“တစ်ခါမှမကန်တော့ခဲ့ဘူးတဲ့ ငွေပမာဏနဲ့ မိဘတွေကို ကန်တော့ ပြီးပါပြီဆိုတဲ့ သင်ဇာ”

သီတင်းကျွတ်အခါသမယကို ရောက်ရှိလာပြီဆိုရင် အသက်အရွယ်အားဖြင့်ကြီးသူ ဆရာ သမားမိဘဆွေမျိုးတို့ကို ကန်တော့ကြတာကလည်း မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းလှတဲ့ မိရိုးဖလာဓလေ့ထုံးတမ်းအစဉ်အလာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလို ကန်တော့ကြပြီဆိုရင်လည်း ကန်တော့ခံလူကြီးသူမတွေက မုန့်ဖိုးပြန်ပေးကြတာလည်း သီတင်းကျွတ်လရဲ့ ဝါကျွတ်ကာလ ပြရုပ်လေးတစ်ခုပါ။ဒီလို ကန်တော့ကြတဲ့ အထဲမှာမှ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ထူးထူးဆန်းဆန်းအနေနဲ့ သီတင်းမကျွတ်ခင်ကတည်း က ဖေဖေနဲ့မေမေကို ကြိုကန်တော့ ခဲ့တဲ့လို့ သိရပါတယ်။

ဒီလို ကြိုကန်တော့ဖြစ်တာကလည်း “ဖေဖေနဲ့မေမေ လိုအပ်တာတွေဝယ်လို့ရအောင်လို့ သီတင်းကျွတ်မတိုင်ခင်ကတည်းက ကန်တော့ချင်တယ်လို့ပြောပြီး ကန်တော့ပြီးသွားပါပြီး”လို့ ပြောကြားလာတာပဲဖြစ်ပါတယ်။ အဖေနဲ့အမေကို ပစ္စည်းဝယ်ပေးခဲ့တာမဟုတ်ဘဲ ငွေသားနဲ့ပဲကန်တော့ခဲ့တာဖြစ်ပြီး ဒီငွေတွေကတော့ အနုပညာအလုပ်တွေကတွေ ရှာဖွေရရှိထားတဲ့ လုပ်အားခလေးတွေကို စုဆောင်းပြီး ဖေဖေနဲ့မေမေကို ကန်လတော့ဖြစ်တာလို့လည်း သိရပါတယ်။

ဒီတစ်ခေါက်ကန်တော့ဖြစ်တဲ့ ငွေသားပမာဏဟာဆိုရင်လည်း “အရင်တစ်ခါမှ မကန်တော့ခဲ့ဖူးတဲ့ ငွေသားပမာဏနဲ့ ဖေဖေနဲ့ မေမေလည်း နိုင်ငံခြားတွေဘာတွေထွက်ပြီး ဈေးဝယ်ချင်ရင် ဝယ်လို့ရအောင် သီတင်းကျွတ်မတိုင်ခင် ကန်တော့ ချင်တယ်လို့ပြောပြီး ကန်တော့ခဲ့တာ”လို့လည်း သင်ဇာက ဖြေကြားထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မိဘကို သိတတ်လိမ္မာတဲ့ သမီးအလိမ္မာလေး သင်ဇာအတွက် ဂုဏ်ပြုစကာစးလေးတွေပြောသွားပေးပါဦး။

Source : Exclusive On CeleGabar
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်း





Chilli – CeleGabar

error: Content is protected !!