All Blackနဲ့ ရင်လှိုက်ဖိုလောက်အောင် ဆွဲဆောင်လိုက်ပြန်တဲ့ သင်ဇာ
ပုရိသတွေရဲ့ နှလုံးသားထဲမှာ အမြဲဝန်းရံမှုတွေအပြည့်ရရှိထားတဲ့ သင်ဇာက သစ်လွင်တဲ့ ဒီဇိုင်းတွေနဲ့ ပရိသတ်တွေကို မရိုးရအောင် ဆွဲဆောင်နေသူလေးတစ်ယောက်ပါ။ အနုပညာလောကမှာ ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ ပြောလို့ရအောင် အောင်မြင်ကျော်ကြားမှုတွေကို များစွာပိုင်ဆိုင်ရရှိထားတဲ့ မင်းသမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိမှာဆိုရင်လည်း ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားချင်ကို ခံနေရတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးကို ကြိုးစားရိုက်ကူးနေပြီဖြစ်ပြီး ပရိသတ်တွေ စိတ်မပျက်ရအောင် အကောင်းဆုံး ဇာတ်ကားတစ်ကားအဖြစ် ချပြနိုင်ဖို့အတွက် သင်ဇာ့ရဲ့ ကြိုးစားမှုပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သင်ဇာက ဘယ်လိုပုံစံဝတ်ဝတ် မြင်သူတိုင်းငေးရလောက်တဲ့ အလှကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
အခုလည်း ပရိသတ်တွေ တခါမှမြင်ဖူးသေးတဲ့ All Black လေးနဲ့ ရင်တွေ တဒုတ်ဒုတ်နဲ့ ခုန်ရလောက်အောင် ဆွဲဆောင်နေတဲ့ သင်ဇာရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ အနက်ရောင် ဝတ်စုံနဲ့ ခပ်ပြင်းပြင်းဆွဲဆောင်နေတဲ့ သင်ဇာရဲ့ ပုံရိပ်တွေက အလှဘုရင်မတစ်ပါးလို ဆွဲဲဆောင်မှုတွေပြင်းထန်နေတာကို မြင်တွေ့ရမှာပါ။ သင်ဇာကို ချစ်တဲ့ ပရိသတ်တွေအတွက် အရမ်း အရမ်းကို မိုက်နေတဲ့ သင်ဇာ့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါပြီ…ချစ်ပရိသတ်ကြီးရေ။
Source:Thinzar Wint Kyaw
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)
error: Content is protected !!