ဆင်းတဲ့အချိန်မှာတော့ ဖြူဖြူတစ်ယောက် ဆင်းရမယ့်ဖက်အခြမ်းနဲ့ တက်ရမယ့်ဖက်အခြမ်း လွဲခဲ့ပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ဖြူဖြူကတော့ သူမရဲ့ထုံးစံ အတိုင်း ခပ်ပြုံးပြုံးလေးနဲ့ ချက်ချင်းပဲ အမြန်ပြန်ဆင်းသွားခဲ့ပါတယ်။ မြင်ရသူတိုင်းကတော့ သဘောတကျကျဖြစ်နေခဲ့ပါတယ်။

ပွဲမှာလည်း အနုပညာရှင်တွေနဲ့ ရင်းနှီးချစ်ခင်တတ်တဲ့ဖြူဖြူဟာ ပွင့်လင်းပြီးဟန်ဆောင်မှုမရှိပဲ သူမရဲ့အရိုးရှင်းဆုံးပုံစံလေး အတိုင်းပဲနေပုံလေးက တကယ်ကိုချစ်စရာကောင်းလွန်းနေပါတယ်။ ပွဲတစ်လျှောက်သူမရဲ့လှုပ်ရှားမှုတိုင်းကို Video လေး ရိုက်ထားပြီး ” အသက်ပါသော အပြုံတွေ အပေါ်ကရိုးသားမှု ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဖြူ့ရဲ့လှုပ်ရှားမှု တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Phyu Phyu Htwe
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Gabar

error: Content is protected !!