“နိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံခြားမှာ သီချင်းသီဆိုရမယ့် ခါရာ”

ခါရာကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး လက်ရှိမှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။MRTV-4ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မနေ့ကဖြစ်သည်(၂)”ရုပ်သံဇာတ်လမ်းတွဲမှာ ရဲတစ်ယောက်အနေနဲ့ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တာလည်း အမှန်ပါ။ဆွဲဆောင်မှုအပြည့်နဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း “လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ရဲတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ထပ်မံပါဝင်ရိုက်ကူးထားပြီး “လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ရုပ်သံဇာတ်လမ်းတွဲကြီးမှာပါဝင်သရုပ်ဆောင်ထားတဲ့ ခါရာရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ခါရာဟာ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ သီချင်းသွားရောက်သီဆိုဖျော်ဖြေရမှာဖြစ်တဲ့ အကြောင်းကို

“နိုင်ငံရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တစ်ခြားနိုင်ငံကိုသွားရင် သီချင်းဆိုရမယ်ဆိုရင် ဘာသီချင်းဆိုသင့်လဲ၊ အားလုံးသိတဲ့ English သီချင်းဆိုရင်ဘာသီချင်းဆိုရမလဲ၊ မြန်မာသီချင်းဆိုရင် ကော”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပြီး ဘယ်လိုသီချင်းမျိုးကို သီဆိုရင်ကောင်းမလဲဆိုတာကိုလည်း အားပေးတဲ့ ပရိသတ်တွေထံမှာ မေးမြန်းအကူညီတောင်းထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နိုင်ငံခြားမှာ သီချင်းသွားရောက်သီဆိုရမှာမို့ သီချင်းရွေးနေတဲ့ မင်းသားချောလေး ခါရာကို သီချင်းလေး ကူရွေးပေးလိုက်ကြပါဦး။

Source : Khar Ra
Chilli – CeleGabar
ဇော်ဂျီဇားရှင်းဖြင့်ဖတ်ရန်။





Source : Khar Ra
Chilli – CeleGabar

x
error: Content is protected !!