” ငြိမ်းချမ်းရေးကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်တိုက်သစ်အတွက် ငွေကျပ် (၁၁)သိန်းကျော် ပါဝင်လှူဒါန်းခဲ့တဲ့ မြညိုလေး “

မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးလို့ ဆိုနိုင်ပါတယ်။ မြညိုလို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး”ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။ လက်ရှိမှာလည်း MRTV- (4 ) မှာ ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပြန်ပါသေးတယ်။

ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။မကြာသေးမီကလည်း ငွေဆောင်ကမ်းခြေ သို့ သွားရောက်ကာအနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။အလှူအတန်းဝါသနာပါတဲ့ မြညိုလေးကတော့ ရရင်ရသလို အလှူအတန်းတွေပြုလုပ်တတ်သူလေးပါနော်။ အခုလည်း သူမအရမ်းကို လှူချင်ခဲ့တဲ့ ကျောင်းဆောက်လုပ်လှူဒါန်းရာမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ပါဝင်ဖို့ ဆော်သြခဲ့တာ ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း အင်တိုက်အားတိုက်ပါဝင်လှူဒါန်းခဲ့ကြောင်းကို ” ပထမအကြိမ်အနေနဲ့ (၁၁)သိန်း (၄)သောင်း (၅)ထောင်ကို နဝကမ္မအလှူငွေအဖြစ် ငြိမ်းချမ်းရေးကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်တိုက်သစ်အတွက် လှူဒါန်းနိုင်ခဲ့ပါပြီရှင်။စိတ်ထဲကအရမ်းလှူချင်နေတဲ့အချိန် ပါဝင်ကုသိုလ်ယူပေးကြတဲ့ ကျေးဇူးရှင်ပရိသတ် (၇)ရက်သားသမီးတွေနဲ့ အမာခံအမျိုးတွေကို တကယ်အရမ်းကျေးဇူးတင်ပါတယ်ရှင်။ပြုသမျှကုသိုလ်များအားလုံးကို အမျှပေးဝေပါတယ် သာဓုခေါ်ဆိုပြီး ကြည်နူးပီတိရကြပါစေရှင့်။နောက်ထပ်လည်း ပါဝင်လှူဒါန်းပေးကြဖို့လည်း နှိုးဆော်ပါရစေရှင့်။ ” ဆိုကာ လှူဒါန်းမှုပုံရိပ်တွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source : Myat Thu Thu Zin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ၿငိမ္းခ်မ္းေရးေက်ာင္းတိုက္ ႏွစ္ထပ္ေက်ာင္းေဆာင္တိုက္သစ္အတြက္ ေငြက်ပ္ (၁၁)သိန္းေက်ာ္ ပါဝင္လွဴဒါန္းခဲ့တဲ့ ျမညိဳေလး ”

မင္းသမီးေလး ျမတ္သူသူဇင္ ကေတာ့” ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ ျမညိဳဆိုတဲ့ဇာတ္ေကာင္နဲ႔ ဇာတ္လမ္းတြဲမင္းသမီးေလးဆိုကာ ပရိသတ္အားေပးမႈ အျပည့္အဝရရွိလာခဲ့တဲ့ သူေလးလို႔ ဆိုႏိုင္ပါတယ္။ ျမညိဳလို႔ ပရိသတ္ေတြမသိခင္ကတည္းက “ကံကံ၏အက်ိဳး”ဇာတ္လမ္းတြဲ ၊ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ ၊တို႔အျပင္ ဝကၤပါစံအိမ္ဇာတ္လမ္းတြဲေတြပါ တို႔မွာပါဝင္ခဲ့တဲ့သူေလးပါ။ လက္ရွိမွာလည္း MRTV- (4 ) မွာ ျပသလ်က္ရွိတဲ့ တတိယေျမာက္ဆုံမွတ္ ဇာတ္လမ္းတြဲမွာ ” ယြန္းေမခ” အျဖစ္ပါဝင္ထားျပန္ပါေသးတယ္။

႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္သူေလးျဖစ္တဲ့အျပင္ ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံတတ္သူေလးပဲ ျဖစ္တာေၾကာင့္ ရန္ကုန္ပရိသတ္ေတြသာမက နယ္ပရိသတ္ေတြပါ အားေပးခ်စ္ခင္ေနၾကတာပါေနာ္။မၾကာေသးမီကလည္း ေငြေဆာင္ကမ္းေျခ သို႔ သြားေရာက္ကာအႏုပညာအလုပ္ေတြ လုပ္ေဆာင္ခဲ့ပါေသးတယ္။အလွဴအတန္းဝါသနာပါတဲ့ ျမညိဳေလးကေတာ့ ရရင္ရသလို အလွဴအတန္းေတြျပဳလုပ္တတ္သူေလးပါေနာ္။ အခုလည္း သူမအရမ္းကို လႉခ်င္ခဲ့တဲ့ ေက်ာင္းေဆာက္လုပ္လႉဒါန္းရာမွာ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြကိုလည္း ပါဝင္ဖို႔ ေဆာ္ၾသခဲ့တာ ျဖစ္ၿပီး သူမကိုယ္တိုင္ကလည္း အင္တိုက္အားတိုက္ပါဝင္လွဴဒါန္းခဲ့ေၾကာင္းကို ” ပထမအႀကိမ္အေနနဲ ႔ (၁၁)သိန္း (၄)ေသာင္း (၅)ေထာင္ကို နဝကမၼအလႉေငြအျဖစ္ ၿငိမ္းခ်မ္းေရးေက်ာင္းတိုက္ ႏွစ္ထပ္ေက်ာင္းေဆာင္တိုက္သစ္အတြက္ လွဴဒါန္းႏိုင္ခဲ့ပါၿပီရွင္။စိတ္ထဲကအရမ္းလွဴခ်င္ေနတဲ့အခ်ိန္ ပါဝင္ကုသိုလ္ယူေပးၾကတဲ့ ေက်းဇူးရွင္ပရိသတ္ (၇)ရက္သားသမီးေတြနဲ႔ အမာခံအမ်ိဳးေတြကို တကယ္အရမ္းေက်းဇူးတင္ပါတယ္ရွင္။ျပဳသမွ်ကုသိုလ္မ်ားအားလုံးကို အမွ်ေပးေဝပါတယ္ သာဓုေခၚဆိုၿပီး ၾကည္ႏူးပီတိရၾကပါေစရွင့္။ေနာက္ထပ္လည္း ပါဝင္လွဴဒါန္းေပးၾကဖို႔လည္း ႏႈိးေဆာ္ပါရေစရွင့္။ ” ဆိုကာ လွဴဒါန္းမႈပံုရိပ္ေတြနဲ႕အတူ ေဖာ္ျပခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ျမညိဳေလးရဲ႕ အလွဴေလးအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။

Source : Myat Thu Thu Zin
Shwe Poe – CeleGabar

error: Content is protected !!