ပွဲဦးထွက်မှာတင်လူကြိုက်များရေပန်းစားနေတဲ့ Tale of Nokdu ဒရမ်မာဇာတ်လမ်းတွဲ

မင်းသမီးချောလေး Kim So Hyun သရုပ်ဆောင်ထားတဲ့ Love Alarm ဇာတ်ကားဟာလူကြိုက်များခဲ့တာမကြာသေးပါဘူး။အခုဆိုရင် မင်းသမီးလေးပါဝင်တဲ့ရှေးဟောင်းဒရမ်မာဇာတ်လမ်းတွဲတစ်ခုထပ်မံထွက်ရှိလာပြန်ပါပြီ။ဇာတ်လမ်းဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ဒီဇာတ်ကားဟာ KBS2 ကနေစတင်ထုတ်လွှင့်ပြသတဲ့နေ့မှာတင် လူကြိုက်များနေတာလည်းဖြစ်ပါတယ်။Kim So Hyun ကတော့ ဒီဇာတ်လမ်းထဲမှာ မင်းသားချော Jang Dong Yoon နဲ့အတူတွဲဖက်ပြီး အဓိကဇာတ်ရုပ်ကနေသရုပ်ဆောင်ထားတာပါ။ 
မိဘတွေရဲ့ဆန္ဒကိုလက်မခံနိုင်တာကြောင့်အိမ်ကနေ ထွက်ခွာလာတဲ့ သူဌေးသားအဖြစ် Jang Dong Yoon ကပါဝင်ထားပြီး ကချေသည်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေရပေမဲ့ အဲ့ဒီအလုပ်ကိုမပျော်ပိုက်တဲ့ ခပ်ဆိုးဆိုးခပ်ထက်ထက်မိန်းကလေး အဖြစ် Kim So Hyun က ပါဝင်ထားပါတယ်။ အိမ်ကပြေးလာပြီးမိန်းကလေးတစ်ယောက်အဖြစ် ဟန်ဆောင်ထားတဲ့ Jang Dong Yoon နဲ့ Kim So Hyun တို့တွေ့ဆုံပြီး မိန်းကလေးဟန်ဆောင်ထားတဲ့အကြောင်းကိုသိပြီးနောက် မုဆိုးမတွေနေတဲ့ရွာမှာနေထိုင်ဖို့အတွက် ဖြစ်လာရပါတော့တယ်။


ဒီဇာတ်လမ်းတွဲဟာ အခုဆိုရင်ထုတ်လွှင့်ပြသနေတာ(၂)ရက်ရှိနေပါပြီ။ စတင်ထုတ်လွှင့်ပြသတဲ့နေ့မှာ ကြည့်ရှူနှုန်းအမြင့်ဆုံးဖြစ်ခဲ့သလို ဒုတိယရက်မှာ ပိုမိုများပြားလာခဲ့ပါတယ်။ အခုဆိုရင် ကြည့်ရှူနှုန်း (၆.၅%) ကနေ (၈.၃%) %ရှိနေတာဖြစ်ပါတယ်။ JTBC ကထုတ်လွှင့်ပြသတဲ့ Flower Crew:Joseon Marriage Agency ဇာတ်ကားက ကြည့်ရှူနှုန်း (၃.ဝ%) နဲ့ tvN ကထုတ်လွှင့်ပြသတဲ့ The Great Show ကတော့ ကြည့်ရှူနှုန်း (၂.၄%) ရရှိထားပါတယ်။
Source:Soompi
Sweet – CeleGabar
ဖော်ဂျီဗားရှင်း

ပြဲဦးထြက္မွာတင္လူႀကိဳက္မ်ားေရပန္းစားေနတဲ့ Tale of Nokdu ဒရမ္မာဇာတ္လမ္းတြဲ

မင္းသမီးေခ်ာေလး Kim So Hyun သ႐ုပ္ေဆာင္ထားတဲ့ Love Alarm ဇာတ္ကားဟာလူႀကိဳက္မ်ားခဲ့တာမၾကာေသးပါဘူး။အခုဆိုရင္ မင္းသမီးေလးပါ၀င္တဲ့ေရွးေဟာင္းဒရမ္မာဇာတ္လမ္းတြဲတစ္ခုထပ္မံထြက္ရွိလာျပန္ပါၿပီ။ဇာတ္လမ္းဇာတ္အိမ္ခပ္ဆန္းဆန္းနဲ႔ဒီဇာတ္ကားဟာ KBS2 ကေနစတင္ထုတ္လႊင့္ျပသတဲ့ေန႔မွာတင္ လူႀကိဳက္မ်ားေနတာလည္းျဖစ္ပါတယ္။Kim So Hyun ကေတာ့ ဒီဇာတ္လမ္းထဲမွာ မင္းသားေခ်ာ Jang Dong Yoon နဲ႔အတူတြဲဖက္ၿပီး အဓိကဇာတ္႐ုပ္ကေနသ႐ုပ္ေဆာင္ထားတာပါ။


မိဘေတြရဲ႕ဆႏၵကိုလက္မခံႏိုင္တာေၾကာင့္အိမ္ကေန ထြက္ခြာလာတဲ့ သူေဌးသားအျဖစ္ Jang Dong Yoon ကပါ၀င္ထားၿပီး ကေခ်သည္တစ္ေယာက္ျဖစ္ဖို႔ႀကိဳးစားေနရေပမဲ့ အဲ့ဒီအလုပ္ကိုမေပ်ာ္ပိုက္တဲ့ ခပ္ဆိုးဆိုးခပ္ထက္ထက္မိန္းကေလး အျဖစ္ Kim So Hyun က ပါ၀င္ထားပါတယ္။ အိမ္ကေျပးလာၿပီးမိန္းကေလးတစ္ေယာက္အျဖစ္ ဟန္ေဆာင္ထားတဲ့ Jang Dong Yoon နဲ႔ Kim So Hyun တို႔ေတြ႔ဆံုၿပီး မိန္းကေလးဟန္ေဆာင္ထားတဲ့အေၾကာင္းကိုသိၿပီးေနာက္ မုဆိုးမေတြေနတဲ့ရြာမွာေနထိုင္ဖို႔အတြက္ ျဖစ္လာရပါေတာ့တယ္။


ဒီဇာတ္လမ္းတြဲဟာ အခုဆိုရင္ထုတ္လႊင့္ျပသေနတာ(၂)ရက္ရွိေနပါၿပီ။ စတင္ထုတ္လႊင့္ျပသတဲ့ေန႔မွာ ၾကည့္ရွဴႏႈန္းအျမင့္ဆံုးျဖစ္ခဲ့သလို ဒုတိယရက္မွာ ပိုမိုမ်ားျပားလာခဲ့ပါတယ္။ အခုဆိုရင္ ၾကည့္ရွဴႏႈန္း (၆.၅%) ကေန (၈.၃%) %ရွိေနတာျဖစ္ပါတယ္။ JTBC ကထုတ္လႊင့္ျပသတဲ့ Flower Crew:Joseon Marriage Agency ဇာတ္ကားက ၾကည့္ရွဴႏႈန္း (၃.၀%) နဲ႔ tvN ကထုတ္လႊင့္ျပသတဲ့ The Great Show ကေတာ့ ၾကည့္ရွဴႏႈန္း (၂.၄%) ရရွိထားပါတယ္။
Source:Soompi
Sweet – CeleGabar

error: Content is protected !!