အခက်အခဲအမျိုးမျိုးကြားမှာ ရုပ်ရှင်ဆက်မရိုက်ရလို့ စိတ်ညစ်နေကြတဲ့ တိုင်ရွန်နဲ့ ဆောင်းဝတ်ရည်မေ

လက်ရှိမှာတော့ တိုင်ရွန်၊ အေးချမ်းမောင်နဲ့ ဆောင်းဝတ်ရည်မေတို့သုံးယောက်သားက ” Player ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေကြတာပဲဖြစ်ပါတယ်။ ဒီလိုရိုက်ကူးနေစဉ်မှာပဲ ရာသီဥတုရဲ့ ရိုက်ခတ်မှုတွေကို အလူးအလဲခံစားပြီး မရမကရိုက်ကူးခဲ့ ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ ပြင်းလွန်းတဲ့ နေပူရှိန်ကြောင့် ရုပ်ရှင်မရိုက်ပဲခဏနားထားရာကနေ ညဖက် Night Scene မှာလည်း မီးထိုးထားတဲ့ အပေါ်မှာ ပိုးဖလံတွေ အုံနဲ့ကျင်းနဲ့ရောက်လာတာမို့ ရိုက်ကူးဖို့အခက်အခဲဖြစ်နေခဲ့ပါတယ်။

ရှုတင်အဖွဲ့သားတွေအားလုံးကလည်း စိတ်ညစ်နေပြီး တုတုကတော့ ” မေမေ ရေ မနက်ကျတော့ နေပူလွန်းလို့. ညကျတော့လဲ ပိုးကောင်တွေ နှိပ်ဆက်လို့ ငိုချင်နေပါပြီ ” ဆိုပြီး စိတ်ညစ်ညစ်နဲ့ ငြီးငြူနေတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ယက်ကနေ တင်ထား တာပဲဖြစ်ပါတယ်။ ရိုက်ကွင်းမှာ ပိုးဖလံတွေအများကြီးရောက်နေတဲ့ပုံရိပ်တွေကိုလည်း တိုင်ရွန်က ” မနက်ထဲကခုထိဘဲ မနက်က နေအရမ်းပူတယ် အခု ကျ ပိုးကောင်တွေနဲ့ ဆက်ရိုက်မရဖြစ်နေတယ် ” ဆိုပြီး ဝေမျှခဲ့ပါသေးတယ်။

အနုပညာရှင်တွေရဲ့ဘဝကတော့ နေပူမရှောင်မိုးရွာမရှောင် ပရိသတ်တွေကိုဖျော်ဖြေဖို့ တင်ဆက်နေရပြီး အခုလိုအခက်အခဲတွေ ကြုံတဲ့အခါကျတော့လည်း စိတ်ရောလူပါ ပင်ပန်းရပါတယ်။ အားလုံးကြိုးစားပြီး ရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးထွက်လာရင်တော့ ပရိသတ်တွေက အပြည့်အဝအားပေးဖို့ လိုမယ်နော်။

Photo – Tyron Bejay
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အခက္အခဲအမ်ိဳးမ်ိဳးၾကားမွာ ႐ုပ္ရွင္ဆက္မ႐ိုက္ရလို႔ စိတ္ညစ္ေနၾကတဲ့ တိုင္႐ြန္နဲ႔ ေဆာင္းဝတ္ရည္ေမ ”

လက္ရွိမွာေတာ့ တိုင္႐ြန္၊ ေအးခ်မ္းေမာင္နဲ႔ ေဆာင္းဝတ္ရည္ေမတို႔သုံးေယာက္သားက ” Player ” ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူး ေနၾကတာပဲျဖစ္ပါတယ္။ ဒီလို႐ိုက္ကူးေနစဥ္မွာပဲ ရာသီဥတုရဲ႕ ႐ိုက္ခတ္မႈေတြကို အလူးအလဲခံစားၿပီး မရမက႐ိုက္ကူးခဲ့ေပမယ့္ ဒီေန႔ မနက္ပိုင္းမွာေတာ့ ျပင္းလြန္းတဲ့ ေနပူရွိန္ေၾကာင့္ ႐ုပ္ရွင္မ႐ိုက္ပဲခဏနားထားရာကေန ညဖက္ Night Scene မွာလည္း မီးထိုးထားတဲ့ အေပၚမွာ ပိုးဖလံေတြ အုံနဲ႔က်င္းနဲ႔ေရာက္လာတာမို႔ ႐ိုက္ကူးဖို႔အခက္အခဲျဖစ္ေနခဲ့ပါတယ္။

ရႈတင္အဖြဲ႕သားေတြအားလုံးကလည္း စိတ္ညစ္ေနၿပီး တုတုကေတာ့ ” ေမေမ ေရ မနက္က်ေတာ့ ေနပူလြန္းလို႔. ညက်ေတာ့လဲ ပိုးေကာင္ေတြ ႏွိပ္ဆက္လို႔ ငိုခ်င္ေနပါၿပီ ” ဆိုၿပီး စိတ္ညစ္ညစ္နဲ႔ ၿငီးျငဴေနတဲ့စာသားေလးကို သူမရဲ႕လူမႈကြန္ယက္ကေန တင္ထား တာပဲျဖစ္ပါတယ္။ ႐ိုက္ကြင္းမွာ ပိုးဖလံေတြအမ်ားႀကီးေရာက္ေနတဲ့ပုံရိပ္ေတြကိုလည္း တိုင္႐ြန္က ” မနက္ထဲကခုထိဘဲ မနက္က ေနအရမ္းပူတယ္ အခု က် ပိုးေကာင္ေတြနဲ႔ ဆက္႐ိုက္မရျဖစ္ေနတယ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါေသးတယ္။

အႏုပညာရွင္ေတြရဲ႕ဘဝကေတာ့ ေနပူမေရွာင္မိုး႐ြာမေရွာင္ ပရိသတ္ေတြကိုေဖ်ာ္ေျဖဖို႔ တင္ဆက္ေနရၿပီး အခုလိုအခက္အခဲေတြႀကဳံတဲ့ အခါက်ေတာ့လည္း စိတ္ေရာလူပါ ပင္ပန္းရပါတယ္။ အားလုံးႀကိဳးစားၿပီး ႐ိုက္ကူးထားတဲ့ဒီဇာတ္ကားေလးထြက္လာရင္ေတာ့ ပရိသတ္ေတြက အျပည့္အဝအားေပးဖို႔ လိုမယ္ေနာ္။

Photo – Tyron Bejay
Happy – Cele Gabar

error: Content is protected !!