ချစ်သူလေး စုစုဝေကို ပုခုံးပေါ်တင်ပြီး ချစ်တဲ့အကြောင်းတွေကို Ro ဆန်ဆန်ပြောပြလိုက်တဲ့ ဂျာမဏီလူမျိုး အဆိုတော် Miki Weber

ကမ္ဘာရှေ့ခြမ်းနဲ့ အနောက်ခြမ်း နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမတူကြတဲ့ နေရာဒေသနှစ်ခုက လူနှစ်ယောက်က တစ်နေရာ တည်း တစ်ချိန်တည်းမှာ လာဆုံပြီး ချစ်မိသွားတယ်ဆိုတာ တော်တော်လေးကို ဆန်းကြယ်တဲ့ဖူးစာလို့ဆိုနိုင်ပါရဲ့ ပရိသတ်ကြီးရေ။ ရေမြေမတူ ဓလေ့မတူ ယဉ်ကျေးမှုတွေမတူညီတဲ့ နေရာဒေသနှစ်ခုက လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ ထပ်တူကျခဲ့ပါတယ်။

Mikis Weber နဲ့ စုစုဝေတို့စုံတွဲလေးဟာ ပရိသတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိနဲ့ ရှေ့ဆက်ခဲ့ကြတဲ့ နှစ်ယောက်သားရဲ့ relationship လေးဟာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆင်ပြေပြေနဲ့ လက်တွဲနေတာပဲဖြစ်ပါတယ်။ Gym Trainer မြန်မာမလေးနဲ့ မြန်မာပြည်ကိုချစ်တဲ့ ဂျာမဏီနိုင်ငံသားရဲ့ ဖူးစာကတော့ ဆန်ဆန်းပြားပြားပဲနော်။

ဒီနေ့မှာလည်း Mikis တစ်ယောက် စုစုဝေကို ပုခုံးပေါ်တင်ပြီး ချီပိုးထားတဲ့ပုံလေးကို ” ကိုယ့်ဘဝထဲ မင်းကိုသယ်ဆောင်လာတာ စတွေ့တဲ့နေ့ ကတည်းကနဲ့ နောက်ဆုံးထွက်သက်လေးအထိရယ် ” ဆိုပြီး Ro ဆန်ဆန်စာသားလေးနဲ့ တင်ထားတာပဲဖြစ်ပါတယ်။ သိပ်ချစ်တတ်တဲ့ ချစ်သူကိုပိုင်ဆိုင်ထားတဲ့ စုစုကတော့ ကံကောင်းသူလေးပေါ့နော်။

Photo – Mikis Weber
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Mikis Weber
Happy – Cele Gabar

error: Content is protected !!