အသည်းတယားယားဖြစ်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ ချစ်သက်နဲ့ ဖွေးဖွေးတို့ရဲ့ လျှပ်တစ်ပြက်ပုံရိပ်များ

မြန်မာနိုင်ငံရဲ့ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး မင်းသားမင်းသမီးတွေ ထိပ်တိုက်တွေ့ဆုံကြမယ့် Love Equation ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ မကြာခင်မှာကြည့်ရှူရခံစားရတော့မှာပါ။ ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေကြတဲ့ Love Equation ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေကို သိရှိပြီး‌နောက်မှာတော့ ပရိသတ်တွေအားပေးကြမ်းနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Love Equation ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ကြမယ့် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေကတော့ Fan ေတွများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဖော်ရွေတတ်လွန်းသူလေး ချစ်သက်၊ ဘာဘီလေးလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ မထိရက်မကိုင်ရက်လောက်အောင် ငေးကြည့်နေရသူ မင်းသမီးလေး ဖွေးဖွေး၊ နှုတ်ခမ်းနီမလေးတွေကြားမှာ တဟုန်တိုးအရှိန်နဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးပိုင်ရှင် ဒေါင်းနဲ့ အမိုက်စား Bodyကြောင့် မူးမေ့ရလောက်အောင် ဆွဲဆောင်အားကောင်းတဲ့ ခါရာတို့ လေးယောက်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ Love Equation ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။

 

 

လက်ရှိမှာဆိုရင်‌တော့ Love Equation ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် မင်းသား မင်းသမီးချောတွေ တက်ရောက်ခဲ့ကြပါတယ်။ တစ်ယောက်တစ်မျိုးစီ အလှတစ်မျိုးနဲ့ ချစ်စရာကောင်းနေတဲ့ ချစ်သက်နဲ့ ဖွေးဖွေးတို့ နှစ်ယောက်ရဲ့ လျှပ်တစ်ပြက် ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဓာတ်ဆရာက အမိအရဖမ်းထားပုံလေးတွေကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်…ချစ်ပရိသတ်ကြီးရေ။

 

Source:Thet Mon Myint

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)



Love Equation ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ကြမယ့် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေကတော့ Fan တွေများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဖော်ရွေတတ်လွန်းသူလေး ချစ်သက်၊ ဘာဘီလေးလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ မထိရက်မကိုင်ရက်လောက်အောင် ငေးကြည့်နေရသူ မင်းသမီးလေး ဖွေးဖွေး၊ နှုတ်ခမ်းနီမလေးတွေကြားမှာ တဟုန်တိုးအရှိန်နဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးပိုင်ရှင် ဒေါင်းနဲ့ အမိုက်စား Bodyကြောင့် မူးမေ့ရလောက်အောင် ဆွဲဆောင်အားကောင်းတဲ့ ခါရာတို့ လေးယောက်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ Love Equation ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။


 

error: Content is protected !!