” အသားဖြူတဲ့သူတွေကို မကြိုက်ဘဲ အညိုစင်လေးတွေမှ ကြွေတယ် ဆိုတဲ့ ခင်သဇင် “

ခင်သဇင်ကတော့ မော်ဒယ်လ်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ စတင်သတိထားမိလာသူလေး တစ်ဦးပါ။ ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်နေသူလို့ ဆိုရမှာပါ။ အနုပညာအလုပ်တွေအပြင် ပညာရေးဘက်မှာလည်း ထူးချွန်တဲ့မင်းသမီးလေး ဖြစ်ပြီး ပရဟိတတွေလည်း အမြဲ ပြုလုပ်တတ်သူလေးပါနော်။

အားပေးနေတဲ့ပရိသတ်ကို အနုပညာအလုပ်တွေလုပ်ပြီး ကြိုးစားနေတဲ့အပြင် ကိုယ်တတ်မြောက်ထားတဲ့ပညာတွေနဲ့ ပြည်သူတွေကို အကျိုးပြုစေမယ့်အလုပ်တွေကိုလုပ်ဆောင်ချင်တဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်လေးလို့ ဆိုရမှာပါ။ လတ်တလောမှာလည်း ဆေးအကူအညီတွေမပါဘဲ သဘာဝအတိုင်းဝိတ်ချကာ Gym ကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့မှုကြောင့် တစ်လအတွင်းမှာ သိသာသွယ်လျတဲ့ ဘော်ဒီလေးကို လောလောလတ်လတ်ပိုင်ဆိုင်ထားနိုင်သူလေး ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူလေးပါနော်။

အခုချိန်ထိ ခင်သဇင်ရဲ့ အချစ်ရေးကတော့ ပရိသတ်ကို ထုတ်ဖော်ပြောပြထား တာမျိုး မရှိသေးပါဘူး။ဘော်ဒီအပိုင်းနဲ့ဂရုစိုက်တတ်တဲ့ ခင်သဇင်ကတော့ အသားအရေပိုင်းမှာလည်း အသားအရောင်ကို အဖြူဘက်သွားတာမျိုးကို မကြိုက်ဘဲ အညိုဆင်အသားအရေလေးတွေကို နှစ်သက်ကြောင်း ” အသားဆို ဖြူတာ မကြိုက်ပါဘူးနော်..အညိုဆင်လေးတွေပဲ ကြိုက်တာ ” ဆိုပြီး သူ့ရဲ့အကြိုက်ကိုပြောပြထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော အညိုစင်လေးတွေကို ကြွေတတ်တဲ့ သူတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Khin Thazin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source :Khin Thazin
Shwe Poe – CeleGabar

error: Content is protected !!