“Underground ရုပ်ရှင်ဇာတ်ကားအတွက် တစ်နိုင်ငံလုံးက အကဝါသနာရှင်တွေကို ပါဝင်ပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့တဲ့ ယုန်လေး”

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။ယုန်လေးတစ်ယောက် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးခဲ့တဲ့ “အော်ရီဂျင်နယ် ဂိုဏ်းစတား”၊ “အထူးတပ်ဖွဲ့ဝင် (၉)ယောက်”၊ “သတိ အန္တရာယ်ရှိသည်”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံပြည့် ရုံလျှံအားပေးတဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။

ယုန်လေးဟာ ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို ဝါသနာကြီးသလို အနုပညာမှာ ဝါသနာပါတဲ့ လူငယ်တွေကိုလည်း လက်တွဲခေါ်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မကြာသေးမီကလည်း ဂီတကို ဝါသနာပါပြီးရူးသွပ်တဲ့ Rapကျားကြီး၊Mcကယားလေးတို့ လူငယ်လေး နှစ်ယောက်ကိုလည်း မြေတောင်မြှောက်ပေးကာ ကူညီမှုတွေပေးအပ်ခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ လတ်တလောမှာလည်း ယုန်လေးဟာ “Underground”လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဒါရိုက်တာအနေနဲ့ ထပ်မံရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကြီးမှာ တစ်နိုင်ငံလုံးက အနုပညာရှင်တွေကို ပူးပေါင်းပါဝင်ပေးဖို့ကို “ရိုက်ခဲ့တာတွေ ကြည့်ပြီး ပီတိဖြစ်မိ။ ဒီ Underground ကားမှာ တစ်နိုင်ငံလုံးမှ အက ပညာရှင် ဝါသနာရှင်များ ပါဝင်ပူးပေါင်းပေးဖို့ (၁၂) ရက်နေ့ကို ဖိတ်ခေါ်ပါတယ်။လူကတော့ ဂျပန်ဖိနပ်နဲ့ လမ်းလျောက်တယ်။ဖန်တီးတဲ့ အနုပညာတော့ ခမ်းနားစေရပါတယ်။ (၁၂) ရက်နေ့ ဆုံကျမယ်။ အားလုံး Peace “လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာရော ဘယ်လိုဇာတ်ကားကောင်းကြီးကို ထပ်မံကြည့်ရှူရဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Source : Yone Lay
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်း

“Underground ႐ုပ္ရွင္ဇာတ္ကားအတြက္ တစ္ႏိုင္ငံလံုးက အကဝါသနာရွင္ေတြကို ပါဝင္ပူးေပါင္းဖို႕ဖိတ္ေခၚခဲ့တဲ့ ယုန္ေလး”

ယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြရရွိထားတဲ့ အနုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ သာမက သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြကို ပါဝင္ရိုက္ကူးေနျပီး ဒါရိုက္တာတစ္ေယာက္အေနနဲ႕လည္း အက္ရွင္ ရုပ္ရွင္ဇာတ္ကားေကာင္းၾကီးမ်ားစြာကို ရိုက္ကူးေနပါေသးတယ္။ယုန္ေလးတစ္ေယာက္ ဒါရိုက္တာ အေနနဲ႕ ရိုက္ကူးခဲ့တဲ့ “ေအာ္ရီဂ်င္နယ္ ဂိုဏ္းစတား”၊ “အထူးတပ္ဖြဲ႕ဝင္ (၉)ေယာက္”၊ “သတိ အႏၱရာယ္ရွိသည္”စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြကလည္း ရံုျပည့္ ရံုလွ်ံအားေပးတဲ့ အထိေအာင္ျမင္မႈရရွိခဲ့တဲ့ ဇာတ္ကားၾကီးေတြပဲျဖစ္ပါတယ္။

ယုန္ေလးဟာ ကိုယ္တိုင္ကလည္း အနုပညာအလုပ္ေတြကို ဝါသနာၾကီးသလို အနုပညာမွာ ဝါသနာပါတဲ့ လူငယ္ေတြကိုလည္း လက္တြဲေခၚေပးေနတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။မၾကာေသးမီကလည္း ဂီတကို ဝါသနာပါၿပီး႐ူးသြပ္တဲ့ Rapက်ားႀကီး၊Mcကယားေလးတို႕ လူငယ္ေလး ႏွစ္ေယာက္ကိုလည္း ေျမေတာင္ေႁမွာက္ေပးကာ ကူညီမႈေတြေပးအပ္ခဲ့တာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ လတ္တေလာမွာလည္း ယုန္ေလးဟာ “Underground”လို႕ အမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားတစ္ကားကို ဒါ႐ိုက္တာအေနနဲ႕ ထပ္မံ႐ိုက္ကူးသြားမွာျဖစ္တယ္လို႕ သိရပါတယ္။

ဒီဇာတ္ကားႀကီးမွာ တစ္ႏိုင္ငံလံုးက အႏုပညာရွင္ေတြကို ပူးေပါင္းပါဝင္ေပးဖို႕ကို “ရိုက္ခဲ့တာေတြ ၾကည့္ၿပီး ပီတိျဖစ္မိ။ ဒီ Underground ကားမွာ တစ္ႏိုင္ငံလံုးမွ အက ပညာရွင္ ဝါသနာရွင္မ်ား ပါဝင္ပူးေပါင္းေပးဖို႔ (၁၂) ရက္ေန႔ကို ဖိတ္ေခၚပါတယ္။လူကေတာ့ ဂ်ပန္ဖိနပ္နဲ႔ လမ္းေလ်ာက္တယ္။ဖန္တီးတဲ့ အႏုပညာေတာ့ ခမ္းနားေစရပါတယ္။ (၁၂) ရက္ေန႔ ဆံုက်မယ္။ အားလံုး Peace “လို႕ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ဒီတစ္ေခါက္မွာေရာ ဘယ္လိုဇာတ္ကားေကာင္းႀကီးကို ထပ္မံၾကည္႔ရွဴရဦးမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

Source : Yone Lay
Chilli – CeleGabar

error: Content is protected !!