Paris Fashion Week ရဲ့နောက်ဆုံးနေ့မှာ အမှတ်တရတွေဖြစ်ခဲ့တယ်ဆိုတဲ့ M ဆိုင်းလု

မြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ M ဆိုင်းလုကတော့ Paris Fashion Week 2019 ကိုတက်ရောက်ခဲ့တာပါ။ဒီပွဲဟာ စက်တင်ဘာလ(၂၃)ကနေပြီး အောက်တိုဘာလ (၁) ရက်နေ့အထိ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ဖက်ရှင်ကျလွန်းတဲ့ စူပါမော်ဒယ်လ် M ဆိုင်းလုကတော့ အခြားနိုင်ငံက လူတွေကြားမှာထင်ပေါ်ခဲ့ပါသေးတယ်။


ဒါကြောင့်လည်း နိုင်ငံခြားကဖက်ရှင်မဂ္ဂဇင်းတွေမှာ လှပပြီးစတိုင်ကျတဲ့သူတစ်ယောက်အဖြစ် ဖော်ပြခြင်းခံရပါသေးတယ်။ပြင်သစ်သူလေးတစ်ယောက်လိုလှရက်လွန်းတယ်လို့လည်းဆိုကြပါတယ်။ Paris Fashion Week ကို တက်ရောက်ဖို့ကတော့ M ဆိုင်းလုရဲ့အိမ်မက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြင်သစ်မြေမှာ ပျော်ရွှင်တက်ကြွနေတဲ့M ဆိုင်းလုပုံရိပ်တွေကိုမြင်တွေ့ရတာပါ။Paris Fashion Week ရဲ့နောက်ဆုံးနေ့မှာ ဆိုင်းလုဟာကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton ကိုဝတ်ဆင်ပြီး ပွဲတက်ခဲ့တာပါ။

အနက်ရောင်ဝတ်စုံလေးကိုအထာကျကျ ဝတ်ဆင်ထားတဲ့ M ဆိုင်းလုကတော့ ပဲရစ်သူလေးတွေကြားမှာ တောက်ပနေမှာအမှန်ပါပဲ။ ဆိုင်းလုရဲ့ဖေ့ဘွတ်ခ်မှာတော့“Paris မြို့ရဲ့ အထင်ကရပြတိုက် louvre museumမှာကျင်းပခဲ့တာကတော့ လုံးဝ magical moment
တစ်ခုပါဘဲ။အမှတ်တရများစွာနဲ့ Paris Fashion week Spring summer 2020 ရဲ့ နောက်ဆုံးနေ့လေးပါ” လို့ရေးသားထားတာဖြစ်ပါတယ်။ရှိုးပွဲတက်ရောက်ရင်း ဆိုင်းလုတစ်ယောက် မေ့မရနိုင်တဲ့အမှတ်တရတွေရရှိခဲ့ပုံပါပဲနော်…။
Source:MSengLu
Sweet – CeleGabar
ဖော်ဂျီဗားရှင်း

Paris Fashion Week ရဲ႕ေနာက္ဆံုးေန႔မွာ အမွတ္တရေတြျဖစ္ခဲ့တယ္ဆိုတဲ့ M ဆိုင္းလု
ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ M ဆိုင္းလုကေတာ့ Paris Fashion Week 2019 ကိုတက္ေရာက္ခဲ့တာပါ။ဒီပြဲဟာ စက္တင္ဘာလ(၂၃)ကေနၿပီး ေအာက္တိုဘာလ (၁) ရက္ေန႔အထိ ႏွစ္စဥ္က်င္းပတာျဖစ္ပါတယ္။ဖက္ရွင္က်လြန္းတဲ့ စူပါေမာ္ဒယ္လ္ M ဆိုင္းလုကေတာ့ အျခားႏိုင္ငံက လူေတြၾကားမွာထင္ေပၚခဲ့ပါေသးတယ္။


ဒါေၾကာင့္လည္း ႏိုင္ငံျခားကဖက္ရွင္မဂၢဇင္းေတြမွာ လွပၿပီးစတိုင္က်တဲ့သူတစ္ေယာက္အျဖစ္ ေဖာ္ျပျခင္းခံရပါေသးတယ္။ျပင္သစ္သူေလးတစ္ေယာက္လိုလွရက္လြန္းတယ္လို႔လည္းဆိုၾကပါတယ္။ Paris Fashion Week ကို တက္ေရာက္ဖို႔ကေတာ့ M ဆိုင္းလုရဲ႕အိမ္မက္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ျပင္သစ္ေျမမွာ ေပ်ာ္ရႊင္တက္ႂကြေနတဲ့M ဆိုင္းလုပံုရိပ္ေတြကိုျမင္ေတြ႕ရတာပါ။Paris Fashion Week ရဲ႕ေနာက္ဆံုးေန႕မွာ ဆိုင္းလုဟာကမ႓ာေက်ာ္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Louis Vuitton ကို၀တ္ဆင္ၿပီး ပြဲတက္ခဲ့တာပါ။

အနက္ေရာင္၀တ္စံုေလးကိုအထာက်က် ၀တ္ဆင္ထားတဲ့ M ဆိုင္းလုကေတာ့ ပဲရစ္သူေလးေတြၾကားမွာ ေတာက္ပေနမွာအမွန္ပါပဲ။ ဆိုင္းလုရဲ႕ေဖ့ဘြတ္ခ္မွာေတာ့“Paris ျမဳိ႕ရဲ႕ အထင္ကရျပတိုက္ louvre museumမွာက်င္းပခဲ့တာကေတာ့ လုံးဝ magical moment
တစ္ခုပါဘဲ။အမွတ္တရမ်ားစြာနဲ႔ Paris Fashion week Spring summer 2020 ရဲ႕ ေနာက္ဆုံးေန႔ေလးပါ” လို႔ေရးသားထားတာျဖစ္ပါတယ္။ရွိဳးပြဲတက္ေရာက္ရင္း ဆိုင္းလုတစ္ေယာက္ ေမ့မရႏိုင္တဲ့အမွတ္တရေတြရရွိခဲ့ပံုပါပဲေနာ္…။
Source:MSengLu
Sweet – CeleGabar

error: Content is protected !!