ထိုင်းနာမည်ကြီး ” Bad Genius ” ဇာတ်ကားကို နောက်ခံတေးဂီတ Master လုပ်တဲ့ Studio မှာပဲ Now & Ever အတွက် ပြင်ဆင်ခဲ့ကြတဲ့ ခီမောင်နှံ

ခီမောင်နှံရဲ့ တတိယမြောက်ဖန်တီးမှုလက်ရာဖြစ်တဲ့ ” Now & Ever (ထာဝရနှောင်ကြိုး) ” ဇာတ်ကားအတွက် ခီတို့နှစ်ယောက် တော်တော်လေးကို အားကြိုမာန်တက်နဲ့ စွမ်းဆောင်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲတမ်းအကောင်းဆုံးဆိုတာတွေ ချပြခဲ့ကြတဲ့ နှစ်ယောက်သားရဲ့ အနုပညာစွမ်းရည်ပြည့်ဝပုံကတော့ တကယ်ချီးကျူးစရာပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ထိုင်းနိုင်ငံဘန်ကောက်ကိုရောက်ရှိနေကြပြီး ဇာတ်ကားအတွက် လိုအပ်တာတွေ ပြင်ဆင်နေခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီတတိယမြောက်ဇာတ်ကားလေးဟာ ခီနဲ့မီတို့ရဲ့ပေါင်းစပ်တင်ပြမှုတစ်ခုဖြစ်ပြီး ပရိသတ်တွေကတော့ ကြည့်ဖို့အတွက် အတော်လေး ကိုရင်ခုန်နေကြပါပြီ။ Now & Ever ရဲ့ နောက်ခံတေးဂီတနဲ့ ဇာတ်ဝင်သီချင်းတွေကို Master လုပ်ဖို့အတွက်ကတော့ ထိုင်းနိုင်ငံရဲ့ Studio တစ်ခုမှာ ပြင်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီ Studio ဟာလည်း ထိုင်းရဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ” Bad Genius ” ဇာတ်ကားရဲ့ နောက်ခံတေးဂီတနဲ့ သီချင်းတွေ Master လုပ်တဲ့ Studio လည်း ဖြစ်ပါတယ်။

တိုင်းတပါးထိ တကူးတကသွားပြီး အကောင်းဆုံးဆိုတဲ့ဖန်တီးမှုကို ပြုလုပ်နေကြတဲ့ ခီမောင်နှံရဲ့ ပရိသတ်တွေအပေါ်ထားတဲ့စေတနာ ကတော့ ရုပ်ရှင်ကြည့်ချင်အောင် ပိုပြီးဆွဲဆောင်နေသလိုပါပဲ။ နောက်ခံတေးဂီတအတွက်ကြိုးပမ်းမှုပုံရိပ်လေးတွေကို ဇာတ်ခီက ” Bad Genius ရုပ်ရှင်အတွက် နောက်ခံတေးဂီတ နဲ့ သီချင်းတွေ master လုပ်တဲ့ studio ခန်းမှာပဲ Now & Ever အတွက် သီချင်း တွေကို master လုပ်ခွင့်ရလို့ ဝမ်းသာကျေနပ်မိတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အားပေးဖို့အဆင်သင့် ပဲလား။

Photo – Zenn Kyi
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ထိုင္းနာမည္ႀကီး ” Bad Genius ” ဇာတ္ကားကို ေနာက္ခံေတးဂီတ Master လုပ္တဲ့ Studio မွာပဲ Now & Ever အတြက္ ျပင္ဆင္ခဲ့ၾကတဲ့ ခီေမာင္ႏွံ ”

ခီေမာင္ႏွံရဲ႕ တတိယေျမာက္ဖန္တီးမႈလက္ရာျဖစ္တဲ့ ” Now & Ever (ထာဝရေႏွာင္ႀကိဳး) ” ဇာတ္ကားအတြက္ ခီတို႔ႏွစ္ေယာက္ ေတာ္ေတာ္ေလးကို အားႀကိဳမာန္တက္နဲ႔ စြမ္းေဆာင္ေနၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကို အၿမဲတမ္းအေကာင္းဆုံးဆိုတာေတြ ခ်ျပခဲ့ၾကတဲ့ ႏွစ္ေယာက္သားရဲ႕ အႏုပညာစြမ္းရည္ျပည့္ဝပုံကေတာ့ တကယ္ခ်ီးက်ဴးစရာပါပဲ။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကတည္းက ထိုင္းႏိုင္ငံဘန္ေကာက္ကိုေရာက္ရွိေနၾကၿပီး ဇာတ္ကားအတြက္ လိုအပ္တာေတြ ျပင္ဆင္ေနခဲ့ၾကတာပဲျဖစ္ပါတယ္။

ဒီတတိယေျမာက္ဇာတ္ကားေလးဟာ ခီနဲ႔မီတို႔ရဲ႕ေပါင္းစပ္တင္ျပမႈတစ္ခုျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ၾကည့္ဖို႔အတြက္ အေတာ္ေလးကို ရင္ခုန္ေနၾကပါၿပီ။ Now & Ever ရဲ႕ ေနာက္ခံေတးဂီတနဲ႔ ဇာတ္ဝင္သီခ်င္းေတြကို Master လုပ္ဖို႔အတြက္ကေတာ့ ထိုင္းႏိုင္ငံရဲ႕ Studio တစ္ခုမွာ ျပင္ဆင္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ဒီ Studio ဟာလည္း ထိုင္းရဲ႕နာမည္ႀကီးဇာတ္ကားတစ္ကားျဖစ္တဲ့ ” Bad Genius ” ဇာတ္ကားရဲ႕ ေနာက္ခံေတးဂီတနဲ႔ သီခ်င္းေတြ Master လုပ္တဲ့ Studio လည္း ျဖစ္ပါတယ္။

တိုင္းတပါးထိ တကူးတကသြားၿပီး အေကာင္းဆုံးဆိုတဲ့ဖန္တီးမႈကို ျပဳလုပ္ေနၾကတဲ့ ခီေမာင္ႏွံရဲ႕ ပရိသတ္ေတြအေပၚထားတဲ့ ေစတနာ ကေတာ့ ႐ုပ္ရွင္ၾကည့္ခ်င္ေအာင္ ပိုၿပီးဆြဲေဆာင္ေနသလိုပါပဲ။ ေနာက္ခံေတးဂီတအတြက္ႀကိဳးပမ္းမႈပုံရိပ္ေလးေတြကို ဇာတ္ခီက ” Bad Genius ႐ုပ္ရွင္အတြက္ ေနာက္ခံေတးဂီတ နဲ႔ သီခ်င္းေတြ master လုပ္တဲ့ studio ခန္းမွာပဲ Now & Ever အတြက္ သီခ်င္းေတြကို master လုပ္ခြင့္ရလို႔ ဝမ္းသာေက်နပ္မိတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ အားေပးဖို႔အဆင္သင့္ပဲလား။

Photo – Zenn Kyi
Happy – Cele Gabar

error: Content is protected !!