လှလည်းလှသလောက် အစားပုတ်တဲ့အစားတလိုင်းတွေဖြစ်ကြောင်းပြောပြလိုက်တဲ့ မိုးဟေကိုနဲ့ခိုင်သင်းကြည်

ပရိသတ်ကြီးရေ ဖန်သားပြင်ပေါ်မှာလှလှပပတွေ့မြင်ရလေ့ရှိတဲ့မင်းသမီးတွေကိုတော့ အစားမသောင်းကျန်းဘူးလို့ထင်ကြပါလိမ့်မယ်။ကိုယ်ခန္ဓာအချိုးအစားလှလှလေးတွေကိုပိုင်ဆိုင်ထားတာဟာ အစားရှောင်လို့များလားပေါ့။နာမည်ကြီးမင်းသမီးတွေလည်းဖြစ်သလို အသက်အရွယ်နဲ့မလိုက်အောင်လှပနုပျိုတဲ့ မင်းသမီးတွေဖြစ်တဲ့ မိုးဟေကို နဲ့ခိုင်သင်းကြည် တို့ကတော့ အစားတလိုင်းတွေဖြစ်ကြောင်း ပြောပြလိုက်ပါပြီ…။


အင်တာဗျူးတစ်ခုမှာတော့ မိုးဟေကိုက မခိုင်လေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့လူငယ်တွေနဲ့ သဘာဝကျကျနေတတ်တဲ့ မာန်မာနမရှိတာလေးကြောင့် ချစ်စရာကောင်းတယ်လို့ဆိုပါတယ်။ မခိုင်လေးကတော့ အပြင်ပန်းမှာမာနကြီးတယ်ထင်ရပေမဲ့ မိုးဟေကိုဟာရိုးရှင်းပြီးဖြူစင်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။


မိုးဟေကို နဲ့ခိုင်သင်းကြည်တို့ကတော့ အချင်းချင်းသဘောကျတဲ့အချက်လေးတွေကို ပရိသတ်ကိုပြန်လည်မျှဝေခဲ့ပြီး သူတို့နှစ်ဦးစလုံးကတော့ အစားတလိုင်းတွေဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။သူတို့တွေကတော့ အလုပ်မရှိရင်လည်းအပြင်မှာတွေ့ဖြစ်ကြသလို အစားစားတဲ့နေရာမှာလည်း တက်ညီလက်ညီရှိကြပါတယ်။
“နှစ်ယောက်ဆုံရင်အဓိကကတော့ စားတာ….
ကားရိုက်ပြီးသွားရင်လည်း ဘယ်နေရာကစားကောင်းလဲ ဆိုတာမေးပြီးသွားစားကြသေးတာ… ကိုယ့်အခန်းမပါသေးရင်လည်း ဟော့ပေါ့ဆိုင်မှာသွားထိုင်နေကြသေးတာ” လို့ရယ်ရယ်မောမောနဲ့ ပြောထားကြပါတယ်။ အစားတလိုင်းလား ဆိုတဲ့မေးခွန်းကို “ဟုတ်တယ် အစားတလိုင်း” လို့လည်း ပြောထားပါသေးတယ်။


မခိုင်လေးဟာ အနုပညာလောကမှာ ဝါရင့်တစ်ယောက်ဖြစ်သလို အသက်နဲ့မလိုက်အောင်နုပျိုလှပဆဲ နာမည်ကြီးမင်းသမီးတစ်လက်ပါ။မိုးဟေကိုကလည်းအလှမှာဆိုရင် စာဖွဲ့လို့တောင်မမီနိုင်လောက်အောင် လှရက်လွန်းတဲ့သူတစ်ယောက်ပါ။သူတို့တွေက အားတလိုင်းဖြစ်ကြလိမ့်မယ်လို့ Cele Gabar ပရိသတ်ကြီးကော ထင်မိကြလားနော်…။
Source:exclusive on Cele Gabar
Photo :Moe Hay Ko,Khine Thin Kyi
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

လွလည္းလွသေလာက္ အစားပုတ္တဲ့အစားတလိုင္းေတြျဖစ္ေၾကာင္းေျပာျပလိုက္တဲ့ မိုးေဟကိုနဲ႔ခိုင္သင္းၾကည္
ပရိသတ္ႀကီးေရ ဖန္သားျပင္ေပၚမွာလွလွပပေတြ႕ျမင္ရေလ့ရွိတဲ့မင္းသမီးေတြကိုေတာ့ အစားမေသာင္းက်န္းဘူးလို႔ထင္ၾကပါလိမ့္မယ္။ကိုယ္ခႏၶာအခ်ိဳးအစားလွလွေလးေတြကိုပိုင္ဆိုင္ထားတာဟာ အစားေရွာင္လို႔မ်ားလားေပါ့။နာမည္ႀကီးမင္းသမီးေတြလည္းျဖစ္သလို အသက္အ႐ြယ္နဲ႔မလိုက္ေအာင္လွပႏုပ်ိဳတဲ့ မင္းသမီးေတြျဖစ္တဲ့ မိုးေဟကို နဲ႔ခိုင္သင္းၾကည္ တို႔ကေတာ့ အစားတလိုင္းေတြျဖစ္ေၾကာင္း ေျပာျပလိုက္ပါၿပီ…။


အင္တာဗ်ဴးတစ္ခုမွာေတာ့ မိုးေဟကိုက မခိုင္ေလးဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔လူငယ္ေတြနဲ႔ သဘာဝက်က်ေနတတ္တဲ့ မာန္မာနမရွိတာေလးေၾကာင့္ ခ်စ္စရာေကာင္းတယ္လို႔ဆိုပါတယ္။ မခိုင္ေလးကေတာ့ အျပင္ပန္းမွာမာနႀကီးတယ္ထင္ရေပမဲ့ မိုးေဟကိုဟာ႐ိုးရွင္းၿပီးျဖဴစင္တဲ့ သူတစ္ေယာက္ျဖစ္တယ္လို႔ ဆိုပါတယ္။


မိုးေဟကို နဲ႔ခိုင္သင္းၾကည္တို႔ကေတာ့ အခ်င္းခ်င္းသေဘာက်တဲ့အခ်က္ေလးေတြကို ပရိသတ္ကိုျပန္လည္မွ်ေဝခဲ့ၿပီး သူတို႔ႏွစ္ဦးစလုံးကေတာ့ အစားတလိုင္းေတြျဖစ္ေၾကာင္း ေျပာခဲ့ပါေသးတယ္။သူတို႔ေတြကေတာ့ အလုပ္မရွိရင္လည္းအျပင္မွာေတြ႕ျဖစ္ၾကသလို အစားစားတဲ့ေနရာမွာလည္း တက္ညီလက္ညီရွိၾကပါတယ္။
“ႏွစ္ေယာက္ဆုံရင္အဓိကကေတာ့ စားတာ….
ကား႐ိုက္ၿပီးသြားရင္လည္း ဘယ္ေနရာကစားေကာင္းလဲ ဆိုတာေမးၿပီးသြားစားၾကေသးတာ… ကိုယ့္အခန္းမပါေသးရင္လည္း ေဟာ့ေပါ့ဆိုင္မွာသြားထိုင္ေနၾကေသးတာ” လို႔ရယ္ရယ္ေမာေမာနဲ႔ ေျပာထားၾကပါတယ္။ အစားတလိုင္းလား ဆိုတဲ့ေမးခြန္းကို “ဟုတ္တယ္ အစားတလိုင္း” လို႔လည္း ေျပာထားပါေသးတယ္။


မခိုင္ေလးဟာ အႏုပညာေလာကမွာ ဝါရင့္တစ္ေယာက္ျဖစ္သလို အသက္နဲ႔မလိုက္ေအာင္ႏုပ်ိဳလွပဆဲ နာမည္ႀကီးမင္းသမီးတစ္လက္ပါ။မိုးေဟကိုကလည္းအလွမွာဆိုရင္ စာဖြဲ႕လို႔ေတာင္မမီႏိုင္ေလာက္ေအာင္ လွရက္လြန္းတဲ့သူတစ္ေယာက္ပါ။သူတို႔ေတြက အားတလိုင္းျဖစ္ၾကလိမ့္မယ္လို႔ Cele Gabar ပရိသတ္ႀကီးေကာ ထင္မိၾကလားေနာ္…။
Source:exclusive on Cele Gabar
Photo :Moe Hay Ko,Khine Thin Kyi

x
error: Content is protected !!