“ဖခင်ဖြစ်သူ ကွယ်လွန်ခြင်း(၁၀)လပြည့်မှာ အလှူအတန်းလေးတွေပြုလုပ်ပေးခဲ့တဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်”

လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဟိုးအရင်ကတည်းကနေ အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာပါနော်။လင်းဇာနည်ဇော်ကတော့ လက်ရှိအချိန်အထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်နေဆဲဖြစ်ပေမဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်ကတော့ အနုပညာအလုပ်တွေကို ရပ်နားကာ စီးပွားရေးဘက်ကိုပဲ ဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ်။

ညီအစ်မနှစ်ယောက်လုံးက တစ်ဦးနဲ့တစ်ဦး အရမ်းကိုချစ်ခင်ကြပြီး အပြန်အလှန် ဖေးမကူညီရင်း အခုအချိန်ထိကို အတူတကွနေထိုင်နေကြတာပါ။ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက်နေ့ကတော့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာ (၁၀)လပြည့်မြောက်ခဲ့တဲ့နေ့လေးပဲဖြစ်ပါတယ်။ဖခင်ကွယ်လွန်ခြင်း (၁၀)လပြည့်အနေနဲ ကောင်းမှုတွေပြုလုပ်ပေးခဲ့ပါသေးတယ်။ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး ဘုရားကို ဆွမ်းထမင်း၊ဆွမ်းဟင်းကပ်လှူခဲ့တဲ့ အပြင် ဘုန်းဘုန်းကို ဆွမ်းထမင်းဟင်း နဲ့ သင်္ကန်းတို့ကို ကပ်လှူပေးခဲ့တာပါ။

လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ညီမနှစ်ဦးဟာ ဖခင်ဖြစ်သူ ရောဂါဝေဒနာခံစားနေရကာ နာမကျန်းဖြစ်နေစဉ်ကာလကတည်းက ပြုစုစောင့်ရှောက်မှုတွေ အပြည့်အဝရှိခဲ့ပြီး သားသမီးဝတ်တရားလည်း ကျေပွန်ခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဖခင်အတွက် ရည်းစူးပြီး အလှူအတန်းတွေပြုလုပ်ပေးနေတဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ဦးရဲ့ အလှူလေးကို ထပ်တူထပ်မျှ သာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။

Source : Lin Zarni Zaw, Chit Chit Zaw
Chilli – CeleGabar
ဇော်ဂျီဗားရှင်း။





Chilli – CeleGabar
ဇော်ဂျီဗားရှင်း။

x