” TikTok မှာ မော်ဒယ်လ်မင်းသမီးလေး နော်ဖောအယ်ထား တစ်ယောက်သာ Follow ထားတဲ့ စိုင်းစိုင်းခမ်းလှိုင် “

စိုင်းစိုင်းကတော့ အမျိုးသမီး အရွယ်မျိုးစုံရဲ့ အားပေး နှစ်ခြိုက်ရတဲ့ Hip Hop အဆိုတော် တစ်ဦးပါ။အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။

စိုင်းစိုင်းကတော့ အခုချိန်ထိ သူ့ရဲ့အချစ်ရေးကိစ္စကို ဖွင့်မပြောသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေတာကြောင့်ပရိသတ်တွေကတော့အထူးစိတ်ဝင်စားခြင်းခံရတဲ့သူတွေထဲမှာ စိုင်းစိုင်းအချစ်ရေးကတော့ထိပ်ဆုံးကပါပဲနော်။လက်ရှိမှာလည်း TikTok ကို အနုပညာရှင်တော်တော်များများက ဆော့လာကြတဲ့အထဲမှာ စိုင်းစိုင်းလည်း အပါအဝင်ပါပဲနော်။ စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ စိုငိးစိုင်းရဲ့ TikTok အကောင့်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေရှိနေတာပါနော်။

အကြောင်းကတော့ စိုင်းစိုင်းရဲ့ TikTok အကောင့်မှာ စိုင်းစိုင်း Follow ထားသူတစ်ယောက်ပဲ ရှိနေတာပါ။ Follow ထားတဲ့သူကလည်း ပရိသတ်တွေ သိပြီးသားဖြစ်တဲ့ မော်ဒယ်လ်မင်းသမီးလေး နော်ဖောအယ်ထား တစ်ယောက်သာ Follow ထားတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောပရိသတ်တွေအထူးစိတ်ဝင်စားခံနေရတယ်လို့လည်း ဆိုရမှာ ဖြစ်ပြီး မော်ဒယ်လ်မင်းသမီးလေး နော်ဖောအယ်ထား ရဲ့ TikTok အကောင့်မှာလည်း ယောကျာ်းလေးဆိုလို့ စိုင်းစိုင်းတစ်ယောက်ကိုသာ Follow ထားတာကြောင့် ပရိသတ်တွေ အံ့သြနေကြတယ်လို့ ဆိုရမှာပါ။ CeleGabar ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Sai Sai Kham Leng
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!