


Source : Zarni Myonyunt
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်

” နိုင်ငံခြားကျောင်းမှာတက်ပေမယ့် မြန်မာစာကို ဆုရရှိခဲ့ လို့ သားလေးအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ဖေဖေRဇာနည် ”

အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်အာဇာနည်ကတော့ ပရိသတ်တွေအားပေးမှုအပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အားပေးမှုအပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့သီချင်းတွေကို အရွယ်စုံနှစ်သက်ကြတာပဲ ဖြစ်ပါတယ်။တစ်ချိန်ကအနုပညာလောကထဲကပဲ ဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဇနီးချောလေးဝမ်းကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားချောလေးနှစ်ယောက်ရယ်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးကိုတစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့ တည်ဆောက်ထားတာဆိုရင်ဖြင့်အိမ်ထောင်သက်တမ်းဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကသူတို့နှစ်ဦးကိုချစ်ခင်အားပေးကြတဲ့အပြင် ချစ်စရာကောင်းတဲ့သားလေးတွေကို သည်းသည်းလှုပ်အားပေးကြတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ Rဇာနည်က အရမ်းကိုချစ်စရာကောင်းတဲ့ သားအကြီးလေး ဖစ်ဖစ်တုန်ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။International School တက်ရောက်နေတာဖြစ်ပေမယ့် ဆုတွေအများကြီးထဲကမှ မြန်မာစာဆုကိုရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ကျောင်းမှာတက်တဲ့ကလေးတော်တော်များများက မြန်မာစာအညးနည်းကြပေမယ့် ဖစ်ဖစ်လေးကတော့ ဆုပါရရှိခဲ့တာမို့ Rကြီးကတော့ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။” ဆုတွေတော့ အများကြီးပေးပါတယ်။မြန်မာစာ ၊သင်္ချာ၊အင်္ဂလိပ်၊Science ၊Teamwork ၊Network values၊Topic ၊Art၊Music ၊PE အဲ့ထဲကမှ မြန်မာစာ နဲ့ ဆုရတာပါ။I love you သားကြီး Nyanphone Zarni ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတိတွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ဖစ်ဖစ်တုန်လေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။

Source : Zarni Myonyunt
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်