“အမေနဲ့ အမ နှစ်ယောက်ပေါင်း လုပ်ပေးတဲ့ မွေးနေ့ Supriseလက်ဆောင်လေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဝေလာရီ”

မကြာသေးမီက MRTV -4ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲဟာ ပရိသတ်တွေလက်မလွှတ်တမ်းစောင့်ကြည့်ခဲ့ကြရတဲ့ အထိကို အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာ “မော်”ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင်မင်းသမီးအသစ်လေး “ဝေလာရီ”ဟာဆိုရင်လည်း ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁)ရက်နေ့ကတော့ “ဝေလာရီ”ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ဒီနှစ်မှာတော့ ဝေလာရီဟာ အသက်(၂၂) နှစ်ပြည့်မြောက်တာလည်းဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့လေးအတွက်ကို ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေနဲ့ အတူ နှင်းဆီပန်းတွေကိုလည်း လက်ဆောင်ပေးခဲ့သလို အမဖြစ်သူ အဆိုတော် “လိမ္မော်သီး”ကလည်း Supriseလေးလုပ်ပြီး မွေးနေ့လက်ဆောင်ပေးခဲ့ပါသေးတယ်။အမဖြစ်သူရဲ့ မထင်မှတ်ထားတဲ့ မွေးနေ့လက်ဆောင်လေးကြောင့် “ဝေလာရီ”တစ်ယောက် မျက်ရည်ကျခဲ့ရတဲ့အထိဖြစ်ခဲ့ရပြီး

“မမကလေ အဲ့လိုပဲ အရမ်း Suprise လုပ်တတ်တာ။အမှန်အတိုင်းပြောရရင် ဝေလာရီတို့ အိမ်ဆောက်ထားတဲ့အတွက် မိသားစုမှာ အကုန်အကျတွေများတယ်ပေါ့။ ညတုန်းက သူ Suprise လုပ်တော့ ရုတ်တရက် ဝမ်းနည်းပြီးတော့ ငိုသေးတယ်။သူ့ညီမလေးကို သူကအရမ်းချစ်တော့လေ ဘယ်ချိန်ထဲက လက်ဆောင်ကို ခိုးဝယ်ထားလဲမသိဘူး။ မေကြီးနဲ့သွားဝယ်တာတဲ့”ဆိုပြီး အမေနဲ့ အမရဲ့ မွေးနေ့ Supriseလက်ဆောင်လေးရခဲ့တဲ့ အကြောင်းကို ပြောကြားလာတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မော်လေး မျက်ရည်ကျတဲ့ အထိဖြစ်ခဲ့ရတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Source : Exclusive On CeleGabar
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်း

“အေမနဲ႕ အမ ႏွစ္ေယာက္ေပါင္း လုပ္ေပးတဲ့ ေမြးေန႕ Supriseလက္ေဆာင္ေလးေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ ေဝလာရီ”

မၾကာေသးမီက MRTV -4႐ုပ္သံလိုင္းကေနထုတ္လႊင့္ျပသခဲ့တဲ့ “ႏွင္းဆီ”႐ုပ္သံဇာတ္လမ္းတြဲဟာ ပရိသတ္ေတြလက္မလႊတ္တမ္းေစာင့္ၾကည္႕ခဲ့ၾကရတဲ့ အထိကို ေအာင္ျမင္မႈရရွိခဲ့တဲ့ ႐ုပ္သံဇာတ္လမ္းတြဲေလးတစ္ခုျဖစ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာ “ေမာ္”ဆိုတဲ့ ဇာတ္႐ုပ္နဲ႕ ပါဝင္ခဲ့တဲ့ တက္သစ္စသ႐ုပ္ေဆာင္မင္းသမီးအသစ္ေလး “ေဝလာရီ”ဟာဆိုရင္လည္း ပီျပင္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အျပည့္အဝရရွိထားတဲ့ မင္းသမီးေလးတစ္လက္ပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁)ရက္ေန႕ကေတာ့ “ေဝလာရီ”ရဲ႕ ေမြးေန႕ရက္ျမတ္ေလးျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ေဝလာရီဟာ အသက္(၂၂) ႏွစ္ျပည့္ေျမာက္တာလည္းျဖစ္ပါတယ္။သူ႕ရဲ႕ေမြးေန႕ေလးအတြက္ကို ပရိသတ္ေတြက ေမြးေန႔ဆုမြန္ေကာင္းေတြနဲ႔ အတူ ႏွင္းဆီပန္းေတြကိုလည္း လက္ေဆာင္ေပးခဲ့သလို အမျဖစ္သူ အဆိုေတာ္ “လိေမၼာ္သီး”ကလည္း Supriseေလးလုပ္ၿပီး ေမြးေန႔လက္ေဆာင္ေပးခဲ့ပါေသးတယ္။အမျဖစ္သူရဲ႕ မထင္မွတ္ထားတဲ့ ေမြးေန႕လက္ေဆာင္ေလးေၾကာင့္ “ေဝလာရီ”တစ္ေယာက္ မ်က္ရည္က်ခဲ့ရတဲ့အထိျဖစ္ခဲ့ရၿပီး

“မမကေလ အဲ့လိုပဲ အရမ္း Suprise လုပ္တတ္တာ။အမွန္အတိုင္းေျပာရရင္ ေဝလာရီတို႔ အိမ္ေဆာက္ထားတဲ့အတြက္ မိသားစုမွာ အကုန္အက်ေတြမ်ားတယ္ေပါ့။ ညတုန္းက သူ Suprise လုပ္ေတာ့ ႐ုတ္တရက္ ဝမ္းနည္းၿပီးေတာ့ ငိုေသးတယ္။သူ႔ညီမေလးကို သူကအရမ္းခ်စ္ေတာ့ေလ ဘယ္ခ်ိန္ထဲက လက္ေဆာင္ကို ခိုးဝယ္ထားလဲမသိဘူး။ ေမႀကီးနဲ႔သြားဝယ္တာတဲ့”ဆိုၿပီး အေမနဲ႕ အမရဲ႕ ေမြးေန႕ Supriseလက္ေဆာင္ေလးရခဲ့တဲ့ အေၾကာင္းကို ေျပာၾကားလာတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ေမာ္ေလး မ်က္ရည္က်တဲ့ အထိျဖစ္ခဲ့ရတဲ့ ဗီဒီယိုဖိုင္ေလးကိုလည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source : Exclusive On CeleGabar
Chilli – CeleGabar

error: Content is protected !!