” ရခိုင်တိုင်းရင်းသားလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသွေး ကွယ်လွန်ပြီး (၁)နှစ်ပြည့် မှာ လွမ်းဆွတ်ကြောင်း သတိတရ ရင်ဖွင့်လိုက်တဲ့ နေရဲ “

ဒီနေ့ အောက်တိုဘာ (၃)ရက်နေ့ကတော့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင် မင်းသွေး ကွယ်လွန်ခဲ့တဲ့ (၁)နှစ်ပြည့်လေးပါ။ပရိသတ်တွေသာမက အနုပညာရှင်တွေပါ သတိတရနဲ့ လွမ်းဆွတ်နေကြတာ အမှန်ပါပဲနော်။ တောက်ပနေတဲ့ အနုပညာကြယ်ပွင့်လေး စောစောစီးစီးကြွေဆင်းခဲ့ရလို့ အနုပညာလောကအတွက် စိတ်မကောင်းစရာ ကိစ္စတစ်ရပ်လို့ ဆိုရမှာပါ။

မင်းသွေးကို သတိတရနဲ့ လွမ်းဆွတ်တမ်းတကြတဲ့ အနုပညာရှင်တွေထဲမှာ ဝါရင့် ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေရဲလည်း တစ်ယောက်အပါအဝင်ပါပဲ။ ညီအစ်ကိုလို ခင်မင်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ သူတွေဖြစ်လို့ ဒီလိုနေ့ရက်ဟာတော့ ပူဆွေး သတိရစေတဲ့ ရက်တစ်ရက်လို့ဆိုရမှာပါ။ အရာရာမှာ ကူညီတတ်တဲ့ မင်းသွေးကတော့ နေရဲကို အစ်ကိုတစ်ယောက်လို အကူအညီတွေလည်းပေးခဲ့ဖူးတာပါပဲနော်။

အနုပညာအလုပ်တွေလည်းအတူတူလုပ်ခဲ့ကြတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ပြီး မင်းသွေးနောက်ဆုံးရိုက်ကူးခဲ့တဲ့ ” သတ်ကွင်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မင်းသွေးနဲ့အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ အမှတ်ရစရာတွေများလွန်းခဲ့တဲ့အတွက် ဒီနေ့မှာတော့ မင်းသွေးမဆုံးခင် (၂၀၁၈ ) ခုနှစ် အောက်တိုလာလ (၃) ရက်နေ့မှာ မက်စင်ဂျာ မှာ ပြောဖြစ်ခဲ့တာလေးတွေကို သတိတရနဲ့ ပြန်တင်ကာ ” ကိုကြီးရေ သတိရလိုက်တာဗျာ ” ဆိုတဲ့ စာသားလေးနဲ့ အတု သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော မင်းသွေးကို သတိရမိတယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Nay Ye
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source :Nay Ye
Shwe Poe – CeleGabar

error: Content is protected !!