မီးနီကိုဖြတ်ကူးခဲ့တဲ့ပုံရိပ်ကြောင့် အကြီးအကျယ်ဝေဖန်ခံနေရတဲ့ မင်းသားချော Lee Dong Wook

မဒီလေးတို့ရဲ့အသည်းကျော်”ဦး”တွေထဲမှာတော့ Lee Dong Wook တစ်ယောက်အပါအဝင်ပါ။မင်းသားဟာ “My Girl” “Hotel King” စတဲ့ဇာတ်ကားတွေမှာ ပရိသတ်အချစ်ကိုရရှိထားရုံသာမက မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “Goblin” ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်အကြိုက်တွေ့စေသူပါ။ဒါ့အပြင် အသက်(၃၇)နှစ်လို့မထင်ရအောင်နုပျိုချောမောနေသူကြီးလည်းဖြစ်ပါတယ်။


အခုရက်ပိုင်းမှာတော့ မင်းသားရဲ့မထင်မှတ်တဲ့အပြုအမူတစ်ခုကြောင့် အကြီးအကျယ်ကိုဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ မီးနီနေတုန်းမှာ လမ်းကိုဖြတ်ကူးတာကြောင့်ပါပဲ။မင်းသားဟာနိုင်ငံခြားခရီးစဉ်တစ်ခုကြောင့်မနက်စောစောမှာ လေဆိပ်ကိုရောက်ရှိလာခဲ့တာပါ။ဆယ်လီတို့ရဲ့ထုံးစံအတိုင်း သတင်းသမားတွေရဲ့ဓာတ်ပုံမှာပါဝင်ပြီးတဲ့နောက် ဝေဖန်ခံခဲ့ရတာပါ။


မင်းသားဟာမီးနီနေတာကို သတိထားမိဟန်မရှိဘဲ ဘောဒီဂတ်ရဲ့အနောက်ကိုလိုက်ပြီးလမ်းဖြတ်ကူးခဲ့တာပါ။ မီးနီနေသေးတာကိုသတိထားမိသွားချိန်မှာတော့ လမ်းမရဲ့တစ်ဖက်ခြမ်းကိုခပ်မြန်မြန်လေးကူးခဲ့ပါတယ်။ အဲ့ဒီပုံရိပ်တွေဟာ အင်တာနက်မှာပျံ့နှံ့ပြီး ပွဲဆူစေခဲ့ပါပြီ။


စံပြဖြစ်တဲ့လူတစ်ယောက်အနေနဲ့ဒီလိုစည်းကမ်းချိုးဖောက်တာမသင့်တော်ဘူးဆိုပြီး ပြောတဲ့သူတွေရှိသလို ကားတွေမရှိတာကြောင့်လမ်းဖြတ်ကူးတာဟာကိစ္စမရှိဘူးလို့ သူ့ဘက်ကရပ်တည်ပြီးပြောတဲ့သူတွေလည်းရှိနေပါတယ်။Cele Gabar ပရိသတ်ကြီးရေ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုထင်ပါသလဲနော်…
Source:koreaboo
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

မီးနီကိုျဖတ္ကူးခဲ့တဲ့ပုံရိပ္ေၾကာင့္ အႀကီးအက်ယ္ေဝဖန္ခံေနရတဲ့ မင္းသားေခ်ာ Lee Dong Wook
မဒီေလးတို႔ရဲ႕အသည္းေက်ာ္”ဦး”ေတြထဲမွာေတာ့ Lee Dong Wook တစ္ေယာက္အပါအဝင္ပါ။မင္းသားဟာ “My Girl” “Hotel King” စတဲ့ဇာတ္ကားေတြမွာ ပရိသတ္အခ်စ္ကိုရရွိထား႐ုံသာမက မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ “Goblin” ဇာတ္လမ္းတြဲနဲ႔လည္း ပရိသတ္အႀကိဳက္ေတြ႕ေစသူပါ။ဒါ့အျပင္ အသက္(၃၇)ႏွစ္လို႔မထင္ရေအာင္ႏုပ်ိဳေခ်ာေမာေနသူႀကီးလည္းျဖစ္ပါတယ္။


အခုရက္ပိုင္းမွာေတာ့ မင္းသားရဲ႕မထင္မွတ္တဲ့အျပဳအမူတစ္ခုေၾကာင့္ အႀကီးအက်ယ္ကိုေဝဖန္ခံေနရတာလည္းျဖစ္ပါတယ္။အဲ့ဒါကေတာ့ မီးနီေနတုန္းမွာ လမ္းကိုျဖတ္ကူးတာေၾကာင့္ပါပဲ။မင္းသားဟာႏိုင္ငံျခားခရီးစဥ္တစ္ခုေၾကာင့္မနက္ေစာေစာမွာ ေလဆိပ္ကိုေရာက္ရွိလာခဲ့တာပါ။ဆယ္လီတို႔ရဲ႕ထုံးစံအတိုင္း သတင္းသမားေတြရဲ႕ဓာတ္ပုံမွာပါဝင္ၿပီးတဲ့ေနာက္ ေဝဖန္ခံခဲ့ရတာပါ။


မင္းသားဟာမီးနီေနတာကို သတိထားမိဟန္မရွိဘဲ ေဘာဒီဂတ္ရဲ႕အေနာက္ကိုလိုက္ၿပီးလမ္းျဖတ္ကူးခဲ့တာပါ။ မီးနီေနေသးတာကိုသတိထားမိသြားခ်ိန္မွာေတာ့ လမ္းမရဲ႕တစ္ဖက္ျခမ္းကိုခပ္ျမန္ျမန္ေလးကူးခဲ့ပါတယ္။ အဲ့ဒီပုံရိပ္ေတြဟာ အင္တာနက္မွာပ်ံ႕ႏွံ႔ၿပီး ပြဲဆူေစခဲ့ပါၿပီ။


စံျပျဖစ္တဲ့လူတစ္ေယာက္အေနနဲ႔ဒီလိုစည္းကမ္းခ်ိဳးေဖာက္တာမသင့္ေတာ္ဘူးဆိုၿပီး ေျပာတဲ့သူေတြရွိသလို ကားေတြမရွိတာေၾကာင့္လမ္းျဖတ္ကူးတာဟာကိစၥမရွိဘူးလို႔ သူ႔ဘက္ကရပ္တည္ၿပီးေျပာတဲ့သူေတြလည္းရွိေနပါတယ္။Cele Gabar ပရိသတ္ႀကီးေရ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘယ္လိုထင္ပါသလဲေနာ္…
Source:koreaboo
Sweet – CeleGabar

error: Content is protected !!