ညဘက် ခေါက်ဆွဲပြုတ်စားတာကို live လွှင့်ရင်း အဆဲအဆို commentရေးသူတွေကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ စူးရှထက်

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်ချောလေးတွေထဲက တစ်ဦးဖြစ်တဲ့ Sexyမော်ဒယ်မလေး စူးရှထက်ကို ပရိသတ်တွေသိကြမှာပါ။ အရမ်းကို ဟော့တဲ့ အလန်းစားပုံရိပ်တွေနဲ့ ဖမ်းစားတတ်တဲ့ မော်ဒယ်မလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ဖြစ်တဲ့အပြင် ပေပီဆိုပြီး ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။

အတွင်းသားတွေကို လှစ်ဟပြထားတဲ့ ပေပီရဲ့ ပုံရိပ်တွေကလည်း ကြည့်မိသူတိုင်းကို ရင်ဖိုလောက်အောင် ဆွဲဆောင်နိုင်သူမို့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းတဲ့ သူလေးပါ။ လက်ရှိမှာဆိုရင်လည်း အနုပညာလမ်းကြောင်းမှာ ခပ်သွက်သွက်နဲ့ လျှောက်လှမ်းနေပြီး အလုပ်သဘောအရ Sexyဆန်ဆန် ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်ခံရပေမယ့်လည်း သူအမာခံပရိသတ်တွေရဲ့ အားပေးမှုတွေကတော့ အများအပြားရှိနေပါတယ်။

 

အခုလည်း သာယာတဲ့ ညချမ်းလေးမှာ ရိုးရိုးရှင်းရှင်းပုံလေးနဲ့ ခေါက်ဆွဲပြုတ်စားနေတာလေးကို သူမရဲ့ ချစ်ပရိသတ်တွေအတွက် Liveလွှင့်ရင်း သူမကို ပြင်းထန်စွာ ပြောဆိုကြတဲ့ သူတွေကို ပညာသားပါပါနဲ့ မကောင်းတာတွေ မပြောဆိုကြဖို့အတွက် တောင်းဆိုထားကြတာဖြစ်ပါတယ်။ “ကိုယ့်ရဲ့ စိတ်နှလုံးက ဖြူမှ အပြင်စိတ်က လှတာ” ဆိုပြီး ဘာမှအကြောင်းပြချက်မရှိပဲ အမုန်းပွားနေတဲ့ သူတွေကို ပေပီက ပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါနော်။

Source:Sue Sha Htet

NORA:CeleGabar

(Zawgyiဖြင့်ဖတ်ရန်)


 




error: Content is protected !!