Music Video ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်အသစ်ထဲက မိစန္ဒီအကြိုက်ဆုံးအသဲကွဲသီချင်း

နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့မိစန္ဒီကိုတော့ လူတော်တော်များများသိကြမှာပါ။မိစန္ဒီကတော့ လွတ်လပ်ပေ့ါပါးတဲ့ခပ်မိုက်မိုက်စတိုင်တွေကြောင့် တမူထူးခြားတဲ့သူဖြစ်သလို သီချင်းကောင်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရထားသူလည်းဖြစ်ပါတယ်။


အခုဆိုရင်လေးခုမြောက်ဖြစ်တဲ့ “သတ္တိခဲ” ဆိုတဲ့ အယ်လ်ဘမ်ထွက်ရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအယ်လ်ဘမ်မှာပါဝင်တဲ့မိစန္ဒီရဲ့ဈေးဗန်းသီချင်းကလည်း အခုရက်ပိုင်းမှာတော်တော်လေး ရေပန်းစားခဲ့ပါသေးတယ်။အသဲကွဲသီချင်းတွေနဲ့လည်း ပရိသတ်အကြိုက်တွေ့စေသူ မိစန္ဒီကတော့ ဒီအယ်လ်ဘမ်ထဲက သူအကြိုက်ဆုံးသီချင်းဟာ “အသဲကွဲစိတ္တဇ” ပါတဲ့။


ဒီသီချင်းကတော့ အသဲကွဲနေတဲ့ကောင်မလေးတစ်ယောက်ခံစားချက်တွေကို ရေးဖွဲ့ထားတာပါ။ ဒီသီချင်းရဲ့ Official Lyrics ဗွီဒီယိုကိုတော့ အောက်တိုဘာလ(၅) ရက်နေ့ကတင်ပေးထားခဲ့ပါတယ်။ အသဲကွဲနေတဲ့ ကောင်မလေးတွေနဲ့ခံစားချက်ချင်း တိုက်ဆိုင်သွားနိုင်တဲ့ ဒီသီချင်းလေးကတော့ Music Video ထွက်ရှိဖို့အရမ်းကိုနီးကပ်နေပြီဆိုတာကို မိစန္ဒီကပရိသတ်ကိုအသိပေးလိုက်ပြန်ပါပြီ။ ဒီသီချင်းလေးကိုနားထောင်ပြီး ခံစားချက်နဲ့တိုက်ဆိုင်သွားတဲ့သူတွေရှိလား…။
Source:MiSandi
Sweet – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Music Video ထြက္ရွိလာေတာ့မယ့္ အယ္လ္ဘမ္အသစ္ထဲက မိစႏၵီအႀကိဳက္ဆံုးအသဲကြဲသီခ်င္း
နာမည္ႀကီးအဆိုေတာ္တစ္ဦးျဖစ္တဲ့မိစႏၵီကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။မိစႏၵီကေတာ့ လြတ္လပ္ေပ့ါပါးတဲ့ခပ္မိုက္မိုက္စတိုင္ေတြေၾကာင့္ တမူထူးျခားတဲ့သူျဖစ္သလို သီခ်င္းေကာင္းေလးေတြေၾကာင့္ ပရိသတ္အခိုင္အမာရထားသူလည္းျဖစ္ပါတယ္။


အခုဆိုရင္ေလးခုေျမာက္ျဖစ္တဲ့ “သတၱိခဲ” ဆိုတဲ့ အယ္လ္ဘမ္ထြက္ရွိထားတာျဖစ္ပါတယ္။ အဲ့ဒီအယ္လ္ဘမ္မွာပါ၀င္တဲ့မိစႏၵီရဲ႕ေစ်းဗန္းသီခ်င္းကလည္း အခုရက္ပိုင္းမွာေတာ္ေတာ္ေလး ေရပန္းစားခဲ့ပါေသးတယ္။အသဲကြဲသီခ်င္းေတြနဲ႔လည္း ပရိသတ္အႀကိဳက္ေတြ႕ေစသူ မိစႏၵီကေတာ့ ဒီအယ္လ္ဘမ္ထဲက သူအႀကိဳက္ဆံုးသီခ်င္းဟာ “အသဲကြဲစိတၱဇ” ပါတဲ့။


ဒီသီခ်င္းကေတာ့ အသဲကြဲေနတဲ့ေကာင္မေလးတစ္ေယာက္ခံစားခ်က္ေတြကို ေရးဖြဲ႔ထားတာပါ။ ဒီသီခ်င္းရဲ႕ Official Lyrics ဗြီဒီယိုကိုေတာ့ ေအာက္တိုဘာလ(၅) ရက္ေန႔ကတင္ေပးထားခဲ့ပါတယ္။ အသဲကြဲေနတဲ့ ေကာင္မေလးေတြနဲ႔ခံစားခ်က္ခ်င္း တိုက္ဆိုင္သြားႏိုင္တဲ့ ဒီသီခ်င္းေလးကေတာ့ Music Video ထြက္ရွိဖို႔အရမ္းကိုနီးကပ္ေနၿပီဆိုတာကို မိစႏၵီကပရိသတ္ကိုအသိေပးလိုက္ျပန္ပါၿပီ။ ဒီသီခ်င္းေလးကိုနားေထာင္ၿပီး ခံစားခ်က္နဲ႔တိုက္ဆိုင္သြားတဲ့သူေတြရွိလား…။
Source:MiSandi
Sweet – CeleGabar

error: Content is protected !!