Justin Bieber ရဲ့လက်ထပ်ပွဲအပြီး အပြုံးတွေနဲ့လန်းဆန်းတက်ကြွနေတဲ့ စတိုင်အသစ်နဲ့Selena
Justin Bieber တစ်ယောက် ဒုတိယအကြိမ်မိတ်ဆွေတွေနဲ့မင်္ဂလာပွဲကျင်းပအပြီးမှာ Selena ကိုပရိသတ်တွေ စိတ်ဝင်စားနေပြန်ပါတယ်။သူတို့နှစ်ဦးဟာကာလကြာရှည်ချစ်ခဲ့ကြပြီး ပရိသတ်တွေအချစ်ခင်ခံရဆုံးစုံတွဲတစ်တွဲလည်းဖြစ်ခဲ့တာပါ။JBတစ်ယောက်အတည်တကျလက်ထပ်ပွဲကျင်းပအပြီးမှာ Selena ရဲ့ဆံပင်စတိုင်အသစ်နဲ့မိတ်ကပ်အပြင်အဆင်တွေကတော့ အသစ်တစ်ဖန်ပြန်စတဲ့အမှတ်အသားလိုပါပဲ။
ပရိသတ်တွေဆံပင်အတိုဖောင်းဖောင်းလေးကိုတွေ့နေကျဖြစ်ပေမဲ့ အခုတော့စတိုင်အသစ်နဲ့ အပြတ်လန်းနေပြန်ပါပြီ။ကျောလယ်လောက်ရှိတဲ့ဆံပင်အတိုလေးကိုကောက်ထားတာဟာ မိန်းကလေးဆန်ဆန်နဲ့လှနေပြန်ပါတယ်။ ဒါ့အပြင် overall ဂျင်းအနက်ကလေးနဲ့ လွတ်လပ်ပေါ့ပါးနေဟန်ရှိပါတယ်။အထူးသဖြင့်တော့ လန်းဆန်းတက်ကြွနေတဲ့ သူ့မျက်နှာကအပြုံးတွေပါပဲ။
Selena တစ်ယောက်ဟာ အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာကုသမှုကိုခံယူထားခဲ့ရတာပါ။ လက်ရှိန်အချိန်မှာတည်ငြိမ်လာပြီဖြစ်တဲ့ Selena ဟာအလုပ်တွေကိုပုံမှန်လုပ်နေပြီြုဖစ်သလို စီးပွားရေးလုပ်ငန်းအသစ်တွေချဲ့ထွင်ဖို့ကိုတောင်မှကြိုးပမ်းနေတာဖြစ်ပါတယ်။
Source:E!news
Sweet – CeleGabar
ဇော်ဂျီဗားရှင်း
Source:E!news
Sweet – CeleGabar
error: Content is protected !!