ဘောလိဝုဒ်သီချင်းလေးနဲ့ တဟားဟားရယ်နေရတဲ့ မြင့်မြတ်နဲ့ အိချောပို တို့ရဲ့ အခွီ Tiktok လေး

သဘာဝဆန်တဲ့ မင်းသားကြီးအဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ကတော့ ရုပ်တည်ကြီးနဲ့ ပျော်စရာပုံတွေလုပ်တတ်တာကြောင့် ပရိသတ်တွေက အရမ်းကို ချစ်ပြီး အားပေးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ထိုအတူ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေကို ဖမ်းစားနိုင်သူလေးအဖြစ် နာမည်ကြီးတဲ့ မင်းသမီးချောလေး အိချောပိုကလည်း အမာခံပရိသတ်များစွာနဲ့ အနုပညာလောကမှာ နာမည်ကြီးနေတဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာ ပရိသတ်တွေအတွက် နောက်ထပ် ဇာတ်ကားကောင်းတွေကို ပြသနိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိပြီး တခါတရံမှာလည်း ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက် Tiktok အခွီလေးတွေကို ဆော့တတ်ပါသေးတယ်။ အခုလည်း ပရိသတ်တွေ တဟားဟာားနဲ့ ပါးစပ် မစေ့နိုင်လောက်အောင် ဖြစ်သွားစေမယ့် မြင့်မြတ်ရဲ့ Tiktok လေးကို မြင်တွေ့ရမှာပါ။

အခုတခါမှာတော့ တမျိုးဆန်းအောင် ကုလားသီချင်းလေးနဲ့ အတူ အခွီတလိုင်းဆော့ထားတဲ့ မြင့်မြတ်၊ အိချောပိုနဲ့ ဟာသလူရွှင်တော်နှစ်ယောက်တို့ရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဘယ်လို တွေ ခွီပြီး စတိုင်အဆန်းတွေနဲ့ Tiktok ဆော့ထားမလဲဆိုတာကို ခုပဲ ဗီဒီယိုလေးကို ကြည့်လိုက်ပါတော့…ပရိသတ်ကြီးရေ။

Source:Ei Chaw Po

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)






error: Content is protected !!