” ဆယ်ကျော်သက်အရွယ်ကပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ အေသင်ချိုဆွေ “

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက် ဖြစ်တဲ့အပြင် အခုချိန်ထိ ပရိသတ်တွေချစ်ခင်အားပေးခံနေရသူတစ်ယောက်လို့ ဆိုရမှာပါ။ နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပါနော်။

လက်ရှိမှာတော့ Ivyလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ Ivyလေးကတော့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲနော်။

ဒီနေ့မှာတော့ အပျိုဘဝက ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။” ဟို ယခင် ဂျူံးဂျူံး ကျခဲ့စဉ် ငါ့ညီမ က ဒေါင်း မျိုးနော်။အသက်ကြီးလေ လှလေ၊ကြီးလေ လှလေ ဆိုတော့ ကြီးလှလို့ ပြောင်းခေါ်မယ်နော် ယူ ” ဆိုပြီး ဟိုးအရင် ဆယ်ကျော်သက်အရွယ်ကပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။CeleGabar ပရိသတ်ကြီးလည်း အေသင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Athen Cho Swe
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source :Athen Cho Swe
Shwe Poe – CeleGabar

error: Content is protected !!