“ပရိသတ်တွေ အပျင်းပြေစေဖို့ ဟာသမယ်လေးလုပ်မိတယ်ဆိုတဲ့ မေမီကိုကို”

မေမီကိုကိုကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲကနေ “မြိုင်” ဆိုပြီး ပရိသတ်ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့သူလေးပါ။သူမကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ နာမည်အရင်းထက် “မြိုင်” ဆိုပြီး ချစ်စနိုးနဲ့ခေါ်ကြတာပဲဖြစ်ပါတယ်။”ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း မေမီကိုကိုအတွက် အနုပညာမှတ်တိုင်တစ်ခုလို ဆိုရလောက်အောင် “Star Awards 2018″ဆုပေးပွဲကြီးမှာ “Best TV Series Actress Award”ဆုကြီးကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

မေမီကိုကိုဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်လာတာကြောင့် အချိန်တိုတိုအတွင်းပရိသတ်အများအပြားရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း “တတိယမြောက်ဆုံမှတ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ထားပါသေးတယ်။ဒီ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာတော့ “မေပန်းချီ” ဆိုတဲ့ ရဲမေတစ်ယောက်ရဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို ထပ်မံရရှိနေတာလည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလိုလည်း မေမီကိုကိုဟာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့အတွက် Tik Tokဗီဒီယိုလေးတွေကိုလည်း တင်ဆက်ပေးလေ့ ရှိပါတယ်။ဒီနေ့မှာလည်း မေမီကိုကိုဟာ “မင်းအတွက်အပျင်းပြေဖို့ ကိုယ်ဟာသမယ်လေး လုပ်မိတယ်”ဆိုပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Tik Tok ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပြန်ပါတယ်။CeleGabar ပရိသတ်ကြီးတွေ ရယ်မောပျော်ရွှင်ရအောင် မေမီကိုကိုရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဆေဝပေးလိုက်ပါတယ်နော်။

Source : May Mi Ko Ko
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်း

“ပရိသတ္ေတြ အပ်င္းေျပေစဖို႕ ဟာသမယ္ေလးလုပ္မိတယ္ဆိုတဲ့ ေမမီကိုကို”

ေမမီကိုကိုကေတာ႔ MRTV-4ကထုတ္လႊင္႕ျပသခဲ႕တဲ႕ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲကေန “ၿမိဳင္” ဆိုျပီး ပရိသတ္ရင္ထဲကို ၀င္ေရာက္လာခ့ဲတဲ႕သူေလးပါ။သူမကိုခ်စ္တဲ႔ ပရိသတ္ေတြက သူမရဲ႕ နာမည္အရင္းထက္ “ၿမိဳင္” ဆိုျပီး ခ်စ္စႏိုးနဲ႔ေခၚၾကတာပဲျဖစ္ပါတယ္။”ပ်ားရည္အိုင္” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ေမမီကိုကိုအတြက္ အႏုပညာမွတ္တိုင္တစ္ခုလို ဆိုရေလာက္ေအာင္ “Star Awards 2018″ဆုေပးပြဲႀကီးမွာ “Best TV Series Actress Award”ဆုႀကီးကို ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။

ေမမီကိုကိုဟာ သူ၀ါသနာပါတဲ႕ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္နဲ႕ ၾကိဳးၾကိဳးစားစားလုပ္ကိုင္လာတာေၾကာင္႕ အခ်ိန္တိုတိုအတြင္းပရိသတ္အမ်ားအျပားရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားနိုင္ခဲ႕တာျဖစ္ျပီး လတ္တေလာမွာလည္း “တတိယေျမာက္ဆုံမွတ္” ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္ထားပါေသးတယ္။ဒီ “တတိယေျမာက္ဆံုမွတ္” ဇာတ္လမ္းတြဲမွာေတာ့ “ေမပန္းခ်ီ” ဆိုတဲ့ ရဲေမတစ္ေယာက္ရဲ႕ ဇာတ္ေကာင္နဲ႔ ပါဝင္ထားၿပီး ပရိသတ္ေတြရဲ႕ သေဘာက်ႏွစ္သက္မႈကို ထပ္မံရရွိေနတာလည္း ျဖစ္ပါတယ္။

မၾကာခဏဆိုသလိုလည္း ေမမီကိုကိုဟာ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစဖို႕အတြက္ Tik Tokဗီဒီယိုေလးေတြကိုလည္း တင္ဆက္ေပးေလ့ ရွိပါတယ္။ဒီေန႕မွာလည္း ေမမီကိုကိုဟာ “မင္းအတြက္အပ်င္းေျပဖို႔ ကိုယ္ဟာသမယ္ေလး လုပ္မိတယ္”ဆိုၿပီး သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန Tik Tok ဗီဒီယိုေလးေတြကို တင္ဆက္ေပးလိုက္ျပန္ပါတယ္။CeleGabar ပရိသတ္ႀကီးေတြ ရယ္ေမာေပ်ာ္ရႊင္ရေအာင္ ေမမီကိုကိုရဲ႕ Tik Tok ဗီဒီယိုေလးေတြကို ျပန္လည္မွ်ေဆဝေပးလိုက္ပါတယ္ေနာ္။

Source : May Mi Ko Ko
Chilli – CeleGabar

error: Content is protected !!