” ဇာတ်သဘင်အဖွဲ့သားတွေကို သီတင်းကျွတ်မုန့်ဖိုးဝေခဲ့တဲ့ ဖိုးချစ် “

အခုဆိုရင် သီတင်းကျွတ်ရာသီအခါသမယကို ရောက်ရှိလာပါပြီနော်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအတိုင်း အသက်အရွယ်ကြီးရင့်တဲ့သူတွေကို အသက်ငယ်သူတွေက သီတင်းကျွတ်အခါသမယမှာ သွားရောက်ကန်တော့ကြတဲ့အခါ ကန်တော့ခံရတဲ့သူတွေက မုန့်ဖိုးပြန်ပေးလေ့ အလေ့အထလေးကတော့ တခြားသော နိုင်ငံရပ်ခြားတွေမှာ မတွေ့ရတဲ့ ယဉ်ကျေးမှုအလေ့အထလေးပါပဲနော်။အလုပ်အကိုင်ဋ္ဌာနတွေမှာဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းတွေမှာ ဖြစ်ဖြစ် လက်အောက်ငယ်သားတွေကို သီတင်းကျွတ်အခါသမယမှာ မုန့်ဖိုးပေးတဲ့ အလေးအထလေးတွေလည်း ပြုလုပ်လေ့ရှိပါသေးတယ်။

လက်ရှိမှာတော့ ဇာတ်မင်းသား ဖိုးချစ်ဟာလည်း သီတင်းကျွတ်လရဲ့ အစမှာ သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေကို သီတင်းကျွတ် မုန့်ဖိုးဝေပေးခဲ့တာပါ။ဇာတ်သဘင်အဖွဲ့သားတစ်ယောက်မကျန်အပြင် ကလေးတွေကိုပါ မုန်ဖြိုးတွေပေးခဲ့နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ မုန့်ဖိုးတွေဝေရုံတင်မကဘဲ ဇာတ်သဘင်အဖွဲ့သားတွေကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံတဲ့ ဖိုးချစ်ရဲ့အကြီးအကဲ တစ်ယောက်ရဲ့ စိတ်ထားလေးကို ဗီဒီယိုကိုကြည့်ပြီးတဲ့သူတိုင်း ခံစားမိစေမှာပါ။

ဖိုးချစ်ကတော့ သဘင်ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အပြင် အလှူအတန်းတွေဆိုလည်း လက်မနှေးတဲ့ ဇာတ်သဘင်မင်းသားတစ်လက်ပါ။ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေက ဖိုးချစ်ဇာတ်ပွဲဆို အထူးနှစ်ခြိုက်အားပေးလေ့ရှိတယ်လို့ဆိုရမှာပါ။ ဖိုးချစ်ရဲ့အချစ်ရေးကတော့ မေလ (၁)ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းပြီးတဲ့ သူတစ်ယောက်ပါ။ CeleGabar ပရိသတ်ကြီးလည်း ဖိုးချစ်ရဲ့ သီတင်းကျွတ်မုန့်ဖိုးဝေနေတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သီတင်းကာလမှာ လူကြီးမိဘ ၊ဘိုးဘွားတွေဆီက မုန့်ဖိုးတောင်းဖို့ စိတ်ကူးမိနေကြပြီးလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : မြို့ရွှေမန်းသား ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ဇာတ္သဘင္အဖြဲ့သားေတြကို သီတင္းကၽြတ္မုန့္ဖိုးေဝခဲ့တဲ့ ဖိုးခ်စ္ ”

အခုဆိုရင္ သီတင္းကၽြတ္ရာသီအခါသမယကို ေရာက္ရွိလာပါၿပီေနာ္။ ျမန္မာတို႕ရဲ႕ ဓေလ့ထံုးစံအတိုင္း အသက္အရြယ္ႀကီးရင့္တဲ့သူေတြကို အသက္ငယ္သူေတြက သီတင္းကၽြတ္အခါသမယမွာ သြားေရာက္ကန္ေတာ့ၾကတဲ့အခါ ကန္ေတာ့ခံရတဲ့သူေတြက မုန့္ဖိုးျပန္ေပးေလ့ အေလ့အထေလးကေတာ့ တျခားေသာ ႏုိင္ငံရပ္ျခားေတြမွာ မေတြ့ရတဲ့ ယဥ္ေက်းမႈအေလ့အထေလးပါပဲေနာ္။အလုပ္အကိုင္႒ာနေတြမွာျဖစ္ျဖစ္ ကိုယ္ပိုင္လုပ္ငန္းေတြမွာ ျဖစ္ျဖစ္ လက္ေအာက္ငယ္သားေတြကို သီတင္းကၽြတ္အခါသမယမွာ မုန့္ဖိုးေပးတဲ့ အေလးအထေလးေတြလည္း ျပဳလုပ္ေလ့ရွိပါေသးတယ္။

လက္ရွိမွာေတာ့ ဇာတ္မင္းသား ဖိုးခ်စ္ဟာလည္း သီတင္းကၽြတ္လရဲ႕ အစမွာ သူ႕ရဲ႕ ဇာတ္သဘင္အဖြဲ့သားေတြကို သီတင္းကၽြတ္ မုန့္ဖိုးေဝေပးခဲ့တာပါ။ဇာတ္သဘင္အဖြဲ့သားတစ္ေယာက္မက်န္အျပင္ ကေလးေတြကိုပါ မုန္ျဖိုးေတြေပးခဲ့ေနတဲ့ ဗီဒီယိုဖိုင္ေလးကို ပရိသတ္ေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။ မုန့္ဖိုးေတြေဝရံုတင္မကဘဲ ဇာတ္သဘင္အဖြဲ့သားေတြကို ရင္းႏွီးေဖာ္ေရြစြာ ဆက္ဆံတဲ့ ဖိုးခ်စ္ရဲ႕အႀကီးအကဲ တစ္ေယာက္ရဲ႕ စိတ္ထားေလးကို ဗီဒီယိုကိုၾကည့္ၿပီးတဲ့သူတိုင္း ခံစားမိေစမွာပါ။

ဖိုးခ်စ္ကေတာ့ သဘင္ဥကၠ႒တစ္ေယာက္ျဖစ္တဲ့အျပင္ အလွဴအတန္းေတြဆိုလည္း လက္မေႏွးတဲ့ ဇာတ္သဘင္မင္းသားတစ္လက္ပါ။ အနယ္နယ္အရပ္ရပ္က ပရိသတ္ေတြက ဖိုးခ်စ္ဇာတ္ပြဲဆို အထူးႏွစ္ျခိဳက္အားေပးေလ့ရွိတယ္လို႕ဆိုရမွာပါ။ ဖိုးခ်စ္ရဲ႕အခ်စ္ေရးကေတာ့ ေမလ (၁)ရက္ေန့မွာ ေစ့စပ္ေၾကာင္းလမ္းၿပီးတဲ့ သူတစ္ေယာက္ပါ။ CeleGabar ပရိသတ္ႀကီးလည္း ဖိုးခ်စ္ရဲ႕ သီတင္းကၽြတ္မုန့္ဖိုးေဝေနတဲ့ ဗီဒီယိုဖိုင္ေလးကိုၾကည့္ၿပီး သီတင္းကာလမွာ လူႀကီးမိဘ ၊ဘိုးဘြားေတြဆီက မုန့္ဖိုးေတာင္းဖို႕ စိတ္ကူးမိေနၾကၿပီးလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : ျမိဳ႕ေရႊမန္းသား ဖိုးခ်စ္တို႕ကတဲ့ ဇာတ္အလွသဘင္
Shwe Poe – CeleGabar

error: Content is protected !!