ဖေဖေ လင်းလင်းအတွက် မေမေနဲ့အတူ Birthdayသီချင်းလေး ဆိုရင်း မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ ခေတ် နဲ့သစ်လေး

ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တာကို မြင်တွေ့ရမှာပါ။အနုအပညာလောကမှာ အမာခံပရိသတ်များစွာနဲ့ အောင်မြင်ပြီးသားဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ချစ်စရာကောင်းတဲ့ ကိုယ်ပွားလေးဖြစ်တဲ့ ခေတ် နဲ့ သစ်လေးတို့နှစ်ယောက်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်ပါတယ်။

ရိုးရှင်းတဲ့ မိသားစုဘဝလေးကိုဖြတ်သန်းရင် သမီးလေးနှစ်ယောက်နဲ့ အတူ ဘယ်ချိန်ကြည့်ကြည့် မိန်းကလေးတိုင်းငေးမော အားကျရလောက်တဲ့ ဘက်စုံတော်တဲ့ မေမေ ချစ်သုဝေရဲ့ သမီးလေးတွေကို ထိန်းကြောင်းပုံလေးတွေကလည်း အမေကောင်းတစ်ယောက်ပီသတာထက်ကို ပိုပါတယ်။ လိမ္မာပြီး ဖေဖေ မေမေကိုလည်း အရမ်းသိတတ်တဲ့ အရုပ်လေးနဲ့ တူတဲ့ ချစ်စရာအမြွှာလေး နှစ်ယောက်ကတော့ သူလေးတွေရဲ့ အမာခံပရိသတ်တွေနဲ့ ယခုကတည်းက လူချစ်လူခင်များတဲ့ သမီးလေးတွေပါ။

 

ခုလည်း ဖေဖေ လင်းလင်းရဲ့မွေးနေ့ပွဲလေးပါ ပကာသနတွေမပါပဲ မိသားစု သုံးယောက်တူတူ အိမ်နေရင်း ပုံစံလေးတွေနဲ့ ဖေဖေနဲ့ မီးမီးလေးတွေအကြိုက် ကိတ်မုန့်လေးတွေကို မေမေက ပြင်ဆင်ပေးပြီး သမီးလေးတွေနဲ့ အတူ Birthdayသီချင်းလေး ဆိုရင် မွေးနေ့ပွဲလေးကို မိသားစုလေးယောက်ရိုးရှင်းစွာကျင်းပခဲ့တာဖြစ်ပါတယ်။ စကားတတ်တဲ့ ခေတ်နဲ့ သစ်လေးက ဖေဖေ ကိတ်မုန့်က ဖယောင်းတိုင်မီးတွေကို လုပြီး မှုတ်နေတာလေးကို ကြည့်ပြီး ပီတိဖြစ်မိလို့ ပရိသတ်တွေလည်း အပြုံးလေးတွေ ဝေဆာစေဖို့အတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်နော်။

Source:Chit Thu Wai

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)

ေဖေဖ လင္းလင္းအတြက္ ေမေမနဲ႔အတူ Birthdayသီခ်င္းေလး ဆိုရင္း ေမြးေန႔ပြဲေလး က်င္းပေပးခဲ့တဲ့ ေခတ္ နဲ႔သစ္ေလး

ခ်စ္စရာေကာင္းၿပီး ေႏြးေထြးတဲ့ မိသားစုေလးအျဖစ္ပရိသတ္ေတြ အားက်ရတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ မိသားစုေလးက ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္တာကို ျမင္ေတြ႕ရမွာပါ။အႏုအပညာေလာကမွာ အမာခံပရိသတ္မ်ားစြာနဲ႔ ေအာင္ျမင္ၿပီးသားျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံရဲ႕ခ်စ္စရာေကာင္းတဲ့ ကိုယ္ပြားေလးျဖစ္တဲ့ ေခတ္ နဲ႔ သစ္ေလးတို႔ႏွစ္ေယာက္ကလည္း ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးေတြျဖစ္ပါတယ္။

႐ိုးရွင္းတဲ့ မိသားစုဘဝေလးကိုျဖတ္သန္းရင္ သမီးေလးႏွစ္ေယာက္နဲ႔ အတူ ဘယ္ခ်ိန္ၾကည့္ၾကည့္ မိန္းကေလးတိုင္းေငးေမာ အားက်ရေလာက္တဲ့ ဘက္စုံေတာ္တဲ့ ေမေမ ခ်စ္သုေဝရဲ႕ သမီးေလးေတြကို ထိန္းေၾကာင္းပုံေလးေတြကလည္း အေမေကာင္းတစ္ေယာက္ပီသတာထက္ကို ပိုပါတယ္။ လိမၼာၿပီး ေဖေဖ ေမေမကိုလည္း အရမ္းသိတတ္တဲ့ အ႐ုပ္ေလးနဲ႔ တူတဲ့ ခ်စ္စရာအႁမႊာေလး ႏွစ္ေယာက္ကေတာ့ သူေလးေတြရဲ႕ အမာခံပရိသတ္ေတြနဲ႔ ယခုကတည္းက လူခ်စ္လူခင္မ်ားတဲ့ သမီးေလးေတြပါ။

ခုလည္း ေဖေဖ လင္းလင္းရဲ႕ေမြးေန႔ပြဲေလးပါ ပကာသနေတြမပါပဲ မိသားစု သုံးေယာက္တူတူ အိမ္ေနရင္း ပုံစံေလးေတြနဲ႔ ေဖေဖနဲ႔ မီးမီးေလးေတြအႀကိဳက္ ကိတ္မုန႔္ေလးေတြကို ေမေမက ျပင္ဆင္ေပးၿပီး သမီးေလးေတြနဲ႔ အတူ Birthdayသီခ်င္းေလး ဆိုရင္ ေမြးေန႔ပြဲေလးကို မိသားစုေလးေယာက္႐ိုးရွင္းစြာက်င္းပခဲ့တာျဖစ္ပါတယ္။ စကားတတ္တဲ့ ေခတ္နဲ႔ သစ္ေလးက ေဖေဖ ကိတ္မုန႔္က ဖေယာင္းတိုင္မီးေတြကို လုၿပီး မႈတ္ေနတာေလးကို ၾကည့္ၿပီး ပီတိျဖစ္မိလို႔ ပရိသတ္ေတြလည္း အၿပဳံးေလးေတြ ေဝဆာေစဖို႔အတြက္ ျပန္လည္ေဝမွ်လိုက္ရပါတယ္ေနာ္။

error: Content is protected !!