အသက် ၃၇ နှစ်ပေမယ့် ‌‌၁၆နှစ်သမီးလေးလို နုပျိုလှပနေတဲ့ မယ်လိုဒီရဲ့ ချစ်စရာပုံရိပ်များ

အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက် အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက သရုပ်ဆောင်ကောင်းတဲ့ ဝါရင့် မင်းသမီးတစ်ဦးဖြစ်တဲ့ အပြင် လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးလျက်ရှိပါတယ်။ လက်ရှိမှာတော့ သားလေးအတွက် မိခင်ကောင်းတစ်ယောက်ပီသအောင်ကြိုးစားရင်း သားလေးကို အချိန်ပိုပေးရင်း သူမရဲ့အချိန်တွေကို ကုန်ဆုံးနေသူတစ်ယောက်ပါ။

တစ်သားမွေးတစ်သွေးလှဆိုသလို နုပျိုပြီး ချစ်စရာကောင်းတဲ့ မယ်လိုဒီက တစ်ဦးတည်းသော သားလေးကို လိမ္မာယဥ်ကျေးအောင် ဆုံးမသွန်သင်တဲ့ နေရာမှာလည်း အရမ်းကို ထက်မြတ်ပြီးတော်တဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေသိကြတဲ့ အတိုင်း အိမ်ထောင်မကျစဥ်ကတည်းက သွယ်လျပြီး ဆွဲဆောင်မှုရှိတဲ့ မယ်လိုဒီရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် အမာခံပရိသတ်တွေရဲ့ အား‌ပေးမှုတွေများစွာကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။

 

ယခုဆိုရင် အသက်လတ်ပိုင်းကို ရောက်ရှိနေပြီဖြစ်တဲ့ မေမေ မယ်လိုဒီက တခါတရံမှာလည်း ငယ်ငယ်တုန်းကလို ချစ်စရာကောင်းအောင် ပုံလေးတွေတင်တတ်ပါသေးတယ်။ အခုလည်း “၃ရနှစ်ကျော်လာပေမယ့် ၁၆နှစ်လို့ထင်မိတဲ့အခိုက်အတန့် နတ်သမီးနှင့်သူငယ်ပြန်ခြင်း” ဆိုပြီး မိန်းကလေးတွေကြားမှာ ခေတ်စားနေတဲ့ ချစ်စရာကောင်းတဲ့ Sticker ပုံလေးတွေသုံးပြီး ပရိသတ်တွေအတွက် အသည်းယားအောင် ချစ်စရာပုံလေးတွေတင်ထားတာကို ပြန်လည်ဝေမျှလိုက်ရပါတယ်။

 

Source:MelodyMyo

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)


 




error: Content is protected !!