Tale of Nokdu ဇာတ်လမ်းတွဲမှာ မမှတ်မိနိုင်လောက်အောင်မိန်းမဇာတ်ရုပ်ပီပြင်ခဲ့တဲ့ မင်းသားချော Jang Dong Yoon

မင်းသားချောလေး Jang Dong Yoon ကတော့ မင်းသမီးလေး Kim So Hyun နဲ့အတူတွဲပြီးတော့ ရှေးဟောင်းဒရမ်မာဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Tale of Nokdu ဖြစ်ပါတယ်။ဒီဇာတ်လမ်းကတော့ ဂျိုဆောင်ခေတ်ကိုနောက်ခံထားပြီးရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းထဲမှာ ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာပြီး မိန်းမပေးစားတာကြောင့် အိမ်ကထွက်ပြေးလာတဲ့လူတစ်ယောက်အဖြစ် Jang Dong Yoon ကသရုပ်ဆောင်ထားပါတယ်။ Kim So Hyun ကတော့ ကချေသည်တစ်ယောက်ဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ (၁၆) နှစ်အရွယ်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။သူကတော့ ကချေသည်ဘဝကလွဲရင် ကျန်တဲ့အရာဘာဖြစ်ဖြစ်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။အဲ့ဒီအချိန်မှာ အိမ်ကပြေးလာတဲ့ Jang Dong Yoon   ဟာ Kim So Hyun ကို တစ်ယောက်ကယ်တင်ဖို့အတွက်ဖြစ်လာပါတော့တယ်။အဲ့ဒီကစလို့ မုဆိုးမတွေနေထိုင်ရာရွာတစ်ခုမှာ အမျိုးသမီးအဖြစ်ဟန်ဆောင်နေထိုင်ဖို့ရာ Jang Dong Yoon တစ်ယောက်ဖြစ်လာပါတော့တယ်။


အခုဆိုရင်ဒီဇာတ်လမ်းကို KBS2 ကနေပြီးထုတ်လွှင့်နေတာ(၂)ရက်ရှိပြီဖြစ်ပါတယ်။ လူစိတ်ဝင်စားမှုများနေတဲ့ဒီဇာတ်လမ်းထဲက Jang Dong Yoon ရဲ့ပုံရိပ်တွေဟာ မိန်းကလေးနဲ့ခွဲမရအောင်တူလွန်းတယ်ဆိုပြီးလူပြောများနေခဲ့ပါတယ်။ တကယ်တမ်းလည်း မိန်းကလေးတစ်ယောက်နဲ့တူလွန်းနေတာကြောင့် မှန်ကန်တဲ့ဇာတ်ရုပ်ရွေးချယ်မှုလို့ ဆိုရမယ်ထင်ပါတယ်။


Source:Koreaboo
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်







Source:Koreaboo
Sweet – CeleGabar

error: Content is protected !!