“ချစ်ခင်ရတဲ့ ပရိသတ်တွေကို လက်ဆောင်လေးတွေပြန်ပေးဖို့ စီစဉ်နေတဲ့ ဟန်တီ”

ဟန်တီကတော့ အနုပညာလောကမှာ အားပေးချစ်ခင်တဲ့ ပရိသတ်တွေ အမြောက်အမြားရရှိထားတဲ့ အထိကိုအောင်မြင်နေတဲ့ သူတစ်ယောက်ပါ။ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေကို (၂)ကြိမ်တိတိဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ဟန်တီ့ကို အားပေးချစ်ခင်တဲ့ သူ့ရဲ့ပရိသတ်တွေကလည်း သူ့ကို မကြာခဏဆိုသလို အမှတ်တရလက်ဆောင်လေးတွေ ပို့ပေးလေ့ရှိပြီး တချို့ ပရိသတ်တွေရဲ့ လက်ဆောင်လေးတွေက ဟန်တီ့အတွက် မေတ္တာနဲ့ ပေးတဲ့ လက်ဆောင်လေးတွေဖြစ်တာကြောင့် တန်ဖိုး ဖြတ်လို့မရနိုင်ဖြစ်နေရပါတယ်။ဟန်တီကိုယ်တိုင်ကလည်း ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ ပရိသတ်တွေကို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ပြန်လည်ဆက်ဆံလေ့ ရှိပါတယ်။

ဒီနေ့ အောက်တိုဘာလ (၃)ရက်နေ့မှာတော့ ဟန်တီက သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေအတွက် လက်ဆောင်လေးတွေပြန်လည်ပေးဖို့ စီစဉ်နေတဲ့ အကြောင်းကို “အကြံဉာဏ်လေးတောင်းပါရစေ။ဟန်တီက ဟန်တီ့ကိုချစ်ခင်တဲ့သူတွေကို လက်ဆောင်ပေးချင်လို့ Present from Han Thi (ရိုက်ပေးတဲ့ဆီကစာလုံးသေးသေးလေးနဲ့ရိုက်ပေးတော့ မနည်းတော့ပြူးပြဲကြည့်ရမယ်) ဆိုပြီး ရေးထားတဲ့ ဓါတ်ဘူးလေး ပေးချင်ပါတယ်။အများကြီးလည်းမရှိတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပြီး အကြံဉာဏ်လေးတွေလည်းပေးကြဖို့ ပြောထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဟန်တီလေး ကို အကြံဉာဏ်လေးတွေပေးလိုက်ကြပါဦးနော်။

Source : Han Thi
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်း

“ခ်စ္ခင္ရတဲ့ ပရိသတ္ေတြကို လက္ေဆာင္ေလးေတြျပန္ေပးဖို႔ စီစဥ္ေနတဲ့ ဟန္တီ”

ဟန္တီကေတာ့ အႏုပညာေလာကမွာ အားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြ အေျမာက္အျမားရရွိထားတဲ့ အထိကိုေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ပါ။ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာလည္း ျမန္မာႏိုင္ငံရဲ႕ ကိုယ္စားျပဳအလွမယ္တစ္ေယာက္အေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြကို (၂)ႀကိမ္တိတိဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။

ဟန္တီ့ကို အားေပးခ်စ္ခင္တဲ့ သူ႔ရဲ႕ပရိသတ္ေတြကလည္း သူ႔ကို မၾကာခဏဆိုသလို အမွတ္တရလက္ေဆာင္ေလးေတြ ပို႔ေပးေလ့ရွိၿပီး တခ်ိဳ႕ ပရိသတ္ေတြရဲ႕ လက္ေဆာင္ေလးေတြက ဟန္တီ႕အတြက္ ေမတၱာနဲ႔ ေပးတဲ့ လက္ေဆာင္ေလးေတြျဖစ္တာေၾကာင့္ တန္ဖိုး ျဖတ္လို႔မရႏိုင္ျဖစ္ေနရပါတယ္။ဟန္တီကိုယ္တိုင္ကလည္း ဟန္ေဆာင္မႈကင္းၿပီး မာန္မာနမရွိတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕ ပရိသတ္ေတြကို ခ်စ္ခ်စ္ခင္ခင္ရင္းရင္းႏွီးႏွီး ျပန္လည္ဆက္ဆံေလ့ ရွိပါတယ္။

ဒီေန႔ ေအာက္တိုဘာလ (၃)ရက္ေန႔မွာေတာ့ ဟန္တီက သူ႔ကို အားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြအတြက္ လက္ေဆာင္ေလးေတြျပန္လည္ေပးဖို႔ စီစဥ္ေနတဲ့ အေၾကာင္းကို “အႀကံဉာဏ္ေလးေတာင္းပါရေစ။ဟန္တီက ဟန္တီ့ကိုခ်စ္ခင္တဲ့သူေတြကို လက္ေဆာင္ေပးခ်င္လို႔ Present from Han Thi (႐ိုက္ေပးတဲ့ဆီကစာလုံးေသးေသးေလးနဲ႔႐ိုက္ေပးေတာ့ မနည္းေတာ့ျပဴးၿပဲၾကည့္ရမယ္) ဆိုၿပီး ေရးထားတဲ့ ဓါတ္ဘူးေလး ေပးခ်င္ပါတယ္။အမ်ားႀကီးလည္းမရွိေတာ့ ဘယ္လိုလုပ္ရင္ေကာင္းမလဲ”ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားၿပီး အၾကံဉာဏ္ေလးေတြလည္းေပးၾကဖို႕ ေျပာထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ဟန္တီေလး ကို အၾကံဉာဏ္ေလးေတြေပးလိုက္ၾကပါဦးေနာ္။

Source : Han Thi
Chilli – CeleGabar
ေဇာ္ဂ်ီ ဗားရွင္း

error: Content is protected !!