ဂျပန်ဝတ်စုံနဲ့ ဂျပန်မလေးတွေ အသည်းနှလုံးကို ဖမ်းစားအုံးမယ့် မော်ဒယ်မင်းသားချော ပိုင်တံခွန်

မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေကို အကြည့်တွေနဲ့တင် ဖမ်းစားထားတဲ့ မော်ဒယ်မင်းသားချော ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာ အောင်မြင်ရုံသာမက ထိုင်းမလေးတွေကြားမှာ ပါ သည်းသည်းလှုပ်အချစ်ခံနေရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ထိုင်းနိုင်ငံနဲ့ အတူ ကြော်ငြာတွေကို ပူးပေါင်းရိုက်ကူးလျက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာကို မြင်တွေ့ရမှာပါ။

ဘာဝတ်ဝတ်စတိုင်ကျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်းရဲ့ အိမ်မက်ထဲက ကောင်လေးလို့ ပြစ်ချက်မရှိအောင် ပြည့်စုံနေတဲ့ ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှုတွေက မြွေတစ်ကောင်လို့ အဆိတ်ပြင်းသူတစ်ယောက်ပါ။ လက်ရှိမှာတော့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတဲ့ ပိုင်တံခွန်ရဲ့ ကြိုးစားမှုပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ။

 

မော်ဒယ် မင်းသားချော ပိုင်တံခွန်ကတော့ မြန်မာမလေးတွေနဲ့ ထိုင်းမလေးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းရုံနဲ့ အားမရသေးပဲ ဂျပန်စတိုင်ပုံစံလေးနဲ့ ဂျပန်မလေးတွေကြွေရသူဖြစ်လာအုံးမယ့် ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ အားလုံးရဲ့ အချစ်တွေကို အပိုင်သိမ်းထားတဲ့ ပိုင်တံခွန်ရဲ့ ဂျပန်ဝတ်စုံနဲ့ နှလုံးသားတွေ ထိန်းရခက်အောင် ခုန်သွားစေမယ့် ဗီဒီယိုလေးကို တင်ပေးလိုက်ပါပြီ…ပရိသတ်ကြီးရေ။

Source:PaingTakhon

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!