” စက်ရုပ်ပေါ်က ဖက်ရှင်အမိုက်စား ဖိုက်တာမလေးအသွင်နဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုဖိုင် “

သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ယောက်ျားလေးပရိသတ်တွေသာမက လူကြီးလူငယ်မရွေးနှစ်သက်အားပေးခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုရမှာပါ။ သူမရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆု နှစ်ဆုကိုသိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်။ကိုရီးယားမင်းသမီးတွေလို လှပပြီးချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စဖွယ်အမူအရာလေးတွေကြောင့် ချစ်စနိုးနဲ့”ရွှေကစ်” ဆိုပြီး တင်စားခေါ်ဝေါ်ခံရတဲ့ မင်းသမီးတစ်လက်ပါ။

လက်ရှိမှာတော့ မင်းသမီးချောလေး ရွှေကစ်ဟာ မွေးနေ့ဒင်နာပွဲတစ်ခုမှာ ကလေးလေးတစ်ယောက်လို စက်ရုပ်ပေါ်မှာ ဆော့ကစားခဲ့တဲ့ ဗီဒီယိုလေးကြောင့် ပရိသတ်တွေကလည်း အသည်းယားကာ အချစ်ပိုနေတာပါ။စိတ်ပျို ကိုယ်နုဆိုသလိုပဲ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ရွှေကစ်လေးကတော့ စက်ရုပ်ပေါ်မှာဆော့ နေတဲ့ ဗီဒီယိုင်လေးအပြင် ချစ်တဲ့ပရိသတ်တွေကို လည်း ” မချစ်ရင် ပစ်မှာ ” ဆိုပြီး စနောက်ခဲ့ပါသေးတယ်။

ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးရဲ့ ဖက်ရှင်ဟာလည်း အမိုက်စားဖြစ်ကာ စက်ရုပ်ပေါ်က ဖိုက်တာမလေး တစ်ဦးနဲ့တူနေတဲ့အပြင် အမျိုးသားပရိသတ်တွေကတော့ ရွှေကစ်ရဲ့မချစ်ရင်ပစ်မှာ ဆိုတဲ့ စကားလေးကို ချစ်ပါတယ်ဆိုတဲ့ မှတ်ချက်တွေအများအပြားဖြေကြားနေကြတာလည်းတွေ့ရပါတယ်။ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေလည်း မှတ်ချက်တွေပေးနေတာတွေ့ရပါတယ်။ CeleGabar ပရိသတ်ကြီးရော ရွှေကစ်လေးရဲ့ မချစ်ရင်ပစ်မယ်ဆိုတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ချစ်လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Wutt Hmone Shwe Yi
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!